ရွာထဲ ပြောင်းလာနေသူတိုင်းကို ဒေါ်လာ (၇) သောင်းထောက်ပံ့ပေးမယ့် ဆွစ်ဇာလန်ရွာ

Albinen လို့အမည်တွင်တဲ့ ဆွစ်ဇာလန်ရွာလေးဟာ လှပလွန်းလှတဲ့ ရှုခင်းတွေ၊ တောင်တန်းတွေနဲ့ ကာရံထားပါတယ်။ လှပပြီး ငြိမ်းချမ်းတဲ့ရွာလေးဟာ သူတို့ရွာကို ပြောင်းလာဖို့အတွက် မက်မောစရာကောင်းတဲ့ ငွေကြေးတစ်ခုဖြင့် ကမ်းလှမ်းနေပါတယ်။

Gerhard Mathieu

ရေမြေတောတောင်အလှတွေနဲ့ အေးချမ်းတဲ့ရာသီဥတုရှိတာကြောင့် ဆိတ်ငြိမ်တဲ့ ရွာလေးဖြစ်ပေမယ့်လည်း ဘဝလမ်းကြောင်း တိုးတက်ဖို့အတွက် လူငယ်မိသားစုနဲ့ လူငယ်အများစုတို့ဟာ မြို့ပြကြီးတွေသို့ ပြောင်းရွှေ့ကုန်ကြပါတယ်။ ဒါကြောင့် ရွာရဲ့လူဦးရေဟာ တဖြည်းဖြည်းကျဆင်းလာပြီး အခုဆိုလျှင်တော့ ရွာနေလူဦးရေဟာ အယောက် (၂၄၀) လောက်သာ ကျန်ရှိပါတော့တယ်။

Gerhard Mathieu
Gerhard Mathieu

လူငယ်လူရွယ်တွေ မရှိတော့တဲ့အတွက် စာသင်ကျောင်းတွေလည်း ပိတ်လိုက်ရပြီး ရွခံကလေးငယ် (၇) ဦးဟာ နီးစပ်ရာမြို့သို့သွားကာ ပညာသင်ဖို့အထိ ဖြစ်နေပါတယ်။ ဒါကြောင့် ရွာလေးပြန်စီကားပြီး စာသင်ကျောင်းတွေလည်း ပြန်ဖွင့်ရကာ၊ ရွာတွင်းစီးပွားရေးအခြေအနေ ပြန်ကောင်းဖို့အတွက် တာဝန်ရှိသူတွေနဲ့ ရွာခံတို့ပူးပေါင်းပြီး ရွာသို့လူများပြောင်းရွှေ့လာအောင် ရည်ရွယ်ကာ အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

Gerhard Mathieu
Gerhard Mathieu

ဒါကတော့ အသက် (၄၅) နှစ်အောက်ရှိသူ တစ်ဦးတည်း သို့မဟုတ် မိသားစုလိုက် Albinen ရွာသို့ပြောင်းလာပါက မိသားစု (၄) ယောက်ရှိသူများဆို ထောက်ပံ့ကြေးငွေ ဒေါ်လာ (၇) သောင်းရမည့်အပြင် ကံကောင်းလျှင် ပိုင်ရှင်မဲ့အိမ်တစ်လုံးကို အခမဲ့ သို့မဟုတ် ပေါချောင်ကောင်းဈေးဖြင့် ပိုင်ဆိုင်ရမှပါ။

READ
ဆိုရှယ်မီဒီယာပေါ် ရေပန်းစားနေတဲ့ ဂေါ်ရီလာကြီး Richard
Gerhard Mathieu

အသေးစိတ်ကတော့ လူကြီးတစ်ဦးလျှင် ဒေါ်လာ (၂၅၀၀၀) ထောက်ပံ့ငွေရမှာဖြစ်ပြီး ကလေးတစ်ဦးကိုတော့ (၁) သောင်းဆီ ထောက်ပံ့သွားမှာမို့ မိသားစု (၄) ယောက်ဆိုလျှင်တော့ (၇) သောင်းလောက်ရနိုင်မှာဖြစ်ပါတယ်။ ကလေးများလေ ထောက်ပံ့ကြေးပိုရလေဖြစ်တာကြောင့် ခင်ဗျားသာ ကလေး (၁၀) ယောက်မွေးထားမယ်ဆိုလျှင်တော့ ကလေးအတွက် ထောက်ပံ့ကြေးငွေချည်းပဲ ဒေါ်လာ (၁) သိန်းရမှာဖြစ်ပါတယ်။

Penny

Ref : Elite Readers , BoredPanda

SHARE