စူပါဟီးရိုးလိုဝတ်ဆင်ပြီး ကလေးဆေးရုံကို သွားရောက်ဖျော်ဖြေခဲ့တဲ့ SWAT ရဲတပ်ဖွဲ့

Facebook/Toledo Police Department

ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့၊ အကြမ်းဖက်မှုတွေကို ဖြေရှင်းဖို့အတွက် အထူးစပါယ်ရှယ်လေ့ကျင့်ထားတဲ့ စစ်သားတွေပါတဲ့  SWAT တပ်ဖွဲ့ဟာ ဒီတစ်ခါတော့ ကလေးဆေးရုံကို ဝင်ရောက်ခဲ့ကြပါတယ်။ ဒီတစ်ခါတော့ ဆေးရုံထဲကို ဝင်ရောက်တာဟာ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးဖို့မဟုတ်သလို အကြမ်းဖက်သမားတွေကို ကိုင်တွယ်ဖို့မဟုတ်ပါဘူး။ သူတို့ ဝတ်ဆင်နေကြ စစ်လက်နက်အပြည့်အစုံနဲ့ ဝတ်စုံတွေနဲ့ ကလေးဆေးရုံကို ဝင်လာခြင်းမဟုတ်ခဲ့ပါဘူး။  သူတို့ဟာ တိုက်ခိုက်ရေးဝတ်စုံတွေအစား လင်းနို့လူသား၊ ပင့်ကူလူသား၊ Iron Man ၊ Captain America ၊ Ant Man ၊ Deadpool စတဲ့ ကလေးငယ်တွေရဲ့ အသည်းစွဲ စူပါဟီးရိုးဇာတ်ကောင်ဝတ်စုံတွေကို ဝတ်ဆင်ပြီး ရောက်ရှိခဲ့ကြတာပါ။

Posted by Toledo Police Department on Monday, September 16, 2019

ဟောလိုဝင်းပွဲတော်နေ့အတွက် ဒီလိုဝတ်ဆင်ပြီး ကလေးတွေကို ပျော်ရွှင်ဖို့၊ အံ့သြသွးစေဖို့အတွက် လာခဲ့ကြတာပဲဖြစ်ပါတယ်။ ဟောလိုးဝင်းပွဲတော်နေ့ဟာ လူတွေရဲ့ ပျော်ပွဲရွှင်ပွဲနေ့လေးတစ်နေ့ဖြစ်ပြီး ကလေးငယ်တွေကတော့ အပျော်ရွှင်ဆုံးပါပဲ။ ဒါပေမယ့် ဆေးရုံရောက်ရှိနေတဲ့ ကလေးငယ်တွေကတော့ အပြင်မှာ ကျင်းပနေတဲ့  ဟောလိုဝင်းပွဲတော်ကို ပါဝင်ခွင့်မရှိတဲ့အတွက် အခုလို စပိန်နိုင်ငံ Toledo မြို့က SWAT ရဲတပ်ဖွဲ့ဟာ စူပါဟီးရိုးဇာတ်ကောင်တွေ ဝတ်ဆင်ပြီး ဟောလိုဝင်းပွဲတော်ကို ကျင်းပခဲ့တာပါ။

ကလေးငယ်ပေါင်းများစွာက သူတို့ ဒီလို ဝတ်စားလာခဲ့ကြပုံတွေကို ကြည့်ပြီး အလွန်ပျော်ရွှင်ခဲ့ကြပါတယ်။ ပင့်ကူလူသားဝတ်စုံဝတ်ထားတဲ့ ရဲတစ်သားတစ်ယောက်ဟာ တကယ့်ပင်ကူလူသားတစ်ယောက်လို နံရံပေါ်မှာ တွယ်ချိတ်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ 

အဆိုပါ ကလေးဆေးရုံမှာ ကင်ဆာရောဂါနဲ ဆေးကုသမှုခံယူနေတာ သုံးနှစ်ရှိသွားပြီဖြစ်တဲ့ Orion Provost ဆိုတဲ့ ကလေးငယ်အတွက် အဲဒီနေ့လေးဟာ လုံးဝကို အထူးစပါယ်ရှယ်နေ့လေးတစ်နေ့ပါပဲတဲ့။ ဘာကြောင့်လဲဆိုတော့ SWAT ရဲတပ်ဖွဲ့ ဒီလိုဝတ်ပြီး ကလေးဆေးရုံကိုလာတဲ့  နေ့ဟာ သူ့ရဲ့ ဆေးရုံတက်ရတဲ့ နောက်ဆုံးနေ့လေးပါပဲတဲ့။ ဆိုးရွားလှတဲ့ သွေးကင်ဆာရောဂါပျောက်သွားလို့ ဆေးရုံကနေ ဆင်းရနေတာ့မယ့် ကလေးလေးရဲ့ ပျော်ရွှင်မှုကို SWAT ရဲတပ်ဖွဲ့ဟာ ပိုပြီး ပျော်ရွှင်အောင် လုပ်ပေးလိုက်သလိုပါပဲ။

အခုလို ကလေးဆေးရုံကို လာရောက်တဲ့ ရဲတပ်ဖွဲ့ကတော့ သူတို့လည်း အတိုင်းမသိပျော်ရွှင်နေရတဲ့ အကြောင်းကို ပြောပြခဲ့ကြပါတယ်။

YYK

SHARE