အမျိုးသမီး Kpop star တွေထဲမှာ ဈေးအကြီးဆုံးနဲ့ အကြီးဆုံးအိမ်ကို ပိုင်ဆိုင်ထားတဲ့ Suzy

ig/@skuukk_zky

မင်းသမီးချော Suzy ဟာ အမျိုးသမီး Kpop star တွေထဲမှာ ဈေးအကြီးဆုံးနဲ့ အကြီးဆုံးအိမ်ကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ကြောင်းကို ဖော်ပြခြင်း ခံခဲ့ရပါတယ်။ April 29 ရက်နေ့က chatting show တစ်ခုဖြစ်တဲ့ ‘TMI NEWS’ ဆိုတဲ့ အစီအစဉ်မှာ ‘Female Kpop Star’s Luxurious Houses’ ဆိုတဲ့စာရင်းမှာ Suzy ကထိပ်ဆုံးမှာ ပါဝင်နေခဲ့ပါတယ်။

 

View this post on Instagram

 

#백두산 2019.12 🎬 #최지영 🙄

A post shared by 숮이 💄💅👡👠🎀👙🌂👗🌂🎀💋💌 (@skuukzky) on


ဒီအစီအစဉ်မှာတော့ Suzy နေထိုင်လျက်ရှိတဲ့ အိမ်ဟာ Nonhyeon-dong, Seoul မှာဖြစ်ကြောင်းကို ပြောပြခဲ့ပါတယ်။ Nonhyeon-dong ဟာ ဆိုလ်းမြို့ရဲ့ ဈေးမြင့်ပြီး လူချမ်းသာတဲ့ နေထိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

 

View this post on Instagram

 

해리고 출근안하고 셀카찍기. 오늘도 본방사숮 🙄💜

A post shared by 숮이 💄💅👡👠🎀👙🌂👗🌂🎀💋💌 (@skuukzky) on


Suzy နေထိုင်လျက်ရှိတဲ့ အိမ်ဟာ 4768 sq ft ကျယ်ဝန်းပါတယ်။ သူမရဲ့ အရမ်းကို အဆင့်အတန်းမြင့်တဲ့ အိမ်ထဲမှာတော့ အိပ်ခန်းလေးခန်း၊ ရေချိုးခန်း သုံးခန်းပါဝင်ပြီး ကြမ်းခင်းတွေကိုတော့ တကယ့်ကို အနုပညာလက်ရာမြောက်အောင် အလှဆင်ထားပါတယ်။


သူမရဲ့ အရမ်းကို ခမ်းနားလှတဲ့ အိမ်အတွက် ကုန်ကျစရိတ်ဟာ 4 billions အထိ ရှိပြီဖြစ်ပါတယ်။ မင်းသမီးချော Suzy ဟာ ခုချိန်မှာတော့ အမျိုးမသီး Kpop star တွေထဲမှာ ဈေးအကြီးဆုံးနဲ့ အကျယ်ဝန်းဆုံးအိမ်ကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။

READ
အောင်ရဲလင်းနဲ့ မိုးဟေကိုတို့အတူတွဲသရုပ်ဆောင်ထားတဲ့ သီချင်းဗီဒီယိုထွက်ရှိ

Khin

SHARE