Creed II က Rocky ဇာတ်ကောင်ရဲ့ နောက်ဆုံးဇာတ်လမ်းဖြစ်ကြောင်း Stallone ကြေညာ

ကမ္ဘာတဝှမ်းက ပရိသတ်တွေ အထူးနှစ်ခြိုက်ကြတဲ့ လက်ဝှေ့ကျော် Rocky ဟာဆိုရင် နှစ် ၄၀ ကြာ ရှင်သန်လာခဲ့တဲ့ ကမ္ဘာကျော် ဇာတ်ကောင်ဖြစ်ပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ Rocky Balboa ဇာတ်ကောင်ကို နှုတ်ဆက်ရမယ့် အချိန် ရောက်လာခဲ့ပါပြီ။

Shutterstock

Rocky ဇာတ်ကောင်ကို နှစ်ပေါင်းများစွာ သရုပ်ဆောင်လာခဲ့တဲ့ မင်းသားကြီး Sylvester Stallone (၇၂ နှစ်) က ယခုရုံတင်လျက်ရှိတဲ့ Creed II ရုပ်ရှင်ဟာ သူ နောက်ဆုံးအနေနဲ့ Rocky အဖြစ် ပါဝင်ထားတာဖြစ်ကြောင်း အတည်ပြု ပြောသွားခဲ့တာပါ။ Michael B. Jordan က အဓိက သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Steven Caple Jr. ရိုက်ကူးထားတဲ့ Creed II ဟာ ၂၀၁၈ နိုဝင်ဘာ ၂၁ ရက် တစ်ကမ္ဘာလုံးမှာ စတင်ရုံတင်ခဲ့ရာ Box Office မှာ အောင်မြင်မှုတွေ ရနေပါတယ်။

READ
2016 National Geographic ဓာတ်ပုံပြိုင်ပွဲမှ အလန်းစားဓာတ်ပုံများ
Shutterstock

“Rocky ကာရိုက်တာက ၂၀၀၆ ခုနှစ်တုန်းက အဆုံးသတ်သွားပြီ ထင်ခဲ့တာပါ။ ဒါပေမယ့် မျိုးဆက်သစ်၊ ဇာတ်လမ်းအသစ်၊ စိန်ခေါ်မှု အသစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Creed ဇာတ်လမ်း ပေါ်ပေါက်လာလို့ ဝမ်းသာခဲ့ရပါတယ်။ ဒါပေမယ့် ယခုဇာတ်လမ်းက Rocky နောက်ဆုံးပါတဲ့ ဇာတ်လမ်းဖြစ်နိုင်ပါတယ်” လို့ Stallone က သူ့ IG ဗီဒီယိုမှာ ပြောသွားခဲ့တာပါ။ ဗီဒီယိုမှာ ပြောတာမရှင်းတာ ဖြစ်နိုင်လို့ caption ကိုလည်း အခုလို ရေးထားခဲ့ပါတယ်။ “Rocky ကို နှစ် ၄၀ လုံး ချစ်ပေးခဲ့ကြတဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ဒီလို အဓိပ္ပာယ်ရှိတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခွင့်ရခဲ့တာ ဂုဏ်ယူပါတယ်။ ဒါပေမယ့် အရာအားလုံးဟာ အဆုံးသတ်ဆိုတာ ရှိပါတယ်။”

Shutterstock

Creed II ဟာ ရုံတင်တဲ့ ပထမပတ်မှာတင် ဝင်ငွေ ဒေါ်လာ သန်း ၅၀ ကျော်အထိ ရနေတာကြောင့် အခုလို ဇာတ်လမ်းအောင်မြင်နေချိန်ဟာလည်း ကာရိုက်တာတစ်ခု ရပ်နားလိုက်ဖို့ အချိန်ကောင်းတစ်ခုတော့ ဖြစ်ပါတယ်။ Rocky IV ဇာတ်လမ်းတုန်းက Creed ရဲ့ အဖေကို Rocky ရဲ့ ပြိုင်ဘက် Drago က အလဲထိုးခဲ့တာဖြစ်ပြီး Creed ရဲ့ အဖေဖြစ်သူဟာ Rocky ရဲ့ လက်ထဲမှာ သေခဲ့ရတာဖြစ်ပါတယ်။

READ
(2016)အတွင်း လက်တွဲဖြုတ်လိုက်သည့် နာမည်ကြီးအနုပညာရှင် စုံတွဲများ
Shutterstock

မင်းသားကြီး Sylvester Stallone ဟာ ၁၉၇၆ ခုနှစ်က စလို့ Rocky ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး Rocky ဇာတ်လမ်း ၆ ကားလုံးမှာ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Etsy

 

View this post on Instagram

 

A post shared by Sly Stallone (@officialslystallone) on

Ref: Dailymail

SHARE