ကလေးတွေ ခန္ဓာကိုယ်ဖွံဖြိုးကြီးထွားလာအောင် စားသင့်တဲ့အစားအစာများ

သင့်ကလေးကို ကျန်းမာပြီး ပျော်ရွှင်စေတယ်မလား။ အဲ့ဒါဆိုရင်တော့ ဒီအစားအစာတွေကိုကျွေးပေးပါ။ ကလေးက စားချင်သည့်ဖြစ်စေ၊ မစားချင်သည့်ဖြစ်စေ အကျင့်လုပ်ပြီးကျွေးပေးပါ။ အဲ့ဒါမှ သင့်ကလေး ကျန်းမားထွားကြံ့လာမှာပါ။

၁။ နွားနို့

ကလေးတွေအတွက် အကောင်းဆုံးအားဖြစ်စေတာကတော့ နွားနို့ပဲဖြစ်ပါတယ်။ နွားနို့မှာပါဝင်တဲ့ ကယ်ဆီယမ်နဲ့phosphorous တို့ကြောင့် အရိုးကိုသန်မာစေပြီး သွားတွေကိုလည်း ခိုင်မာစေပါတယ်။ ကလေးတွေကို မနက်တိုင်း တစ်ခွက်စီနဲ့ ညအိပ်ယာဝင်ခါနီး တစ်ခွက်စီတိုက်ပေးပါ။ ညဘက် နွားနို့သောက်တာကလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ နွားနို့မှာ အရိုးအတွက် ဗီတာမင် ဒီ ဓာတ်လည်းပါဝင်ပါသေးတယ်။

၂။ ပန်းပွင့်စိမ်း

အသီးအရွက်တွေထဲမှာ ပန်းပွင့်စိမ်းက အာဟာရအရှိဆုံးပါ။ လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် ပန်းပွင့်စိမ်းကိုစားပေးသင့်ပါတယ်။ ဖွံဖြိုးနေဆဲဖြစ်တဲ့ကလေးတွေကို ပန်းပွင့်စိမ်းများများကျွေးပေးပါ။ ပန်းပွင့်စိမ်းမှာ ကယ်ဆီယမ်ဓာတ်ပါဝင်တာကြောင့် မျက်လုံးအားကောင်းစေပြီး ကျန်းမာရေးကိုလည်းကောင်းစေပါတယ်။ ပန်းပွင့်စိမ်းမှာပါတဲ့ဓာတ်တွေကတော့ သံဓာတ်၊magnesium ၊ phosphorus ၊ potassium ၊ zinc နဲ့ folic acid တို့ဖြစ်ပါတယ်။ အစားချေဖျက်မှုစနစ်နဲ့ အာရုံကြော အားကိုကောင်းစေတဲ့ ဗီတာမင် ဘီတို့ပါဝင်ပါတယ်။

READ
ရှူးရှဲ လျှာဂျွမ်းပြန် ငပိထောင်းလုပ်နည်း

၃။ ကြက်ဥ

ကလေးတွေအတွက် ကြက်ဥက အကောင်းဆုံးအစားအစာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကြက်ဥမှာ ပရိုတင်းဓာတ်တွေ များစွားပါဝင်နေလို့ပါ။ ကြက်ဥမှာ ဗီတာမင် ဘီ၊ omega-3 fatty acids ၊ ဗီတာမင် ဒီ ၊ သံဓာတ်၊ folate ၊ zinc ၊selenium တို့ ပါဝင်ပြီး မှတ်ဥာဏ်အားကိုကောင်းစေတဲ့အတွက် ကလေးတွေကိုနေ့တိုင်းကျွေးသင့်ပါတယ်။ ကလေးတွေကို မနက်တိုင်းကြက်ဥ နှစ်လုံးကျွေးပေးပါ။

၎။ ငါး

ငါးများများစားရင် ဥာဏ်ကောင်းပါတယ်။ တစ်ပတ်ကို ငါးနှစ်မျိုးလောက်ချက်ကျွေးပေးပါ။ ငါးကိုစားခြင်းက ဦးနှောက်မှတ်ဥာဏ်ဟာကိုဖွံဖြိုးလာစေနိုင်ပါတယ်။ ငါးမှာက ပရိုတင်းဓာတ်တွေပါဝင်တာကြောင့် ကလေးတွေကို ငါးများများကျွေးပေးပါ။ ဗီတာမင် ဘီနဲ့ သတ္တုဓာတ်မျိုးစုံလည်းပါဝင်ပါတယ်။ Omega 3 ပါတာကြောင့်လည်း ကလေးတွေ မျက်လုံးအားကောင်းစေပါတယ်။

READ
နာနတ်သီးကို လွယ်လွယ်ကူကူခွာနည်း(၄)မျိုး

၅။ ပဲ 

 

ပဲကတော့ အားအဖြစ်ဆုံးပါ။ ဖွံဖြိုးဆဲဖြစ်နေတဲ့ကလေးတွေကို ပဲများများကျွေးပေးပါ။ အဲ့ဒါမှ ခန္ဓာကိုယ့်ကို အားဖြစ်စေပြီး ထွားလာမှာပါ။ ပဲမှာပါဝင်တာက ပရိုတင်း၊ ကယ်ဆီယမ် ၊ ဗီတာမင် ဘီ ၊ အမျှင်ဓာတ်နဲ့ သံဓာတ်တို့ဖြစ်တယ်။ ကလေးတေံကို ပဲကျွေးတာက ကျန်းမာရေးအတွက်ကောင်းစေသလို ခန္ဓာကိုယ့်ဖွံဖြိုးမူကိုလည်းမြန်စေပါတယ်။

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE