ယနေ့ ဖေဖော်ဝါရီ (၁၉) ရက်နေ့ညမှာ တွေ့မြင်ရမယ့် အတောက်ပဆုံး Super Snow Moon

ဖေဖော်ဝါရီ (၁၉) ရက်ဟာ (၂၀၁၉) ခုနှစ် တရုတ်နှစ်သစ်ကူးနောက်ဆုံးည ဖြစ်ပါတယ်။ ယနေ့ညဟာ မြန်မာပြက္ခဒိန်မှာဆိုရင် တပို့တွဲလပြည့်ဖြစ်ပြီး အွန်လိုင်း သတင်းဝက်ဆိုက်ဒ်တစ်ခုဖြစ်တဲ့ worldofbuzz အရ ယနေ့ညမှာ အကြီးမားဆုံးနဲ့ အတောက်ပဆုံး စူပါမွန်းကြီးတစ်ခုကို မြင်ရမယ်လို့ သိရပါတယ်။ ၄င်းစူပါမွန်းဟာ ယခုနှစ်ကနေ (၂၀၂၆) ခုနှစ်အထိ ကမ္ဘာကနေ တွေ့ရမယ့်လတွေထဲ အကြီးဆုံး ဖြစ်လိမ့်မယ်လို့လည်း Forbes သတင်းက ဆိုပါတယ်။

Source: Dark Jade 68

ယနေ့ညမှာ တွေ့ရမယ့် လပြည့်ကြီးကို စူပါမွန်း သို့မဟုတ် နှင်းလလို့ အမည်ပေးထားပါတယ်။ လကို ဖေဖော်ဝါရီလ(၁၉) ရက်နေ့ ည (၁၁-၁၂) ၀န်းကျင်လောက်မှာ အပြည့်အ၀ ထိန်လင်းနေတာကို တွေ့ရမှာပါ။ တရုတ်နှစ်သစ်ကူးရဲ့ နောက်ဆုံးနေ့မှာ စူပါနှင်းလကြီးကို တွေ့ရတာကြောင့် တရုတ်လူမျိုးတွေအတွက်တော့ ကံကောင်းခြင်းတွေ တစ်လုံးတစ်ဝတည်း စုရုံးရောက်ရှိလာမယ့် နှစ်တစ်နှစ်လို့လည်း မှန်းဆနိုင်ပါတယ်။

READ
Gay မူစလင်တစ်ဦးရဲ့ ပထမဆုံး မင်္ဂလာပွဲဖြစ်ဖို့ရှိတဲ့ ဗြိတိန်က လိင်တူလက်ထပ်ပွဲ
13abc

၎င်းအချိန်မှာ စူပါမွန်းကို ပျမ်းမျှလအရွယ်အစားထက် (၁၄) ရာခိုင်နှုန်း ပိုမိုကြီးမားစွာ တွေ့မြင်ရမှာဖြစ်ပြီး စူပါမွန်းဟာ သာမန်ထက် ရာခိုင်နှုန်း(၃၀) ပိုမိုတောက်ပလိမ့်မယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီနေ့ညကျရင် တွေ့ရခဲတဲ့  စူပါနှင်းလကြီးရဲ့ အလှကို စောင့်ကြည့်ရှုစားဖို့ မမေ့ကြနဲ့နော်။

Flickr

လင်းလင်း (ShweMom)

Ref: worldofbuzz

SHARE