အသက်ဘေးက ကပ်သီးလေးလွတ်ခဲ့တဲ့ ကောင်လေးရဲ့ ထိတ်လန့်ဖွယ်အတွေ့အကြုံ

အသက် (၁၀) နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ အကင် ကင်တဲ့ (၁၂) လက်မ သံချောင်း မျက်နှာကို စိုက်ပြီး ဦးခေါင်ခွံကိုပါ ဖောက်ထွက်သွားတာနဲ့ ကြုံခဲ့ရပါတယ်။

The Sun

Xavier Cunning လို့ခေါ်တဲ့ ကောင်လေးဟာ အပင်ပေါ်တက်ဆော့ရင်း နာကျယ်ကောင်တွေ ကိုက်တာခံရပြီး လိမ့်ကျခဲ့ရာ မျက်နှာနဲ့ အကင်ကင်တဲ့ ကိရိယာပေါ်ကျခဲ့ပါတယ်။

အမေရိကန် နိုင်ငံ Missouri ပြည်နယ် Harrisonville မြို့မှာ ပြီးခဲ့တဲ့ စနေနေ့က ဖြစ်ပွာခဲ့တာဖြစ်ပြီး ဖြစ်ဖြစ်ချင်းပဲ သံချောင်းကြီး တန်းလန်းနဲ့ ဆေးရုံကို ပြေးခဲ့ရပါတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ မျက်လုံးနဲ့ ဆိုင်တဲ့ အကြောတွေ၊ ဦးနှောက်၊ အာရုံကြောနဗ်ကြောတွေနဲ့ အရေးကြီးတဲ့ အကြောတွေနဲ့ လွဲသွားခဲ့ပါတယ်။ ဆရာဝန်တွေကလည်း Xavier တစ်ယောက်လုံးဝ ပြန်သက်သာလာနိုင်မယ့်လို့ ယုံကြည်ခဲ့ကြတယ်။

READ
အိပ်ပျော်နေစဉ်မှာ အမျိုးသမီးရဲ့နားထဲ ၀င်သွားတဲ့ပိုးဟပ်ကို ဆရာဝန်မှဖယ်ထုတ်ပေးခဲ့ရ
The Sun

အားလုံးက သေပြီလို့ ထင်ခဲ့ကြပေမယ့် ကလေးက ကံကောင်းပါတယ်။ အခုဆို အောင်မြင်စွာ ကုသနိုင်ခဲ့ပြီးဆိုတာကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Source: The Sun

Matthew (ShweMOM)

 

SHARE