တိုင်းပြည်ပညာရေးအတွက် ထူးဆန်းတဲ့နည်းနဲ့ အလှူကောက်ခံခဲ့တဲ့ မလေးရှားလူငယ်ဝန်ကြီး

Instagram- @syedsaddiq

Syed Saddiq ကတော့ အာရှရဲ့ အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သူလို့ဆိုရင်လည်းမမှားပါဘူး။ တာဝန်ယူထားရတဲ့ ဝန်ကြီးဌာနကတော့ မလေးရှားရဲ့ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အားကစားဝန်ကြီးဌာနပဲဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဆိုတာ နိုင်ငံသားလူငယ်တွေနဲ့ အများကြီး သက်ဆိုင်နေတယ်ဆိုတာကို လူကြီးတွေမြင်သာအောင် ထုတ်ဖော်ပြနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

 

View this post on Instagram

 

A post shared by Syed Saddiq (@syedsaddiq)

အခုလည်း Syed Saddiq ဟာ အလှူအတန်းအစီအစဉ်တစ်ခုကို လုပ်နခဲ့ပါတယ်။ ဒါကလည်း ကိုဗစ်ကြောင့် ဖြစ်လာတဲ့ ရုတ်တရက်စီမံကိန်းတစ်ခုပါပဲ။ ကိုဗစ်ကြောင့် ကျောင်းတွေပိတ်ထားနေခဲ့ရပြီး တစ်ချို့သော ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာဆိုရင်တော့ အွန်လိုင်းစနစ်နဲ့ ပညာသင်ကြားမှုတွေကို ပြုလုပ်နေတာ ကြာပါပြီ။ ဒါကြောင့်လည်း သူတို့ဆီက ကလေးတွေက ကျွန်တော်တို့လိုနိုင်ငံက ကလေးတွေထက်စာရင် သင်ခန်းစာတွေ နောက်မကျကြတော့ဘူးပေါ့။

 

View this post on Instagram

 

A post shared by Syed Saddiq (@syedsaddiq)

မလေးရှားမှာလည်း အွန်လိုင်စနစ်နဲ့ ပညာသင်ကြားဖို့ စီစဉ်နေခဲ့ကြပေမယ့်လို့ ချို့တဲ့တဲ့မိသာစုတွေဟာ ပိုများနေတဲ့အတွက် အခက်တွေ့နေခဲ့ကြတာပါ။ အထူးသဖြင့် အွန်လိုင်းစနစ်နဲ့စာသင်မယ်ဆိုရင် လိုအပ်တာ laptop ပေါ့။ တော်ရုံမိသားစုတစ်စုမှာတောင် laptop တစ်လုံးအပိုင်ရှိဖို့ဆိုတာ သိပ်ပြီး မဖြစ်နိုင်ရှာနေပါဘူး။

ဒီအတွက် Syed Saddiq ဟာ “1 Family 1 Laptop” ဆိုတဲ့ စီမံကိန်းကို စတင်ခဲ့တာဖြစ်ပါတယ်။ သူကိုယ်တိုင် အလှူငွေကို စတင်မတည်ပြီးတော့ ပြည်သူတွေကိုလည်း တစ်တတ်တစ်အားနဲ့ ပါဝင်စေဖို့အတွက် အလှူအတန်းအစီအစဉ်လေးကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ ရင်းကစ် ၂ သိန်းကို target ထားထားပါတယ်တဲ့။ ဒီငွေတွေဟာ laptop အလုံးပေါင်း ၁၀၀ ဝယ်နိုင်တဲ့ငွေတွေဖြစ်ပါတယ်။ အလှူအတန်းအစီအစဉ်ကိုတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ စတင်မှာဖြစ်ပြီးတော့ ၅ ရက်အတွင်း အလှူငွေ ရင်းကစ် ၂ သိန်းပြည့်ခဲ့မယ်ဆိုရင် သူကတုံးတုံးပြမယ်ဆိုပြီး Tiktok မှာ ပြောသွားခဲ့တာပါ။

 

 

View this post on Instagram

 

A post shared by Syed Saddiq (@syedsaddiq)

Syed Saddiq က Tiktok လည်းဆော့သေးတယ်။ “#BotakChllenge for the people of Muar” ပါတဲ့။ အရင်ဆုံးတော့ Muar မှာရှိနေတဲ့ မိသားစုတွေေကို ဦးစားပေးပြီး laptop တွေကို ပေးသွားမှာဖြစ်ပါတယ်။ သူ့ရဲ့အလှူခံတဲ့ challenge လေးဟာ ခဏလေးအတွင်းမှာ ရင်းကစ် ၂ သိန်းပြည့်ဖို့ လွယ်ကူနေတဲ့အတွက်ကြောင့် လူတွေကတော့ Syed Saddiq တစ်ယောက် ကတုံးဖြစ်သွားခဲ့ရင် ဘယ်လိုနေမလဲဆိုပြီး Twitter မှာ photoshop တွေနဲ့တောင် စမ်းပြီး  ပြင်ကြည့်နေပါပြီ။

 

 

View this post on Instagram

 

A post shared by Syed Saddiq (@syedsaddiq)

penny

SHARE