တော်ဝင်ပုဂ္ဂိုလ်တွေမလုပ်တဲ့ အပြုအမူကိုလုပ်ခဲ့လို့ ချီးကျူးခံနေရတဲ့ ဆွီဒင်ဘုရင်နဲ့ဘုရင်မ

Twitter- Air India

နိုင်ငံအကြီးအကဲတွေမဆိုထားနဲ့ ကျွန်တော်တို့လို သာမန်လူတန်းစားတွေမှာတောင်မှပဲ သွားလရာပိုက်ဆံအိတ်တောင်မကိုင်ရတဲ့ လူမျိုးတွေ ရှိကိုရှိနေပါတယ်။ ရာထူးကြောင့်၊ အာဏာကြောင့်၊ ကြွယ်ဝမှုကြောင့်၊ လေးစားခံရမှုကြောင့် စသဖြင့် ခစားချင်ကြသူတွေ၊ အခြေအရံတွေပေါများတာဟာ ကံကောင်းခြင်းတစ်မျိုးပါပဲ။

ဒါပေမဲ့ တချို့ပုဂ္ဂိုလ်တွေကျပြန်တော့လည်း ဒီလိုအစစအရာရာလိုက်လုပ်ပေးမယ့်လူတွေ ပေါများနေတာတောင်မှပဲ အရာရာအောက်ခြေသိမ်းကအစ ကိုယ့်လက်ကိုယ့်ခြေနဲ့လုပ်တတ်တဲ့သူမျိုးတွေ ရှိနေပါတယ်။ အဲဒီအထဲ ဆွီးက်ဘုရင်နဲ့ဘုရင်မကြီးကတော့ ပါဝင်လို့နေခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတာကိုတော့ Story Pick မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

တော်ဝင်ဘုရင် Carl Gustaf Folke Hubertus နဲ့ ဘုရင်မ Silvia Renate Sommerlath တို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့တုန်းက အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ကို ခရီးနှင်လာခဲ့ပါတယ်။ ဒီအကြောင်းကို ဘုရင်ကြီးနဲ့ ဘုရင်မကြီးတို့ စီးနင်းလိုက်ပါလာခဲ့တဲ့ လေကြောင်းလိုင်းမှ သူတို့အနေနဲ့ ဂုဏ်ယူကြောင်းကို Twitter မှာ ဓာတ်ပုံလေးတစ်ပုံနဲ့ တင်လာခဲ့ပါတော့တယ်။ အဲဒီ ဓာတ်ပုံနှစ်ပုံကြောင့်ပဲ လူတွေဟာ ဆွီဒင်ဘုရင်နဲ့ဘုရင်မကြီးတို့ရဲ့ တော်ဝင်မဆန်တဲ့ လုပ်ရပ်မျိုးကြောင့် ချီးကျူးနေခဲ့ကြပါတော့တယ်။

READ
အချစ်ဆုံးသူငယ်ချင်းက မျက်နှာ,လည်ပင်းတို့ကို ဓားနဲ့လှီးတာခံလိုက်ရတဲ့ ကောင်မလေး

ပထမတစ်ချက်ကတော့ ဆွီဒင်ဘုရင်နဲ့ဘုရင်မကြီးတို့ဟာ အိန္ဒိယသို့လာရာမှာ Air India လေယဉ်ရဲ့ AI168 လေယာဉ်ကိုစီးနင်းလိုက်ပါလာခဲ့တာပါ။ တိုင်းပြည်တစ်ပြည်ရဲ့ဘုရင်နဲ့ဘုရင်မဖြစ်လင့်ကစား VIP မှာ မစီးခဲ့ဘဲ သာမန်ရိုးရိုးအဆင့်မှာပဲ စီးလာခဲ့တာပါတဲ့လေ။

Twitter- Air India
Twitter- Air India

နောက်တစ်ချက်ကတော့ ခရီးဆောင်အိတ်တွေပါပဲ။ ဘုရင်နဲ့ဘုရင်မကြီးတို့ဟာ လေယာဉ်ပေူကနေလည်းဆင်းရော သူတို့ရဲ့ hand-carry သယ်လို့ရတဲ့ ခရီးဆောင်အိတ်လေးတချို့ကို ကိုယ်တိုင်သယ်နေခဲ့ကြတာပါတဲ့။ ဘေးမှာ အစောင့်တွေရှိနေတာတောင်မှ ကိုယ်တိုင်သယ်ခဲ့ကြတယ်ဆိုတော့ တော်ဝင်သွေးနဲ့ဘုရင်၊ ဘုရင်မတို့အတွက်တော့ ထူးဆန်းတဲ့ကိစ္စတစ်ခုပါပဲလေ။

ဒါကိုလူတွေက ပြန်လည်မျှဝေကာ တခြားအာဏာရှင်တွေ၊ အုပ်ချုပ်သူတွေလည်း သူတို့ကို အတုယူသင့်ကြောင်း၊ တကယ်ကို ပြည့်ဝတဲ့ အုပ်ချုပ်သူဆိုတာ မမောက်မာကြောင်း စသဖြင့် ချီးကျူးထောပနာပြုထားခဲ့ကြပါတယ်။

READ
အမျိုးသမီးအင်္ဂါကဘက်တီးရီးယားတွေနဲ့ ထုပ်လုပ်ထားတယ်ဆိုတဲ့ဘီယာ

Penny

SHARE