‘Baeksang Arts Awards’ မှာ host အဖြစ်မြင်တွေ့ရဦးမယ့် Suzy နဲ့Park Bo Gum

twitter/ @kdrama tweets

အဆိုတော်၊ သရုပ်ဆောင်မလေး Suzy နဲ့ မင်းသားချော Park Bo Gum တို့ဟာ ဒီနှစ် ‘Baeksang Arts Awards’ ဆုပေးပွဲမှာ host အဖြစ် အတူတူမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ May 13 ရက် ဒီနေ့မှာတော့ ‘56th Baeksang Arts Awards’ ဆုပေးပွဲအခမ်းအနားမှာ Suzy, Park Bo Gum နဲ့ entertainer Shin Dong-yeop တို့က host အဖြစ် ပါဝင်သွားမယ်ဆိုတဲ့အကြောင်းကို ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။

Suzy, Park Bo Gum နဲ့ entertainer Shin Dong-yeop တို့ဟာ 2018 နှစ်အစတုန်းကလည်း အတူတူ host အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ဖူးကြပြီး ပြီးခဲ့တဲ့ နှစ်မှာလည်းတစ်ခါ host အဖြစ် လုပ်ကိုင်ခဲ့ဖူးကြပါသေးတယ်။ အခုဆိုရင် သူတို့သုံးယောက်ရဲ့ တတိယအကြိမ်မြောက် အတူတူ host အဖြစ်လုပ်ကိုင်မယ့် ပွဲပဲဖြစ်ပါတယ်။

သူတို့သုံးယောက်ရဲ့ လူတွေကို ဆွဲဆောင်နိုင်မှု၊ စကားပြောကောင်းခြင်းနဲ့ hosting skill ကအရမ်းကောင်းတဲ့အတွက် ပိုပြီးလူကြိုက်များလာခဲ့ကြတာ ဖြစ်ပါတယ်။ တကယ့်ကို အရည်အချင်းရှိတဲ့ သူတွေဖြစ်သလို Shin Dong-yeop က host အဖြစ် ခြောက်ကြိမ်၊ Suzy က ငါးကြိမ်နဲ့ Park Bo Gum ကတော့ သုံးကြိမ်မြောက်အဖြစ်  ‘Baeksang Arts Awards’ ဆုပေးပွဲမှာ host အဖြစ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

ဒီဆုပေးပွဲအခမ်းအနားမှာတော့ များစွာသော ဆုတွေကို ချီးမြှင့်ပေးသွားမှာဖြစ်ပြီး television နဲ့ film အမျိုးအစားတွေထဲကနေ ရွေးချယ်သွားမယ်လို့ သိရပါတယ်။ ‘Best Drama’, ‘Best Entertainment Show’, ‘Best Educational Show’, ‘Best Supporting Actor & Actress’, ‘Best New Actor & Actress’, ‘Best Film’, ‘Best Director’, ‘Best Script’ နဲ့ တစ်ခြားသော ဆုတွေကိုလည်း ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ ‘Baeksang Arts Awards’ ရဲ့ schedule ကိုတော့ June 5 ရက်နေ့ 5pm, KST ရုပ်သံမှာ ကြေညာသွားမှာ ဖြစ်ပါတယ်။ ဒီဆုပေးပွဲအစီအစဉ်ကို ပရိတ်သတ်တွေအားလုံး ကြည့်ရှုလို့ရအောင် online ကနေ ထုတ်လွှတ်ပေးသွားမှာပဲ ဖြစ်ပါတယ်နော်။

READ
မိသားစုတွေနဲ့အတူ နှစ် (၁၀၀)တိုင် ဒီလိုနေချင်သေးတယ်ဆိုတဲ့ နေခြည်ဦး

Khin

 

SHARE