သူမဟာLesbian ပါ၊ချစ်သူက ဂေဂေး ပါ ဆိုပြီး ဖွင့်ပြောလိုက်တဲ့ ဆွေဇင်ထက်

Image:Fb/Swe Zin Htet & Gae Gae

Miss  Universe Myanmar အလှမယ် ဆွေဇင်ထက်ကတော့ သူမဟာ Lesbian တစ်ယောက်ပါ ဆိုပြီး ဖွင့် ပြော လိုက်ပါတယ်။ာ LGBTQ အသိုင်းအ၀ိုင်း အတွက် သူမရဲ့ ခံစားချက်တွေနဲ့ ဆန္ဒတွေကို ရင်ဖွင့်ခဲ့ပါတယ်။လိင်တူ ချစ်မြတ်နိုးတာကို ပြစ်မှု တစ်ခုလို့ ထင် နေ မြင်နေ ကြတဲ့ အ ကြောင်းကိုပါ  ထုတ် ပြောခဲ့ပါတယ်။သူမဟာ လိင်တူ ချစ် မြတ်နိုးသူ တစ်ယောက် ဖြစ်တယ်လို့ ပြောခဲ့ပြီး Miss Universe အလှမယ်ပြိုင်ပွဲ သက်တမ်းတစ်လျှောက်မှာ အခုလို မျိုး ထုတ်ပြောတဲ့ ပထမဆုံး အလှမယ်ဖြစ်လာခဲ့ပါတယ်။အသက် (၂၁)နှစ်ရှိနေတဲ့ ဆွေဇင်ထက် ကတော့ People နဲ့ အင်တာဗျုးမှာ အခုလို မျိုး ပြောလိုက်တာပါ။”ကျမက lesbian တစ်ယောက်လို့  ထုတ်ပြောလိုက်ရင် မြန်မာ နိုင်ငံကို ပြန်ရောက်တဲ့ အခါ ကျရင် ဒါဟာ LGBTQ အသိုင်းအ၀ိုင်းကို အများကြီး  အကျိုးသက်ရောက်မှု ဖြစ်စေ လိမ့်မယ်..” ဆိုပြီး သူမက ပြောခဲ့ပါတယ်။

Image:fb/Swe Zin Htet
Image:Fb/Swe Zin Htet

“မြန်မာနိုင်ငံမှာက LGBTQ တွေကို လက်ခံ မပေးကြဘူး။အဲ့ဒီလူတွေကို အထင်သေးအမြင်သေးပြီး ခွဲ ခြား ဆက်ဆံ ကြတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။Fan တွေကို “Superman”  ဆိုပြီး ချစ်စနိုးခေါ်ကြတဲ့ ဆွေ ဇင်ထက်ကတော့ သူမဟာ anti-LGBTQ သဘောထားတွေကို ပြောင်းလဲ ပေးနိုင်ဖို့ မျှော်လင့် ကြောင်း ပြောခဲ့ပါတယ်။သူမကိုယ်သူမ လိင်တူ စိတ်ဝင်စားသူ တစ်ယောက်ဆိုတာကို တော့ အသက် (၁၅)နှစ် (၁၆)နှစ်လောက်မျာ စပြီး သိခဲ့တယ်လို့ ဆို ပါတယ်။နောက်ပိုင်းမှာတော့ သူမကိုယ်သူမ lesbian ဆိုတာကို လက်ခံ လာနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။လွန် ခဲ့တဲ့ ငါးနှစ် လောက်က မိဘ တွေကို ဒီအကြောင်း ဖွင့် ပြောတော့ မိဘ တွေက လက်ခံ မပေးခဲ့ကြောင်း၊ဒါပေမယ့် နောက် ပိုင်း LGBTQ အသိုင်းအ၀ိုင်း အ ကြောင်း ပိုသိလာချိန်မှာတော့ လက်ခံ ပေးခဲ့တယ်လို့ လည်း ပြောခဲ့ပါတယ်။

READ
စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ ရိုက်ထားတဲ့ ပုံရိပ်လေးကို မျှဝေပေးလိုက်တဲ့ ဝတ်မှုန်ရွှေရည်
Image:Fb/Swe Zin Htet
Image:Fb/Swe Zin Htet

ဆွေဇင်ထက်က တော့ သူမဟာ အဆိုတော် ဂေဂေးနဲ့ ချစ်သူတွေ ပါလို့လည်း ထုတ်ပြောခဲ့ပါတယ်။ချစ်သူ သက်တမ်း သုံးနှစ် ရှိနေပြီလို့ လည်း ပြောခဲ့ပါတယ်။သူမတို့ နှစ်ယောက်ဟာ ပါတီတစ်ခုမှာ ဆုံခဲ့ ပြီး ဒီ အကြောင်းကို လျှို့ဝှက် ထားခဲ့တာမို့ လူတော်တော်များများက ဒီအကြောင်းကို မသိကြဘူးလို့လည်း PEOPLE ကို ပြောပြခဲ့ပါတယ်။

Image:Fb/ Gae Gae
Image:Fb/Swe Zin Htet & Gae Gae
Image:Fb/Swe Zin Htet

Source:PEOPLE

SHARE