ကြံ့ချိုတွေခိုးဖို့လာရင်း ဆင်အသတ်ခံရပြီး ခြင်္သေ့အုပ်အစာဖြစ်ခဲ့ရတဲ့ မှောင်ခိုသမား

တောင်အာဖရိကအမျိုးသားဥယျာဉ်တစ်ခုဖြစ်တဲ့ ကရူဂါဥယျာဉ်ထဲမှာ ကြံ့ချိုခိုးဖို့လာသူလို့ ယူဆရတဲ့ မှောင်ခိုသမားတစ်ယောက်ကို အသက်ကင်းမဲ့လျက် တွေ့ရှိခဲ့ရပါတယ်။ သေဆုံးသူရဲ့ ဦးခေါင်းခွံနဲ့ ဘောင်းဘီတစ်စုံသာ တွေ့ရှိခဲ့တာဖြစ်ပြီး ထိုသူဟာ ဆင်နင်းအသတ်ခံရပြီးနောက် ခြင်္သေ့အုပ်ရဲ့အစာ ဖြစ်ခဲ့တယ်လို့ သုံးသပ်ထားပါတယ်။ ၄င်းဖြစ်ရပ်ဟာ တနင်္လာနေ့တုန်းက ကရူဂါဥယျာဉ်ထဲကို အမျိုးသား(၅) ဦး တရားမ၀င် ၀င်လာတယ်ဆိုတဲ့ သတင်းထွက်အပြီးမှာ တွေ့ရှိရတာပါ။

pexels

၎င်းအမျိုးသားတွေဟာ ကြံ့ချိုတွေ ဖြတ်ပြီး ခိုးယူဖို့ ၀င်လာတယ်လို့ ယူဆရပါတယ်။ ကြံ့ချိုတွေ ဖြတ်ခိုးဖို့လာရင်း တစ်ယောက်ကတော့ ဆင်နဲ့တွေ့ပြီး အသတ်ခံလိုက်ရပုံရပါတယ်။ ဒီအခါ သူနဲ့အတူပါလာတဲ့ ကြံရာပါတွေဟာ မနက်မိုးလင်းတဲ့အခါ အလောင်းကို လူမြင်အောင်လို့ ဆိုပြီး လမ်းမဘေးကို ရွှေ့ခဲ့ကြပါတယ်။ ပြီးတဲ့နောက် ဥယျာဉ်ထဲကနေ ထွက်ခွာသွားခဲ့ကြပါတယ်။ အလောင်းဟာ ကံဆိုးချင်တော့ ခြင်္သေ့အုပ်နဲ့ တွေ့ပြီး ခြင်္သေ့အစားခံလိုက်ရကာ နောက်ဆုံးမှာ ခေါင်းခွံနဲ့ ဘောင်းဘီသာ ကျန်ခဲ့တာ ဖြစ်ပါတယ်။

cnn

သေဆုံးသူရဲ့ မိသားစုကိုတော့ တောခေါင်းတွေဟာ ဆက်သွယ်နိုင်ပြီး ၀မ်းနည်းစကားဆိုခဲ့ကြပါတယ်။ တောခေါင်းတစ်ဦးကတော့ “… ကရူဂါအမျိုးသားဥယျာဉ်ထဲကို တရားမ၀င် ၀င်တာက အန္တရာယ်များလွန်းပါတယ်။ အခု အဖြစ်ကိုပဲ ကြည့်ပါ။ သေဆုံးသူရဲ့  သမီးတွေကလည်း သူ့အဖေအကြောင်းကြားတော့ ငိုနေကြတယ်။ ပိုဆိုးတာကတော့ အလောင်းက အကောင်အထည် ဘာမှ ပြန်မရပဲ ခေါင်းခွံနဲ့ ဘောင်းဘီလေး တစ်ထည်ပဲ ကျန်ခဲ့တာပါ။” လို့ ဆိုပါတယ်။

READ
မျက်ခွံပေါ်မှ တွဲကျနေတဲ့အကြိတ်ကြီးကြောင့် ဒုက္ခရောက်နေရတဲ့အင်ဒိုနီရှားအမျိုးသား
cnn

သေဆုံးသူနဲ့ အပေါင်းပါဖြစ်တဲ့ မှောင်ခိုသမား(၄) ဦးအနက်မှ (၃) ဦးကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ ထိုသူတွေကို ဥယျာဉ်ထဲကို ကြံသတ်ဖို့ ရည်ရွယ်ချက်နဲ့ ကျူးကျော်ဝင်ရောက်မှု၊ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကို လိုင်စင်မရှိပဲ ပိုင်ဆိုင်မှု စတာတွေနဲ့ စွဲချက်တင်ထားပါတယ်။ အာဖရိကန်ကြံ့တွေကို မသမာသူတွေဟာ ကြံ့ချိုတွေ ရယူလိုစိတ်နဲ့ သတ်ဖြတ်ကြပါတယ်။ အချို့ကလည်း ကြံ့ချိုကို ကာမအားတိုးဆေးဖော်စပ်ရာမှာ အသုံးပြုပြီး ကမ္ဘာအရပ်ရပ်က အချို့နေရာတွေမှာဆိုရင် ကြံ့ချိုတွေဟာ ကိုကိန်းထက်တောင် ပိုအဖိုးတန်ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: CNN

SHARE