Microsoft ရဲ့ Android phone သစ် ဈေးကွက်ထဲကို ထိုးဖောက်နိုင်မှာလား..?

Image:IG/Surface

Microsoft ရဲ့ ပထမဆုံး Android phone Surface Duo က တော့ လာမယ့် စက်တင်ဘာ (၁၀)ရက်နေ့ မှာ ထွက်ရှိလာ မယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ Surface Duo ဖုန်းရဲ့ တန် ဖိုး က တော့ 128GB အတွက် အ မေရိကန် ဒေါ်လာ (၁၃၉၉) ၊256GB အတွက် က တော့ (၁၄၉၉) ကျ သင့်မှာပါ။လက်ရှိ ဈေးကွက်ထဲမှာ ရှိ နေတဲ့ ဖုန်းတွေ နဲ့ Microsoft ရဲ့ ဖုန်း တို့ ဘယ်လို တွေ ကွာခြား လဲ ၊ဘယ်လို ဖုန်း မျိုးလဲ ဆိုတာကိုေ တာ့ CNN မှာ အခုလို ဖော်ပြထားပါတယ်။

iPhone 11 Max ရဲ့ ဈေးလောက် ဖြစ် နေတဲ့ Surface Duo က တော့ ပြောရရင် ဈေးကြီးတဲ့ ဖုန်းပါ။ဘာ ကြောင့် ဒီ လောက် ထိ ဈေးကြီး နေရလဲဆိုရင်တော့ အ ကြောင်းပြ ချက် တစ်ချို့  ရှိပါတယ်။ dual-screen ပါ။ folding tablet ၊ ဖုန်းတစ်လုံး လို့  နှစ်ခု လုံး ပြော လို့ရပါတယ်။ပါတဲ့ Screen နှစ်ခု လုံး ရဲ့ အရွယ် အစားကို ပြောမယ်ဆိုရ င်တော့ 5.6-inch display တွေ ပါ။သူတို့နှစ်ခု ကို Tablet လို ပေါင်းလိုက် ရင်တော့ (၈.၁)လက်မ ရှိပါတယ်။ဖုန်း Screen တစ်ခု ချင်းစီ တိုင်းမှာ ကင်မရာ တစ်ခု စီ ပါပါတယ်။ ဗီဒီယိုကို 4 K ဗီဒီယို အထိ Support ပေးထား ပါတယ်။Android Version က တော့ 10 ပါ။နောက်ပိုင်းမှာတော့ (11) အထိ ရ နိုင်ပါတယ်။

 

View this post on Instagram

 

There comes a time when two apps are better than one. #DoOneBetter on the Surface Duo. Pre-order link in bio.

A post shared by Microsoft Surface (@surface) on

ဖုန်းကို ခေါက် ချ လိုက်မယ်ဆိုရင် တော့ iPad mini လေး လို ဖြစ်သွားမှာပါ။Screen နှစ်ခု ပါတဲ့ ဖုန်းမို့ စာအုပ် ကို ဖွင့်လိုက် ပိတ် လိုက် လုပ် သလို မျိုးပဲ သုံးလို့ရပါတယ်။Screen နှစ်ခု ဆိုတော့ ထူထူကြီး ဖြစ် နေမှာလား ဆိုရင် တော့ အရမ်းကို ပါးပါတယ်။တခြား ဖုန်းတွေ နဲ့ယှဉ်လိုက်ရင် Screen အ ကောင်းဆုံး ဖုန်းတစ်လုံး ဖြစ်လာနိုင်တယ်လို့ ထင် ကြေး ပေး ခံနေရပါတယ်။Microsoft  က တော့ ဒီဖုန်းကို productivity device တစ်ခု အ နေနဲ့ Promote လုပ် နေပါတယ်။ Duo အ တွက် Office Suite တစ်ခုလုံး အဆင် ပြေ အောင် လုပ် ပေးထားက ဗီဒီယို Call ခေါ်တာ မျိုးတွေ အတွက် လည်း အရမ်း အဆင် ပြေ တယ်လို့ ဆို ပါတယ်။ Duo က တော့ ဗန်းပြ စင်တင် Device ဖြစ်ပုံရပါတယ်။ Surface လိုပဲ Microsoft က လူသန်း ပေါင်း များစွာကို ဘာကြောင့် Surface Duo ကို ၀ယ်သင့်လဲ ဆိုပြီး စည်း ရုံး သိမ်းသွင်း ထားပါတယ်။

Pre-orders  မှာယူ မှုတွေကိုတော့ Best Buy ၊ AT&T တို့ က နေ မှာလို့ ရ နေပါပြီ။Microsoft  အတွက် က တော့ ဒီဖုန်းက စိန် ခေါ် မှု တစ်ခု ပါ။ဈေးကွက်ထဲမှာတော့ Galaxy Fold ၊ Galaxy Z Flip တို့ အပါအ၀င် တခြား ခေါက်လို့ ရတဲ့ ဖုန်းတွေ  ရှိပါတယ်။Huawei Mate X နဲ့ Oppo Reno 10X Zoom  တို့ လည်း ဈေးကွက်ထဲမှာ ရှိ ပေမယ့် အ မေရိကန် သုံးစွဲ သူတွေ ထဲက official store တွေ က နေ တိုက်ရိုက်ရောင်းချ တာ မျိုး တော့ မရှိပါ ဘူး။ဒေါ်လာ (၁၃၉၉)  ကျ မယ့် Microsoft ရဲ့  ဖုန်းနဲ့ လက်ရှိ ဈေးကွက်ထဲက iPhone တွေ နဲ့ ယှဉ် ရင် တော့ iphone တွေကိုပဲ ရွေးချယ် ကြမယ့် လူက ပို များ လောက် တဲ့ အနေ အထားမျိုး ပါ။ Surface Duo ဈေးကွက် ထဲ ကို ရောက်တဲ့ အခါ ဘယ်လို ပုံစံ မျိုးနဲ့ တခြား ဈေးကွက်ထဲက ဖုန်းတွေကို ယှဉ် မလဲ ဆိုတာက တော့ စောင့် ကြည့် ရမှာပါ။

READ
TVလောကကို တစ်ခေတ်ဆန်းစေမယ့် Samsung QLED TVကို မြန်မာပြည်တွင်စတင်မိတ်ဆက်

 

#SHWEMOM

SHARE