မှိုဆိပ်သင့်ခြင်း လက္ခဏာများ

မှိုဆိပ်ဆိုတာ အစားအသောက်တွေအချဉ်ပေါက်တဲ့အခါမှာ စွဲကပ်တတ်တဲ့ မှိုတွေကတစ်ဆင့် လူကို ရောဂါကူးစက်ခြင်းကို
ဆိုလိုပါတယ်။ အိမ်သုံးအစားအသောက်တွေအားလုံးမှာ အဲဒီမှိုတွေ ကပ်နိုင်ပါတယ်။ ဒီမှိုတွေဟာ ကပ်ပါး ဘယ်တီးရီယားတွေကြောင့် ဖြစ်ပြီး အိမ်တွေမှာ တွေ့ရလေ့ရှိတဲ့ မှိုအမျိုးစားတွေကတော့  Aspergillus, Penicillium, Cladosporium တို့ ