ယာဉ်တိုက်မှုထဲ ကလေးတွေအကုန်ပါသွားခဲ့တဲ့ ဖခင်တစ်ဦးရဲ့ ကြေကွဲဖွယ် မေတ္တာရပ်ခံချက်

7NEWS Australia

သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့နေ ဒယ်နီရယ် အက်ဘ်ဒူလာအမည်ရတဲ့ အမျိုးသားတစ်ဦးဟာ ကလေး (၆) ယောက် ဖခင်တစ်ဦး ဖြစ်ပါတယ်။ ဒယ်နီရယ်ဟာ ဖေဖော်ဝါရီလ (၁) ရက်နေ့ စနေနေ့ ည(၈) နာရီအချိန်မှာတော့ တစ်ပြိုင်တည်း ကလေး (၃) ဦးကို ဆုံးရှုံးသွားခဲ့ကြောင်း unilad သတင်းကနေ ၀မ်းနည်းဖွယ် သိခဲ့ရပါတယ်။

ဒယ်နီရယ်ရဲ့ကလေးတွေဟာ ရေခဲမုန့်ဝယ်စားမယ်ဆိုပြီး လမ်းလျှောက်ထွက်သွားကြရာမှာ ကားတစ်စီးက ကလေးတွေကို ၀င်တိုက်ခဲ့တာကြောင့် ကလေးတွေအားလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူကလေးတွေဟာ အသက် (၁၃) နှစ်အရွယ် အန်တိုနီ၊ အသက် (၁၂) နှစ်အရွယ် အိန်ဂျလီနာနဲ့ အသက် (၉) နှစ်အရွယ် ဆီယန်နာတို့ဖြစ်ပါတယ်။

သားသမီးသုံးယောက်စလုံး ရုတ်တရက် သေသွားတဲ့အပေါ် ဒယ်နီရယ်ကတော့ များစွာ စိတ်ထိခိုက်လို့ နေပါတယ်။

READ
ချစ်တင်းနှောဖို့ ငြင်းဆိုခဲ့လို့ ချစ်သူကို ရိုက်နှက်ခဲ့တဲ့ အမျိုးသား

“ကျွန်တော် ဘာပြောရမလဲတောင် မသိတော့ဘူး။ လူက ထုံနေတယ်။ ဘာခံစားမှုမှ မရှိတော့သလိုမျိုးပဲ။ ကျွန်တော်ပြောချင်တဲ့စကားက ယာဉ်မောင်းတွေကိုပါ။ သတိရှိရှိနဲ့ ယာဉ်မောင်းကြဖို့ ကျွန်တော်ပြောချင်တာ။ ကျွန်တော့်သားသမီးလေးတွေက အပြစ်ကင်းပါတယ်ဗျာ။ တစ်ယောက်နဲ့တစ်ယောက် စနောက်ပြီး လမ်းလျှောက်နေခဲ့ကြတာ။ ဒီမနက် မိုးလည်းလင်းရော ကလေးတွေအားလုံးကို ကျွန်တော်ဆုံးရှုံးသွားပြီဆိုတာ သိလိုက်ရတယ်…”

“..ကျွန်တော့်သားလေး အန်တိုနီဆိုရင် အသက် (၁၃) နှစ်ပဲ ရှိသေးတယ်။ သူက အရမ်းချောတယ်။ ဘတ်စ်ကတ်ဘောကစားရတာလည်း ကြိုက်တယ်။ မနက်တိုင်း ဘတ်စ်ကတ်ဘောဆော့ဖို့ ကျွန်တော့်ကို လာခေါ်တတ်တယ်။ သမီးလတ် အိန်ဂျလီနာကတော့ ကျွန်တော့်ကို ဘာပဲဖြစ်ဖြစ် ကူညီပေးတာ။ အရမ်းအားကိုးရတယ်။ သမီးငယ်လေး ဆီယန်နာကတော့ ကျွန်တော့်ရဲ့ မင်းသမီးလေးပေါ့ဗျာ။ ကျွန်တော့်ကလေးတွေ ကောင်းရာမွန်ရာရောက်ပါစေလို့ မျှော်လင့်ပါတယ်…”

ကလေးတွေကို ကားတိုက်သွားတဲ့သူဟာ အသက်(၂၉) နှစ်အရွယ် ဆင်မြူရယ်ဝီလျံဒေးဗစ်ဆန်တို့ သိရပါတယ်။ သူဟာ အရက်မူးပြီး ကားမောင်းလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆင်မြူရယ်ကို လူသေစေမှုနဲ့အတူ အဆင်အခြင်မဲ့ယာဉ်မောင်းနှင်မှု၊ ယာဉ်မောင်းစဉ် အရက်သေစာသောက်စားမှုတို့နဲ့အတူ ဖမ်းဆီးထားကြောင်း သိရပါတယ်။

READ
ဒီအမျိုးသမီးဓာတ်ပုံမှာ ဘယ်နေရာမှားနေလဲ (မျက်လုံးလျင်မှတွေ့မယ်နော်)

လင်းလင်း (ShweMom)

SHARE