လူသားတွေကို Mask တပ်ထားဖို့ တစ်ဖက်လှည့်နည်းနဲ့ အကြံပေးခဲ့တဲ့ ဘဲငန်းလေး

[email protected]

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်ပွားနေတဲ့ အချိန်ဖြစ်တာကြောင့် လူတိုင်းနီးပါး အိမ်မှာ နေထိုင်နေရတဲ့ အချိန်ပါပဲ။ ဘယ်အချိန်ကာလမှာမှ ပြီးဆုံးနိုင်မှန်းမသိတဲ့ ဒီရောဂါကြီးကြောင့် လူတိုင်းနီးပါးဟာ စားသတိ၊ လာသတိ၊ သွားသတိနဲ့ အိမ်မှာ နေနေရတာပါ။ မဖြစ်မနေအကြောင်းကြောင့် အပြင်ထွက်ရမယ်ဆိုရင်လည်း Mask ကို မဖြစ်မနေကို တပ်ထားရမှာပါပဲ။ အခုလည်း အမျိုးသမီးတစ်ဦးဟာ Mask ကို မတပ်ပဲ ဒီအတိုင်းမေးအောက်မှာ သိုင်းထားတာကြောင့် ဘဲငန်းလေးတစ်ကောင်ဟာ တစ်ဖက်လှည့်နည်းလမ်းနဲ့ အဆိုပါအမျိုးသမီးကို Mask တပ်ဖို့ အကြံပေးခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ လမ်းဘေးတစ်နေရာက ဘဲငန်းလေးကို တွေ့တဲ့အချိန်မှာ အနည်းကပ်ကြည့်ရှု့ချင်ဇောနဲ့ အဆိုပါ ဘဲငန်းလေးအနားကို ကပ်ခဲ့ပါတယ်။ အဆိုပါအမျိုးသမီး အနားကို ကပ်လာတာနဲ့ တစ်ပြိုင်နက် ဘဲငန်းလေးဟာ အမျိုးသမီးကို ထိုးဆိတ်ခဲ့ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင်တော့ ထိုးဆိတ်လိုက်တယ်လို့ ထင်ကောင်းထင်ရမှာပါ။ ဒါပေမယ့် တစ်ဖက်ကကြည့်လိုက်ရင်လည်း ဘဲငန်းလေးကြောင့် အမျိုးသမီးချွတ်ထားတဲ့ Mask ဟာ ကွက်တိ နှာခေါင်းနဲ့ ပါးစပ်ကို ဖုံးထားပြီးသားပုံစံ ဖြစ်ခဲ့ပါတယ်။

READ
ရုပ်ရှင်ပိုစတာတွေထဲ ဖြတ်ညှပ်ကပ်အလုပ်ခံလိုက်ရတဲ့ Corgi ခွေးလေး Maxine

 

၂ စက္ကန့်သာကြာတဲ့ ဒီဗီဒိယိုဖိုင်လေးဟာ ဆိုရှယ်မီဒီယာမှာ ကြည့်ရှု့သူ ၂၆ သန်း နီးပါးရှိခဲ့ပြီး လူကြိုက်များတဲ့ ဗီဒီယိုတစ်ခု ဖြစ်ခဲ့ပါတယ်။ လူတော်တော်များများကလည်း ဘဲငန်းလေးကို ချီးကျူးခဲ့သလို Mask မတပ်ပဲ နေနေတဲ့ အမျိုးသမီးကိုလည်း ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တစ်ချို့ကျတော့လည်း တိရစ္ဆာန်တစ်ကောင်ဟာ လူတစ်ယောက်ရဲ့ စဉ်းစားဥာဏ်ထက်သာနေတယ်ဆိုတာ ဒီလိုမျိုးအဖြစ်အပျက်တွေက သက်သေပြနေကြောင်း comment တွေ ဝိုင်းရေးခဲ့ကြပါတယ်။

[email protected]

Pyi Hein Kyaw

SHARE