စိတ်ပင်ပန်းတာတွေကို ပြေပျောက်စေမယ့် လာဗင်ဒါပန်းရဲ့ သဘာဝအစွမ်း

လာဗန်ဒါပန်းကလေးတွေဟာ သူ့ရဲ့အဆင်းသဏ္ဍာန်ကြောင့်တင် နာမည်ကျော်ကြားတာ မဟုတ်ပါဘူး။ သူ့ရဲ့အံ့အားသင့်ဖွယ် အစွမ်းအာနိသင်တွေကြောင့်လည်း နာမည်ကျော်ကြားပါတယ်။ အလှအပရေးရာမှာရော ကျန်းမာရေးမှာပါ အသုံးဝင်လွန်းတဲ့လာဗန်ဒါပန်းတွေရဲ့ အာနိသင်နဲ့ အကျိုးကျေးဇူးတွေကတော့ …

စိတ်ဖိစီးမှုနဲ့ စိတ်ပူပင်ကြောင့်ကြမှုတို့ ကင်းဝေးစေခြင်း။

လာဗန်ဒါပန်းရဲ့ရနံ့ဟာ အာရုံကြောနဲ့ ပတ်သက်လို့ အကောင်းဆုံးသော ဖြေဆေးတစ်ခုဖြစ်ပြီး စိတ်တည်ငြိမ်အေးချမ်းအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်လှုပ်ရှားမှုကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။ လာဗန်ဒါရဲ့ လန်းဆန်းတဲ့သင်းရနံ့က ပင်ပန်းနေတဲ့ အာရုံကြောတွေကို တည်ငြိမ်အေးဆေးအောင် ပြုလုပ်ပေးနိုင်ပြီး စိတ်ကို ပိုမိုကျန်းမာပျော်ရွှင်လာအောင် ကူညီပေးနိုင်ပါတယ်။ ညစဉ် ရှုရိုက်ပေးခြင်းအားဖြင့် ညဘက်အိပ်မပျော်တဲ့ရောဂါကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ စမ်းသပ်မှုတစ်ခုအရ လာဗန်ဒါပန်းရနံ့ကို နေ့စဉ်ရှုရှိုက်ပြီးမှ အိပ်စက်သူတွေဟာ စိတ်ဖိစီးမှုတွေ၊ စိတ်ပူပင်ကြောင့်ကြမှုတွေ သိသိသာသာ လျော့ကျလာတယ်လို့ သိရပါတယ်။

သွေးလည်ပတ်မှုကောင်းမွန်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း။

လာဗန်ဒါရနံ့ဟာ ကိုယ်တွင်းသွေးလည်ပတ်မှုကို ကောင်းမွန်တိုးတက်စေတဲ့ သဘာဝပစ္စည်းတစ်ခု ဖြစ်ပါတယ်။ စမ်းသပ်ချက်တွေအရ လာဗန်ဒါပန်းရနံ့ဟာ နှလုံးပတ်သွေးလွှတ်ကြောရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုယ်တွင်းအင်္ဂါတွေရဲ့ အောက်ဆီဂျင်ပမာဏကို မြင့်တက်လာစေပြီး ကြွက်သားတွေကို ကျန်းမာသန်စွမ်းလာစေကာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ဟာလည်း သိသိသာသာ တိုးတက်လာစေပါတယ်။ အသားအရေကို အလိုလျောက် သွေးရောင်သန်းလာစေပြီး ကြည်လင်လှပလာစေကာ နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျော့ကျစေနိုင်ပါသေးတယ်။ သွေးဖိအားကို ကျဆင်းစေနိုင်လို့ သွေးတိုးရောဂါကို ကုသရာမှာလည်း လာဗန်ဒါပန်းရနံ့ကို သုံးစွဲလေ့ရှိပါတယ်။

READ
သင်နဲ့သင့်ချစ်သူက တကယ်လိုက်ဖက်တဲ့ဘ၀လားဆိုတာ သိနိုင်မယ့်အချက်များ

လာဗန်ဒါကို အိပ်မပျော်တဲ့ရောဂါကို ကုသဖို့အတွက် ကုထုံးတစ်ခုအဖြစ်လည်း အသုံးပြုကြပါတယ်။ အိပ်ဆေးသောက်အိပ်နေကျ လူနာတွေကို လာဗန်ဒါရနံ့ကုထုံးနဲ့ အစားထိုးကုသတဲ့အခါ ပုံမှန်အိပ်ချိန်ထက် သိသိသာသာ အချိန်တိုးပြီး အိပ်ပျော်လာစေတယ်လို့ စမ်းသပ်ချက်တွေက ဆိုထားပါတယ်။ သူ့ရဲ့ရနံ့ကိုက စိတ်အပန်းပြေသွားအောင် စွမ်းဆောင်နိုင်တာကြောင့် အိပ်မပျော်ခြင်းအတွက် ခေတ်သစ်ကုထုံးတစ်ခုလိုတောင် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

