ကမ္ဘာ့နိုင်ငံအသီးသီးက အံ့သြဖွယ် အယူဝါဒအစွဲများ

နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ ထူးဆန်းတဲ့ အစွဲအလမ်းတွေနဲ့ အတိတ်နိမိတ်ကောက်ယူတတ်တဲ့ အယူဝါဒ၊ အစွဲလေးတွေ ရှိတတ်ကြပါတယ်။ ဒါကြောင့် ကမ္ဘာတစ်လွှားက နိုင်ငံတွေမှာ ဘယ်လိုမျိုး အယူစွဲလေးတွေ ရှိကြသလည်းဆိုတာ ဗဟုသုတအလို့ငှာ ဝေမျှပေးလိုက်ပါတယ်။

ရုရှား

ရုရှားနိုင်ငံမှာ ငှက်တစ်ကောင် ပြုတ်ကျတာကို မြင်လိုက်ရရင် ငွေဝင်မယ့်နိမိတ်လို့ မှတ်ယူထားကြပါတယ်။

ပြင်သစ်

ဘယ်ဘက်ခြေထောက်နဲ့ ခွေးချေးပုံပေါ် တက်နင်းမိရင် ပျော်ရွှင်ရမယ်လို့ မှတ်ယူထားကြပြီး ညာဘက်ခြေထောက်နဲ့ နင်းမိတယ်ဆိုရင်တော့ ကံဆိုးမှုတွေ ၀င်လာတတ်တယ်လို့ ယူဆကြပါတယ်။

ဒါဂျစ်စတန်

ရုရှားပြည်မကြီးကနေ ခွဲထွက်သွားတဲ့ နိုင်ငံငယ်တစ်ခုဖြစ်တဲ့ ဒါဂျစ်စတန်နိုင်ငံမှာ သောက်မယ့် စွပ်ပြုတ်ပန်းကန်ထဲကို ယင်ကောင်တစ်ကောင် ပြုတ်ကျလာခြင်းဟာ လက်ဆောင်ပဏ္ဍာ ရရှိမယ့် အတိတ်နိမိတ်လို့ ယုံကြည်ကြပါတယ်။

ဂရိ

လူတစ်ယောက် နှာချေပြီဆိုရင် အဲ့လူအကြောင်း တစ်ယောက်ယောက်က ပြောနေပြီလို့ ဂရိနိုင်ငံက လူများက မှတ်ယူထားကြပါတယ်။

ဒိန်းမတ်

ဒိန်းမတ်နိုင်ငံမှာတော့ ပန်းကန်ကွဲခြင်းဟာ ကံကောင်းခြင်းရဲ့ အဆောင်လို့ ယူဆကြပါတယ်။ ဒါကြောင့် ပန်းကန်ကွဲစ လေးတွေကို ခရစ်စမတ်လက်ဆောင်အနေနဲ့ ပေးတတ်ကြပါတယ်။

READ
အိပ်ယာထဲမှာဖုန်းသုံးတဲ့အကျင့်ရဲ့ ဘေးထွက်ဆိုးကျိုးများ
တရုတ်

ရှည်လျားလွန်းတဲ့ ခေါက်ဆွဲမျှင်ဟာ အသက်ရှည်ခြင်းနဲ့ စည်းစိမ်ဥစ္စာပေါကြွယ်ဝခြင်းရဲ့ နိမိတ်ဖြစ်တယ်လို့ တရုတ်လူမျိုး များက မှတ်ယူထားကြပါတယ်။ ဒါကြောင့် ခေါက်ဆွဲစားလို့ ခေါက်ဆွဲမျှင်အရှည်ကြီး တွေ့တဲ့အခါ ကိုက်မဖြတ်သင့်ဘူး လို့ ယုံကြည်ကြပါတယ်။

ဂရိ

အဆူးတွေပါတဲ့ ကန္တာရသျှားစောင်းပင်မျိုးဟာ ဆိုးတဲ့အရာတွေအားလုံးက ကာကွယ်ပေးတယ်လို့ ဂရိနိုင်ငံမှာ မှတ်ယူထားပါတယ်။

ဂျာမနီ

ကြောင်တစ်ကောင်ဟာ ကိုယ်လျှောက်နေတဲ့ လမ်းရဲ့ ဘယ်ဘက်ကနေ ညာဘက်ကို ဖြတ်ပြေးသွားမယ်ဆိုရင် ကံဆိုးခြင်းလို့ ယူဆပြီး ညာဘက်ကနေ ဘယ်ဘက်ကို ဖြတ်ပြေးမယ်ဆိုရင်တော့ ပျော်ရွှင်ခြင်းရဲ့ အတိတ်နိမိတ်လို့ ယူဆကြပါတယ်။

ဂျပန်

ဂျပန်နိုင်ငံရဲ့ အယူအဆတစ်ခုကတော့ ညဘက် မှောင်နဲ့မည်းမည်းအချိန်မှာ မှန်မကြည့်သင့်ဘူးလို့ ဆိုထားပါတယ်။

မော်လ်တာ

မြေထဲပင်လယ်ဒေသရဲ့ အလယ်ခေါင်က မော်လ်တာကျွန်းစုနိုင်ငံငယ်လေးမှာတော့ ဘုရားကျောင်းတစ်ကျောင်းချင်းစီက နာရီတွေဟာ မိစ္ဆာနတ်ဆိုးတွေကို မျက်စိလည်အောင် လှည့်စားဖို့ တစ်မျိုးစီ ပေါ်နေလေ့ရှိတယ်လို့ ယူဆကြပါတယ်။

READ
ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော သီအိုရီ (၅) ခု
ကာတာ

ကာတာနိုင်ငံမှာတော့ ပင့်ကူတွေဟာ မီးဘေးအန္တရာယ်က ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်တဲ့အတွက် ပင့်ကူတွေကို သတ်ဖြတ်ခြင်းကို တားမြစ်ထားပါတယ်။

အီတလီ

ချီးမွမ်းပြောဆိုခြင်းဟာ ဘေးဒုက္ခတွေရဲ့ အကြောင်းရင်းဖြစ်တယ်လို့ အီတလီနိုင်ငံမှာ ယုံကြည်ထားပါတယ်။

စကော့တလန်

စကော့တလန်နိုင်ငံရဲ့ အယူအဆအရ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ဖို့ မင်္ဂလာသတို့သမီးဟာ မင်္ဂလာပွဲမစမီ ရွှံ့ရည်စိမ်ထားရပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

အလင်းဦး (Shwemom)

Ref: brightside

SHARE