ထူးခြားကောင်းမွန်ပြီးအရသာနဲ့ပြည့်စုံတဲ့ ကြာစွယ်အချိုကြော်လေး ဘယ်လိုချက်မလဲ

ကြာစွယ်လေးတွေဟာ တကယ့်ကို စားလို့ကောင်းပြီး ဟင်းအမယ်အမျိုးမျိုးလုပ်စားလို့လည်း အဆင်ပြေပါတယ်။ ခုဖော်ပြပေးမယ့်နည်းလေးကတော့ ကြာစွယ်အချိုကြော်နည်းလေးဖြစ်ပါတယ်။

လိုအပ်သောပစ္စည်းများ

  • ကြာစွယ် (တစ်ပန်းကန်စာ)
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း
  • ဆီ အနည်းငယ်
  • ငံပြာရည် တစ်ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း (၁) ဇွန်း
  • ကြက်သားမှုန့် တစ်ဇွန်း
  • ခရုဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်း
  • ရေ အနည်းငယ်
  • ကြက်သွန်ဖြူ ၅ မွှာ

ချက်ပြုတ်ပုံအဆင့်ဆင့်

  • မထမဆုံးကြာစွယ်ကို ပါးပါးလေးလှီးလိုက်ပါ။
  • ဒယ်အိုးထဲကို ဆီထည့်ပြီးအပူပေးလိုက်ပါ။
  • ဆီအနည်းငယ်ပူလျှင် သကြား၊ ခရုဆီ၊ ငံပြာရည် ပဲငံပြာရည်တို့ကို ထည့်ပါ။
  • ပြီးလျှင်ကြက်သွန်ဖြူနှင့် ကြက်သွန်နီကိုထောင်း၍ ထည့်ပါ။
  • ကြက်သွန်ဆီပြန်လာလျှင် ကြာစွယ်ကိုထည့်၍ ရေအနည်းငယ်လောင်းပါ။
  • ပြီးလျှင် အဖုံးဖုံး၍ ဆီပြန်လာလျှင် အနံ့ အရသာနှင့်ပြည့်စုံသော ကြာစွယ် အချိုကြော်လေးကို စားသုံးနိုင်ပါပြီ။
READ
စင်္ကာပူကိုရောက်ရင် သွားစားသင့်တဲ့ ကိုးရီယားစတိုင် ကြက်ကြော်ဆိုင်(၇)ဆိုင်

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE