ဆောင်းတွင်းမှာ အသားရေလှအောင် များများစားသင့်တဲ့ အသီးအနှံများ

ဆောင်းရာသီရောက်ပြီဆို အသားအရေခြောက်မှာစိုးရိမ်နေကြတဲ့ ပျိုမေတွေ စားသင့်တဲ့ အသီးအနှံတွေပဲဖြစ်ပါတယ်။ ဆောင်းတွင်းမှာ အသားရေမခြောက်ချင်ရင် ဒီအသီးအနှံတွေကို များများစားပေးသင့်ပါတယ်။

(၁) Grapefruit 

Grapefruit အသီးမှာဆိုရင် ဗီတာမင် စီ ပါလို့ အသားအရေခြောက်တာတွေ၊ ပျက်စီးတာတွေကို ကာကွယ်ပေးပါတယ်။ ပြီးတော့ အသားအရေကိုလည်း ချောလာစေပါတယ်။

  • ဆောင်းတွင်းမှာ Grapefruit သီး ဖျော်ရည်ကို ပုံမှန်သောက်ပေးပါ။
  • ပြီးရင် Grapefruit ကို mask လိုမျိုးလည်း လုပ်ပြီး အုပ်လို့ရပါတယ်။ တစ်ပတ်ကို တစ်ကြိမ်လုပ်ပေးပါ။ Grapefruit သီးကို အရည်ညှစ်ပြီးလို့ရလာတဲ့အရည် တစ်ဝက်၊ ပျားရည် (စားပွဲတင်ဇွန်း ၁ဇွန်း) ၊ oatmeal (ခွက်တစ်ဝက်စာ) တို့ကို ရောလိုက်ပြီး မျက်နှာမှာ လိမ်းလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ဆေးလိုက်ပါ။ ဒီနည်းက အသားအရေကိုစိုလာစေပါတယ်။

(၂) ထောပတ်သီး

ထောပတ်သီးမှာ ဗီတာမင် အေ၊ စီ ၊ အီး တို့ကြွယ်ဝစွာပါဝင်ပါတယ်။ မျက်နှာက အရေးအကြောင်းတွေကိုလည်း လျော့နည်းသွားစေပါတယ်။

  • ထောပတ်သီးဖျော်ရည်ကို နေ့တိုင်းသောက်ပေးပါ
READ
ကမ္ဘာတစ်ဝှမ်းမှာ လူတွေစားသုံးကြတဲ့ ကြောက်လန့်စရာ အစားအစာများ

(၃) မုန်လာဥနီ

မုန်လာဥနီက ဗီတာမင် အေ ပါဝင်ပြီး ဆောင်းတွင်းမှာ စားသင့်တဲ့ အသီးအနှံထဲမှာပါဝင်ပါတယ်။ အသက်ကြီးလို့ အရေးကြောင်းဖြစ်တာတွေကို လျော့ကျစေပါတယ်။

  • နေ့တိုင်း မုန်လာဥနီဖျော်ရည် တစ်ခွက်သောက်ပါ။
  • မုန်လာဥနီ ကို mask လုပ်လို့လည်းရပါတယ်။ မုန်လာဥနီကို အရည်ညှစ်လိုက်ပါ။ မုန်လာဥနီအရည် (လက်ဖက်ရည်ဇွန်း ၂ ဇွန်း) ၊ ပျားရည် နဲ့ နို့ခရင်မ် (လက်ဖက်ရည်ဇွန်း ၁ဇွန်းစီ)နဲ့ သံလွင်ဆီ အနည်းငယ်တို့ကိုရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပါ။ မျက်နှာ်ပေါ်မှာ (၁၀)မိနစ်၊ (၁၅)မိနစ်လောက်ထားပါ။ ပြီးရင်တော့ ရေအေးနဲ့ဆေးလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်ထက်ပိုပြီး လုပ်ပေးပါ။ ဒီနည်းကို ပုံမှန်လုပ်ပေးရင် အသားအရေစိုလာမှာပါ။

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE