တက်တူးတွေကြောင့် အလုပ်ပြုတ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေတဲ့ ကျောင်းဆရာ

Image:IG/freakyhoody

တက်တူးတွေနဲ့ လူတွေ ကို အလုပ်ဖြုတ်တာ၊အလုပ်မခန့်တာ မျိုး တွေ က ဖြစ် သင့်လား ၊ မဖြစ် သင့်ဘူး လား ဆို တာက တော့ အခုထိ အငြင်းပွားနေတဲ့ ကိစ္စ တစ်ခုပါ။တစ်ချို့က လည်း တက်တူးကို ဂရုမစိုက် သင့်ဘူး၊အရည်အချင်းက သာ အဓိက လို့ ပြော သူတွေ ရှိသလို ဒါကို လက်မခံသူတွေ လည်း ရှိပါတယ်။ပြင်သစ်မှာရှိတဲ့ ကျောင်းဆရာ တစ်ယောက် က တော့ သူ့တက်တူး တွေ ကြောင့် အလုပ်ပြုတ်မယ့်အ ခြေအ နေ နဲ့ ရင်ဆိုင် နေရပါတယ် ။ကျောင်းသားမိဘ တွေ က တက်တူး နဲ့ သူ့ပုံကို သ ဘောမကျ တာကြောင့် ဒီလို အနေ အထားမျိုးဖြစ်ေ နရတာ လို့ Sylvain က ပြောပါတယ်။ဒီအ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားပါတယ်။

Sylvain  ရဲ့ အသက်ကတော့ (၃၅)နှစ် ဖြစ်ပြီး ပြင်သစ် ရုပ်သံ BFM TV မှာ ပါဝင် ခဲ့ဖူးပါတယ်။အဲ့ဒီ မှာ သူ့ အသွင် အပြင် ကြောင့် အလုပ်ပြုတ်နိုင်တဲ့ အ နေ အထားနဲ့ ကြုံ နေရတဲ့ အ ကြောင်း ထုတ်ပြောခဲ့ပါတယ်။ သူ့ကို မူကြို က လေး တွေ စာ ဆက် မသင်တော့ဖို့ ကြီးကြပ်သူတွေ က ပြောခဲ့ ကြောင်း၊မိဘ တွေက တက်တူး အပြည့်နဲ့ သူ့ပုံစံကို မကြိုက် လို့ ဒီဆရာ ကို မသင်ခိုင်း ဖို့ တောင်းဆို ခဲ့ ကြတာလို့ ဆိုပါတယ်။ Sylvain ရဲ့ တက်တူးတွေ က မျက်နှာ အပြည့်တင် မကပဲ မျက်လုံး Eyeball မှာပါ ထိုးထားတာပါ။

တက်တူးအပြည့်နဲ့ ဆရာကို မူကြို က လေးတွေ မသင် ခိုင်းဖို့ အထက် လူကြီး တွေက ဆုံးဖြတ်ခဲ့ပါ တယ်။ကျောင်းသား မိဘ တွေနဲ့ အတိုက်အခံ မလုပ်ချင် တော့ တာကြောင့်ပါ။ Sylvain က တော့ သူ့ကိုယ်ေ ပ်ါက တက်တူး တွေက က လေးတွေ ကို စာသင်တဲ့ နေရာ မှာ ထိ ခိုက်မှု လည်း မရှိ၊သူ့ အလုပ် သူ အ ကောင်း ဆုံး လုပ် နေတာကို အခုလို ဖြစ် လာတဲ့ အ ပေါ် စိတ် မကောင်းဖြစ်နေပါတယ်။ဒါပေမယ့် ပညာရေးဝန်ထ မ်း အထူးသဖြင့် ဆရာ၊ဆရာမ တွေ က တက်တူး ထိုးတာ မျိုးက မဖြစ် သင့်ဘူးလို့ လူမှု အသိုင်း အ၀ိုင်းမှာ အခု ထိ လက်ခံထားတုန်းပါ။

က လေး တွေကို မေး တော့တည်း ဆရာ Sylvain ကို စ တွေ့ တုန်းက တော့ သူ့ပုံစံ က ကြောက်စရာ ကောင်းတယ်လို့ ထင် ကြောင်း ပြောခဲ့ပါတယ်။ကျောင်းသူတစ်ယောက်က တော့ မျက်လုံးက တက်တူး က အရမ်း ကြောက် ဖို့ ကောင်းတယ်လို့ ပြောခဲ့ ကြောင်း၊ မိဘ တွေ က မ ကြောက်ဖို့ အားပေးလာလို့ ခုတော့ မ ကြောက် တော့ဘူး လို့ ပြောခဲ့ပါတယ်။ Freaky Hoody က တော့ လူမှု ကွန်ရက်စာမျက်နှာ ပေါ်မှာ တော်တော် လေး နာမည်ကြီး နေပါတယ်။တက်တူးတွေနဲ့ ကျောင်းဆရာ တစ်ယောက်က က လေးတွေ ကို စာသင် ပေးသင့်၊ မပေးသင့် ဆိုတဲ့ အငြင်းပွားမှုတွေ က တော့ ဆိုရှယ်မီဒီယာ ပေါ်မှာ အခုထိ ရှိ နေတုန်းပါ။

 

View this post on Instagram

 

A post shared by ▼▴ Sylvain ▴▼ (@freakyhoody) on

#SHWEMOM

SHARE