လက်သန့်ဆေးတွေကို လောဘကြီးပြီးဝယ်စုကြသူတွေအတွက် ပညာပြခဲ့တဲ့စတိုးဆိုင်

Twitter

Covid-19 ကို ကာကွယ်ဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ လက်ဆေးဖို့ပဲလို့ ကြေညာလိုက်ပြီးတဲ့နောက်မှာ လက်သန့်ဆေးရည်ရောင်းတဲ့ ကုမ္ပဏီတွေဟာ စီးပွားအဖြစ်ဆုံး ဖြစ်လာခဲ့ပါတယ်။ တချို့ဆိုင်တွေမှာဆိုရင် လက်သန့်ဆေးရည်တွေဝယ်မရပဲ ဖြစ်ကုန်ကြသလို၊ တချို့နေရာတွေမှာဆိုရင်လည်း လက်သန့်ဆေးရည်တွေက မူရင်းဈေးထက် (၂)ဆလောက်အထိ တက်ကုန်ကြတယ်။

များသောအားဖြင့်တော့ ပိုက်ဆံရှိသူတွေက တစ်ယောက်တည်းအတွက် လက်သန့်ဆေးရည်တွေအများကြီး ၀ယ်ယူစုဆောင်းထားကြလို့ ကျန်တဲ့သူတွေအတွက် ၀ယ်လို့မရအောင် ဖြစ်ကုန်ကြတာပါ။

ဒိန်းမတ်နိုင်ငံအတွင်းမှာ ရှိနေတဲ့ စူပါမားကက်တစ်ခုကတော့ အဲဒီ အခြေအနေကို ကိုင်တွယ်ဖို့အတွက် ပါးနပ်တဲ့ နည်းလမ်းတစ်ခုကို အသုံးပြုခဲ့ပါတယ်။

READ
ကားထဲဝင်ပြီး ပြန်မထွက်တတ်လို့ ဟွန်းတီးအကူညီတောင်းခဲ့တဲ့ ၀က်ဝံလေး(၂)ကောင်

ဒိန်းမတ်နိုင်ငံအတွင်းမှာရှိတဲ့ Hellerup ဆိုတဲ့ စတိုးဆိုင်ကြီးဟာ သူတို့ရဲ့ဆိုင်မှာ လက်သန့်ဆေးရည် ၀ယ်ယူသူတွေအတွက် မတူညီတဲ့ဈေးနှုန်းမျိုး သတ်မှတ်ထားခဲ့တာပါ။ သူတို့က လက်သန့်ဆေးတစ်ဗူးထဲပဲ ၀ယ်ယူမယ်ဆိုရင် ခရိုနာ(၄၀)/ (၄ဒေါ်လာ) သာ ကျသင့်မှာဖြစ်ပြီး အကယ်၍ လူတစ်ဦးတည်းက လက်သန့်ဈေး (၂)ဗူးဝယ်မယ်ဆိုရင်တော့ ဈေးနှုန်းက ခရိုနာ(၁၀၀၀)/(၉၅ ဒေါ်လာ) အထိ ပေးချေရမှာပါ။

Schuermann ဆိုတဲ့ တွစ်တာအကောင့်က ဒီအကြောင်းကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေသွားခဲ့ပြီး အဆ (၂၀)ကျော်လောက် မြင့်မားနေတဲ့ ပမာဏကြောင့် ၀ယ်ယူသူတွေဟာ တစ်ဗူးထက်ပိုပြီး မ၀ယ်ယူကြတော့ဘူးလို့ ဆိုပါတယ်။

READ
နှစ်(၈၀)ကျော် ချစ်ခင်ကြင်နာခဲ့ကြတဲ့ အဖိုးအဖွားစုံတွဲရဲ့ စို့နင့်ဖွယ်ရာ နောက်ဆုံးခရီး

ဒီအကြံက တကယ်ကောင်းတဲ့အကြံဖြစ်ပြီး ၀ယ်သူတွေအနေနဲ့လည်း ထင်သလို ၀ယ်နေတာတွေကို ပြုလုပ်ဖို့ စဉ်းစားလာကြလိမ့်မယ်လို့ တွစ်တာအသုံးပြုသူတွေက မှတ်ချက်ပေးခဲ့ကြပြီး တခြား ဈေးဝယ်စင်တာတွေမှာလည်း ဒီလိုပြုလုပ်သင့်တယ်လို့ ရေးသားခဲ့ကြတာပါ။

ဒီ စတိုးဆိုင်အတွင်းမှာ ၀ယ်ယူသူတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် လုံလောက်တဲ့အကွာအဝေးမှာ ရှိနေကြဖို့၊ ဆိုင်အတွင်းမှာရှိတဲ့ အလုပ်သမားတွေနဲ့လည်း နီးနီးကပ်ကပ်မနေကြဖို့ ညွှန်ကြားချက်တွေပေးထားတဲ့အပြင် ဆိုင်အ၀င်ဝမှာလည်း လက်ဆေးရည်တွေနဲ့ လက်အိတ်တွေ ထားပေးထားကြောင်း အသိပေးထားတာကိုလည်း တွေ့ရပါတယ်။

Linn

SHARE