သဘာဝ အကိုက်အခဲပျောက်ဆေး

လာဗန်ဒါဟာ အာရုံကြောတွေအတွက်ပဲ ကောင်းတာလားဆိုတော့လည်း မဟုတ်သေးပါဘူး။ ကြွက်သားကိုက်ခဲနာကျင်တာ၊ အဆစ်လွဲတာ၊ ခါးကိုက်၊ခါနာတာစတဲ့ နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ လာဗန်ဒါအဆီကို အသုံးပြုပြီး ပုံမှန်နှိပ်နယ်ပေးမယ်ဆိုရင် အဆစ်အမြစ် နာကျင်ကိုက်ခဲတာတွေကို သက်သာစေနိုင်ပါတယ်။ လာဗန်ဒါအဆီကို ရေငွေ့ထုတ်စက်ထဲမှာ ရောပြီး ရှုရှိုက်ပေးမယ်ဆိုရင် ခံစားရတဲ့ နာကျင်မှုဝေဒနာကို သက်သာလျော့ကျစေပါတယ်။ ဒါကြောင့်ပဲ ခွဲစိတ်ပြီးစ လူနာတွေမှာ လာဗန်ဒါရနံ့ပါတဲ့ ရေငွေ့ကို ရှုရှိုက်စေခြင်းအားဖြင့် နာကျင်မှုဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။

နောက်တစ်နေ့အတွက် အားမွေးတဲ့အခါ

တစ်နေ့တာ လုပ်ဆောင်စရာရှိတာတွေပြီးလို့ အိမ်ပြန်၊အနားယူတဲ့အခါ ဒီလိုအကျိုးများတဲ့ လာဗန်ဒါပန်းရနံ့ကို စိတ်ရော လူပါ လန်းဆန်းအမောပြေသွားစေဖို့ အသုံးချသင့်ပါတယ်။ လွယ်လွယ်ကူကူနဲ့ အကျိုးရှိရှိ အသုံးချလို့ရတဲ့ နည်းတစ်ခုကတော့ ညနေခင်း အိမ်ပြန်ရောက်လို့ ရေချိုးတဲ့အခါ လာဗန်ဒါပန်းရဲ့ အာနိသင်ပါဝင်တဲ့ ရေချိုးဆပ်ပြာရည်နဲ့ ဇိမ်ခံရေချိုးခြင်းပါပဲ။ စိတ်အာရုံတွေ ကြည်လင်လန်းဆန်းပြီး တစ်နေကုန် ပင်ပန်းထားတဲ့ ခန္ဓာကိုယ်ကို အကြောအချဉ်တွေပါ ပြေလျော့သွားစေဖို့ ပျိုမေတို့ သုံးသင့်တဲ့ ရေချိုးဆပ်ပြာရည်တစ်မျိုးကတော့ LUX က အသစ်ထုတ်လုပ်လိုက်တဲ့ Lavender Lush လေးပါပဲ။ သူ့မှာပါဝင်တဲ့ ပြင်သစ်လာဗင်ဒါပန်းတွေက လန်းဆန်းပြီး သင်းပျံ့ တဲ့ မွှေးရနံ့ကို ပေးစွမ်းနိုင်ကာ သံပုရာသီးပါဝင်တဲ့အတွက် စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။ နောက်တစ်နေ့အတွက် တက်ကြွရွှင်လန်းတဲ့ စိတ်နဲ့ခန္ဓာကိုယ်ကို ရရှိစေဖို့ လာဗန်ဒါပန်းရနံ့လေးက သင့်ကို ကူညီပေးမှာပါ။ သင့်အတွက် နေ့ရက်တိုင်းက လန်းဆန်းကြည်လင်နေမယ်လို့ ယုံကြည်ပါတယ်နော်။

READ
ကောင်လေးတွေကြိုက်တဲ့ ကောင်မလေးတွေရဲ့ ဆွဲဆောင်မှုများ

Sponsored by LUX

SHARE