ကမ္ဘာ့အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဖြစ်လာနိုင်ချေများနေတဲ့ ဆွီဒင်သူလေး

Twitter

Greta Thunberg ဟာ ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ (environmental activist) တစ်ဦးအဖြစ် အသက် ၁၄ နှစ် မပြည့်တပြည့် အချိန်ကတည်းက တစ်ဦးတည်း ရပ်တည်လာခဲ့သူပါ။ သို့ပေမယ့် (၂)နှစ်လောက်အကြာမှာတော့ Europe တစ်ခွင်က ဆယ်ကျော်သက် ကျောင်းသားကျောင်းသူလေးများ ပူးပေါင်းကာ Greta  ရဲ့ ဦးဆောင်မှုနဲ့ ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြခဲ့ကြရာမှ နိုင်ငံတကာရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။

အခုအချိန်မှာတော့ Greta  ဟာ အသက် ၁၆ နှစ်သာသာသာ ရှိသေးပြီး ဆွီဒင်အစိုးရမှ Greta ကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိစေဖို့အတွက် နာမည်တင်သွင်းပေးခဲ့ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းမှုတွေ စတင်မပြူလုပ်ပါက နောင်အနာဂတ်တွေမှာ ရာသီဥတုပြောင်းလဲတာတွေကြောင့် စစ်ပွဲတွေနဲ့ အငြင်းပွားဖွယ်ရာ ပတိပက္ခတွေ ဖြစ်ပွားလာနိုင်ချေရှိပါတယ်။ ဒါကြောင့်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ငြိမ်းချမ်းရေးဆိုတာ တိုက်ရိုက်မသက်ဆိုင်ပေမယ့် ဆင့်ပွားသက်ဆိုင်နေတဲ့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ တိုက်တွန်းအားပေးတဲ့နေရာမှာ အောင်မြင်ဆုံးဖြစ်နေတဲ့ Greta ကို နိုဘယ်ဆုစာရင်းထဲ သွင်းပေးခဲ့ရခြင်းဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် Freddy Andre Oevstegaard က ပြောခဲ့ပါတယ်။

Twitter

Greta ဟာ ၁၄ နှစ်သမီးတုန်းကတည်းက ပတ်ဝန်းကျင်ဆိုင်ရာ သတိပေးနှိုးဆော်ချက်တွေကို သောကြာနေ့တိုင်း ကျောင်းပျက်ပြီး တစ်ယောက်တည်း လမ်းမတွေထက်မှာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။ နောက်ပိုင်းမှာ သူမရဲ့ လုပ်ရပ်တွေကို Twitter ကနေတစ်ဆင့် တခြားသော ဆယ်ကျော်သက်တွေဆီကို သတင်းရောက်ကာ သူတို့ကပါ တက်ကြွစွာ ပါဝင်လာကြတာပဲဖြစ်ပါတယ်။ မတူညီတဲ့ကမ္ဘာအနှံ့နှံ့မှ ထောင်နဲ့ချီတဲ့ ဆယ်ကျော်သက်တွေကို စည်းကမ်းရှိရှိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ဖို့အတွက် ဦးဆောင်နိုင်တဲ့အတွက် လက်ရှိမှာလည်း TIME မဂ္ဂဇင်းမှ ၂၀၁၈ ခုနှစ်အတွက် အလွှမ်းမိုးနိုင်ဆုံး ဆယ်ကျော်သက်အဖြစ် သတ်မှတ်ခြင်းခံထားခဲ့ရပါတယ်။

READ
အလုပ်အသွားအပြန် (၁၁)မိုင်ခရီးအကွာအဝေးကို နေ့တိုင်းလမ်းလျှောက်တဲ့ အတုယူဖွယ်လူငယ်
Twitter
Twitter

လှုပ်ရှားမှုကိုတော့ Fridays For Future (#FridayForFuture) လို့ Twitter တို့ Facebook တို့မှာ နာမည်ကြီးနေပြီး သောကြာနေ့တိုင်း ကျောင်းပျက်ကြကာ လှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နေကြတာပဲဖြစ်ပါတယ်။ ၂၀၁၉ မတ်လ ၁၅ ရက်နေ့မှာ ပြုလုပ်နေပြီဖြစ်တဲ့ လှုပ်ရှားမှုမှာတော့ နိုင်ငံပေါင်း ၉၈ နိုင်ငံ၊ နေရာပေါင်း ၁၃၂၅ နေရာတို့ ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။ အရင်တုန်းကတော့ Europe တစ်ခွင်မှာပဲ သြဇာလွှမ်းမိုးနိုင်ခဲ့တဲ့ Greta ဟာ အခုအချိန်မှာတော့ China, Tanzania, Vanuatu, Cuba, Pakistan စတဲ့နိုင်ငံတွေပါ ပါလာခဲ့ကြပါပြီ။

 

လက်ရှိမှာတော့ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် စံကာတင်စာရင်းထဲ ပါဝင်နေဆဲဖြစ်တာကြောင့် အခုအချိန်အထိတော့ အသက်အငယ်ဆုံး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဟာ ၂၀၁၄ ခုနှစ်တုန်းက အသက် ၁၇ နှစ်နဲ့ ရရှိခဲ့တဲ့ Malala Yousafzai ပဲဖြစ်နေပါသေးတယ်။

READ
စုတ်တံလုံးဝမသုံးဘဲ မိနစ်ပိုင်းအတွင်း လက်ရာမြောက်ပန်းချီတွေ ဖန်တီးပြသွားတဲ့အမျိုးသား

Source: Twitter, TIME

Penny

 

SHARE