ဆံပင်တွေကျွတ်လို့ စိတ်ညစ်နေတဲ့ ပျိုမေတွေ စားသင့်တဲ့ အစားအစာများ

ဆံပင်လျော်လိုက်တိုင်း၊ ခေါင်းဖီးလိုက်တိုင်း ဆံပင်တွေကျွတ်နေတတ်တဲ့ ပျိုမေတွေ ဒီလိုအစားအစာတွေကို စားပေးသင့်ပါတယ်။ ဒီအစားအစာတွေက ဆံပင်ကျွတ်တာကို လျော့ကျသွားစေနိုင်သလို ဆံပင်တွေကျွတ်လို့ဆိုပြီး စိတ်ညစ်စရာလည်းမလိုတော့ပါဘူး။

၁။ မုန်လာဥနီ

 

မုန်လာဥနီကတော့ ကျန်းမာရေးအတွက်ကောင်းရုံသာမက ဆံပင်အတွက်ကောင်းစေပါတယ်။ မုန်လာဥနီထဲမှာပါတဲ့ ဗီတာမင် အေ ဓာတ်က ဆံသားအတွက်ကောင်းစေပါတယ်။ မုန်လာဥနီကို ဖျော်ရည်လုပ်သောက်ပေးပါ။ မနက်အိပ်ယာထတိုင်း တစ်ခွက်စီသောက်ပေးပါ။ အသားရေအတွက်လည်းကောင်းစေပါတယ်။

၂။ အမဲသား

ခန္ဓာကိုယ်က အားရှိဖို့အတွက် ပရိုတင်းပါတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။ အဲဒါမှ ဆံသားထဲကို ဓာတ်တွေရောက်မှာပါ။ အမဲသားမှာက ဗီတာမင် ဘီ၊ သံဓာတ်နဲ့ ဇင့်ဓာတ်တို့ ပါဝင်ပါတယ်။ ဆံပင်ကျွတ်ပြီးရင် ပြန်ပေါက်နှုန်းကောင်းအောင် အမဲသားကို တစ်ပတ် (၂၊ ၃)ရက်လောက်စားပေးသင့်ပါတယ်။ အမဲသားက အမျိုးသမီးတွေအတွက် သွေးအားကောင်းစေပါတယ်။ အမဲသားကို ကင်စားတာထက် ရိုးရိုးချက်စားတာ ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်ပါတယ်။

READ
McDonald က အသစ်ထုတ်လုပ်လိုက်တဲ့ Minionမီနူး

၃။ ကန်စွန်းဥ

ကန်စွန်းဥမှာက ဗီတာမင် အေ ပါတာကြောင့် ဆံပင်ကျွတ်တာတွေကို လျော့နည်းစေပါတယ်။ နောက်ပြီး ကန်စွန်းဥမှာ ဗီတာမင် စီ ၊ သံဓာတ် ၊ copper နဲ့ ပရိုတင်းတို့လည်းပါဝင်ပါတယ်။ ကန်စွန်းဥကို ပြုတ်စားတာပဲဖြစ်ဖြစ်၊ မီးကင်စားတာပဲဖြစ်ဖြစ် ကြိုက်သလိုစားနိုင်ပါတယ်။

၎။ နေကြာစေ့

နေကြာစေ့မှာ ဆံပင်ကျွတ်တာကို ထိန်းပေးမယ့် ပရိုတင်း၊ ဇင့်၊ selenium၊ biotin ၊ potassium ၊ copper ၊ သံဓာတ်၊ ဗီတာမင် ဘီ၊ ဗီတာမင် အီ၊ magnesium နဲ့ calcium တို့ ပါဝင်ပါတယ်။ နောက်ပြီး နေကြာစေ့မှာ omega-6 fatty acids တို့လည်း ပါဝင်ပါသေးတယ်။ နေကြာစေ့ကို အများကြီးတော့မစားပါနဲ့။ ဆံပင်အတွက် သင့်တော်အောင်ပဲ စားပေးပါ။

READ
ထိရက်တို့ရက်စရာမရှိပဲ တစိမ့်စိမ့်ကြည့်နေချင်တဲ့ အစားအသောက်ဓာတ်ပုံများ

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE