သင် မရောက်ဖူးသေးတဲ့ ကမ္ဘာပေါ်က အိပ်မက်ဆန်ဆန်နေရာများ

ကမ္ဘာပေါ်မှာ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ထူးဆန်းထွေလာ နေရာတွေ အများကြီးရှိပါတယ်။ ပေါ်တူဂီနိုင်ငံက Benagil ပင်လယ်ဂူဟာဆိုရင် ထူးခြားစွာ ပင်လယ်ထဲက ကျောက်ဆောင်တွေ ဖြစ်တည်နေတာဖြစ်ပြီ ဓာတ်ပုံရိုက်ဖို့အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်သလို ကမ္ဘာလှည့် ခရီးသွား အများဆုံး လာရောက်ကျတဲ့ နေရာတစ်ခုပါ။ ဒီနေရာတစ်ခုတည်း မဟုတ်ပါဘူး… ကမ္ဘာပေါ်မှာ သဘာဝတရားကြီးက ဖန်တီးထားတဲ့  အိမ်မက်ဆန်ဆန် နေရာတွေများစွာရှိပါသေးတယ်။ ကိုယ့်ဟာနဲ့ ကိုယ်ဆိုရောက်ဖို့ မလွယ်တဲ့နေရာတွေဖြစ်လို့ အားလုံး သိရှိစေရန် အလို့ငှာ စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဒါက Benagil ဂူဖြစ်ပါတယ်…..
travelersmcgee / Reddit
အိုက်စလန်နိုင်ငံ ဟိုက်လန်းမှာ ပေါ်ပေါက်နေကျဖြစ်တဲ့ အရောင်တွေက သိပ်ကို ထူးခြားအံသြဖွယ်ကောင်းလှပါတယ်။
simona_br_photography / Instagram
အိပ်မက်ကျွန်း
wanderwomeninc / Instagram
အိန္ဒိယနိုင်ငံက Kolukkumalai လက်ဖက်ခင်းဟာလည်း ပန်းချီကားချပ်အတိုင်း ဖြစ်ရှိနေတာပါ….
rakesh.pulapa / Instagram
စကော့တလန်နိုင်ငံ Staffa ကျွန်းက Fingal ဂူဟာလည်း လူဖန်တီးထားတဲ့အတိုင်းပါပဲ….
fabseka / Instagram
မက္ကဆီကို နိုင်ငံ Tlaxcala, Nanacamilpa မှာရှိတဲ့ ပိုးစုန်းကြူးတို့ ပျော်စံရာဟာလည်း အင်မတန် ရင်သပ်ရှုမောစရာပါပဲ။ 
pepe_soho / Instagram
သြစတေးလျနိုင်ငံက ပန်းရောင်ရေတွေစီးဆင်းနေတဲ့ Hillier ရေကန်ဖြစ်ပါတယ်။
sunsetallovertheworld / Instagram
ဂျပန်နိုင်ငံက Aogashima လို့ခေါ်တဲ့ မီးတောင်ကျွန်ငယ်လေးဖြစ်ပါတယ်။
culturajaponesablog / Instagram
Uyuni, ဘိုလစ်ဗီယားနိုင်ငံက ဆားခဲပြင်ပါ…..
oncloudpeak / Instagram
Peru နိုင်ငံထဲက Huacachina ဆိုတဲ့ အိုအေစစ်ပါ… ဘယ်လောက်ဆန်းကြယ်သလဲ ကြည့်ပါဦး….
only__nature / Instagram
ဒါကတော့ မက္ကဆီကိုနိုင်ငံ Naica မိုင်းတွင်ထဲက ဧရာမ Selenite Crystal တွေပဲဖြစ်ပါတယ်။ 
blackfawnjewelry / Instagram
နယူးဇီလန်က Waitomo Glowworm ဂူတွေရဲ့ အပေါ်နံရံတွေဟာဆိုလည်း မသိရင်ကြယ်စုတွေကို မြင်နေရသလိုပါပဲ….
mia_mixy / Instagram
ဒီ နဂါးသွေးကြောပင်တွေ ပေါက်ရောက်ရှင်သန်နေတာကြောင့် ယီမင်နိုင်ငံက Socotra ကျွန်းဟာ နာမည်ကြီးပါတယ်။
adrien500 / Instagram
မော်လ်ဒိုက်က Vaadhoo ကျွန်းမှာ ရှိတဲ့ ကြယ်ပင်လယ်ပါ။ 
zeh_beaut / Instagram

Matthew

READ
တစ်ခါလောက်အလည်အပတ်သွားကြည့်သင့်တဲ့ နတ်သမီးပုံပြင်ဆန်ဆန်ဂျာမန်ရွာလေးများ

Source : Brightside

 

SHARE