အထာကျကျ နဲ့အလှဆုံးပြုံးနေတတ်ဖို့ … ဒီအချက်တွေတော့လိုပါတယ်။

အပြုံးဆိုတာ ယဉ်ကျေးမှုတစ်ခုလိုပါပဲ။ အပြုံးက မိတ်ဆွေဖွဲ့ရာမှာလည်း အရမ်းအသုံးဝင်သလို ဘယ်နေရာရောက် အမြဲပြုံးနေတာကလည်း ကောင်းတဲ့အကျင့်တစ်ခုပါ။ သင့်အပြုံးကို မြင်သွားတဲ့ တခြားသူအတွက်လည်း ကောင်းစေနိုင်သလို သင့်မျက်နှာထားကိုလည်း ချိုသွားစေနိုင်ပြီး အပြုံးလေးက ဆွဲဆောင်မှုတစ်ခုလိုဖြစ်လာမှာပါ။ အထာကျကျ ပြုံးနေတတ်ဖို့ ဒီအချက်တွေတော့လိုပါတယ်။

(၁) ပြုံးနေတတ်ဖို့ ပုံမှန်လေ့ကျင့်ပေးပါ

Shutterstock

တကယ်လို့ မှန်ရှေ့မှာ ပြုံးတတ်ဖို့လေ့ကျင့်မယ်ဆိုရင် ပိုလွယ်တယ်။ သင့်စိတ်ခံစားချက်အရ ပျော်နေတဲ့အချိန် ပြုံးတဲ့အပြုံးမျိုးကို လေ့ကျင့်ပေးထာပါ ၊ ဒါမှ သဘာဝကျကျနဲ့ ပြုံးနေနိုင်မှာပါ။ သင့်အပြုံးတွေကိုလည်း ဓာတ်ပုံနဲ့ မှတ်တမ်းယူထားပါ ၊ ဒါမှ သင့်အပြုံးကိုပြန်ကြည့်နိုင်ပြီး ဘယ်လို အပြုံးမျိုးက သင့်နဲ့လိုက်ဖက်လဲ ဆိုတာသိနိုင်မှာပါ။ မှန်ရှေ့မှာ လေ့ကျင့်ပေးနေပါ။ နေသာကျသွားပြီးဆိုရင် မှန်မပါဘဲ လေ့ကျင့်ပေးပါ။ အားလုံးပြုံးပြရမယ်လို့ မဆိုလိုပေမယ့် သူတို့နဲ့ပတ်သက်တဲ့ စိတ်ခံစားချက်ပေါ်မှုတည်ပြီးမှ ပြုံးပါ။
(၂) ခံတွင်းနံ့ကောင်းနေပါစေ

READ
ငယ်ရွယ်စဉ်မှာမလုပ်သင့်တာလုပ်ခဲ့လို့ ကြီးလာရင်နောင်တရမယ့်အရာ(၅)ခု
Shutterstock

သင့်ကိုယ်သင်ယုံကြည်မှုရှိရှိနဲ့ပြုံးနေတတ်ဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် သွား နဲ့ ခံတွင်းနံ့ကောင်းနေဖို့တော့လိုတယ်။ ခံတွင်းနံ့ကောင်းနေမှ သင့်လည်း ယုံကြည်မှုရှိရှိနဲ့ ပြုံးနေနိုင်မှာပါ။ သွား နဲ့ လျှာ ကို ပုံမှန် (၂)ကြိမ်တိုက်ပေးပါ။ ပီကေ ကိုဆောင်ထားပေးပါ။
(၃) ပြုံးထားပါ

Shutterstock

မျက်နှာကြီး မဲ့ပြီး တည်တည်ကြီးဖြစ်နေတာထက် အပြုံးရှိနေတဲ့မျက်နှာက ပိုကြည့်ကောင်းပါတယ်။ တဖက်လူကိုလည်း အပြုံးလေးတွေကူးစက်သွားနိုင်လို့ စိတ်ထဲကြည်နှုးသွားစေနိုင်တယ်။ ကောင်းတာတွေကိုပဲတွေး ပြီး အမြဲပြုံးပြုံးလေးနေပေးပါ။ ဒီလိုနေပေးတာက သင့်တစ်နေ့တာကို ပိုကောင်းသွားစေပြီး စိတ်ပျော်လာမှာပါ။
Hannwe Soe

SHARE