(၇၇)ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ ထူးခြားချက်များ

Instagram/JasonMomoa

နှစ်စဉ်လိုလို ပေးအပ်လေ့ရှိတဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲကြီးကတော့ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ဆုအတွက် ရမယ်လို့ ထင်ထားတဲ့ Joker ရုပ်ရှင်ထဲက Joaquin Phoenix ကလည်း အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး Brad Pitt တို့  ဒါရိုက်တာ Quentin Tarantino တို့ကလည်း ထူးချွန်ဆုအသီးသီးရရှိခဲ့ကြပါတယ်။ (၇၇) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ထူးခြားချက်လေးတွေ တချို့ရှိနေပါတယ်။ အဲဒီထဲက တချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

– စွပ်ကျယ်ဂျိုင်းပြတ်နဲ့ ပွဲထဲမှာထိုင်နေတဲ့ Jason Momoa

YouTube/NBC

ကျနော်တို့ရဲ့ အကွာမန်းမင်းသား Jason Momoa ကြီးဟာ ခမ်းနားလှပါတယ်ဆိုတဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲထဲမှာ စွပ်ကျယ်ဂျိုင်းပြတ်နဲ့ပဲ နေခဲ့ပါတယ်။ သူ လာတုန်းကတော့ အပေါ်ဂျာကင်ဝတ်ပြီး ပွဲတက်လာခဲ့ပေမယ့် ပွဲခင်းထဲမှာတော့ မြင်ရတဲ့အတိုင်း  Jason Momoa ကြီးက တကယ်ပဲ အပေါ်အကျီ င်္ကို ချွတ်ပြီး ထိုင်နေတာပါ။

– ဘရက်ပစ်ကို ငေးကြည့်နေတဲ့ ဂျင်နီဖာအင်စတန်

YouTube/NBC

တချိန်တုန်းက အိမ်ထောင်ဖက်တွေဖြစ်ခဲ့ဖူးတဲ့ ယောက်ျားဟောင်းဖြစ်သူ ဘရက်ပစ်ကို ဂျင်နီဖာအင်စတန်က ဘရက်ပစ်ဆုနေစဉ်မှာ ငေးကြည့်နေခဲ့တဲ့ ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဘရက်ပစ်ဟာ Once Upon a Time in Hollywood ရုပ်ရှင်ကားနဲ့ best supporting actor ရွှေကမ္ဘာလုံးဆု ရရှိခဲ့တာပါ။ သူ့ရဲ့  ဆုလက်ခံမိန့်ခွန်းပြောကြားရာမှာတော့ ဘရက်ပစ်က Dating ကိစ္စနဲ့ ပတ်သက်ပြီး အရွှန်းဖောက်လိုက်ချိန်မှာ ဘရက်ပစ်ကို ချိန်ထားတဲ့ ကင်မရာတွေက ဂျင်နီဖာအင်စတန်ထိုင်နေတဲ့ နေရာကိုရွေ့သွားကြပါတယ်။

အင်တာနက်ပေါ်က လူတွေကတော့ သူတို့နှစ်ယောက်ကို ပြန်ပေါင်းထုတ်စေချင်နေကြပါတယ်။

– ကော်ဇော်နီကို မဖြတ်ဘဲနဲ့ ပွဲထဲရောက်လာတဲ့ ဘီယွန်စေးတို့ အတွဲ

 

View this post on Instagram

 

A post shared by Beyoncé (@beyonce) on

Beyoncé နဲ့ Jay-Z တို့ အတွဲဟာ ပွဲထဲကို သွားဖို့ထားထားတဲ့ ကော်ဇော်နီကို မဖြတ်သွားဘဲနဲ့ ရှိုးပွဲလုပ်မှ ပွဲခင်းထဲ ရောက်နေကြပါတယ်။Ellen DeGeneres ကို ဆုပေးဖို့အတွက် ဘီယွန်စေးတစ်ယောက် စတိတ်စင်ပေါ်တက်လာချိန်မှာတော့ ပရိသတ်တွေက အံ့အားသင့်သွားရပါတယ်တဲ့။

ပွဲထဲ ရောက်နေပြီး သတင်းယူနေတဲ့ Scott Feinbergဆိုသူတစ်ယောက်ရဲ့ ပြောကြားချက်အရတော့ သူတို့လင်မယားဟာ ပွဲမပြီးခင်မှာပဲ ထပြန်သွားကြပါသတဲ့။

– ဂျန်ဒါခွဲခြားမှုတိုက်ဖျက်ရေးကန်ပိန်းအတွက် လက်စွပ်

READ
မျက်နှာပေါ်မှာ တက်တူးထိုးပြီး ချစ်သက်သေ ထူလိုက်ပြန်တဲ့ Justin Bieber

 

သူတို့ဆီက ပရိသတ်တွေဟာ မင်းသား-မင်းသမီးတွေ ဘာတွေ ဘယ်လိုကို ဘယ်နေရာမှာ ဝတ်လာသလဲဆိုတာကို အသေးစိတ်က အစ မြင်တတ် ကြည့်တတ်သူတွေပါ။ အခုလည်း “Crown” မှာ ပါဝင်ခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ Olivia Colmanရဲ့ လက်စွပ်ဟာ သာမန်တွေ့နေမြင်နေကျ လက်စွပ်တစ်ကွင်းမဟုတ်ခဲ့တာကို သတိထားမိခဲ့ကြပါတယ်။

၅၀ အချိုး ၅၀ Equal Representation For Actresses ဆိုတဲ့ စာတမ်းတွေပါတဲ့ စက်ဝိုင်းပုံစံလက်စွပ်ကို ဝတ်ဆင်ထားတာပါ။ အဲဒီ 50:50 ဆိုတာက ဟောလိဝုဒ်မှာ လက်ရှိလုပ်နေတဲ့ ကျား-မ တန်းတူညီမျှမှုနဲ့ ယောက်ျား မိန်းမ မျှတသောဆက်ဆံမှုကမ်ပိန်းကို ရည်ညွှန်းတာဖြစ်ပါတယ်။

– Margot Robbie ရဲ့ ဝတ်စုံ

READ
ထိတ်လန့်ခြောက်ခြားစရာတွေ အပြည့်နဲ့ သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားကြီး

 

ရွှေကမ္ဘာလုံးဆုပေးပွဲကို တက်ရောက်လာတဲ့ ဟာလီကွင်းမင်းသမီးဖြစ်သူ Margot Robbie ရဲ့ ဝတ်စုံမှာ အိတ်ထောင်တွေပါဝင်ပါတယ်။

ဒါပေမယ့် အဲဒီအိတ်ထောင်တွေဟာ ရိုးရိုးအိတ်ထောင်တွေတော့ မဟုတ်လှပါဘူး။ sequins နဲ့ beads လေးတွေ အခု ငါးထောင်ကျော်နဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ အဲဒီလို ပုံစံထွက်လာဖို့အတွက် desinger ဟာ နာရီပေါင်း (၂၂၅) နာရီလောက် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

 

Ye Yint Kyaw

SHARE