ရမ်ဘိုရဲ့ နောက်ဆုံးထွက်မယ့် ရုပ်ရှင် Last Blood trailer ထွက်ရှိလာ….

မြန်မာပရိတ်သတ်တွေ ရင်ထဲကို ရောက်ပြီးသားဖြစ်တဲ့ Rambo စီးရီးရဲ့ အခုနောက်ဆုံး အသစ်ထွက်မယ့် Last Blood ရဲ့ trailer အခုဆို ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

View this post on Instagram

Who is ready for the return of Rambo?

A post shared by Sylvester Stallone (@theslystallone) on

Rambo ရဲ့ ပထမဆုံးရုပ်ရှင် First Blood ဟာ ၁၉၈၂ ခုနှစ် အောက်တိုဘာလတုန်းက ထွက်ရှိခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက စီးရီးနာမည်တွေဟာ ထုတ်လုပ်ရေးအတွက် ဘယ်လိုကြီးမှန် မသိအောင် ဖြစ်နေခဲ့ရတယ်လို့ သိရတယ်။ အခု နောက်ဆုံးကားဟာ ၂၀၀၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Rambo ဆိုတဲ့ ကားအပြီး ၁၂ နှစ်အကြားမှာ ထပ်မံရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အခု Last Blood ကိုတော့ ဒါရိုက်တာ Adrian Grunberg ကရိုက်ကူးပြီး ဇာတ်ညွှန်းကိုတော့ Stallone နဲ့  Matt Cirulnick က ရေးသားတယ်လို့ သိရတယ်။ လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ Lion Gates ထုတ်လုပ်ရေးက စတင်ဖွင့်လှစ်ပြသမှာ ဖြစ်ကြောင်းသိရပါတယ်။

READ
ထိုင်းနိုင်ငံမှာကျင်းပတဲ့ Joox ဂီတဆုပေးပွဲကို တက်ရောက်ခဲ့တဲ့ မေရီရဲ့ ပုံရိပ်လေးများ

Matthew (ShweMOM)

SHARE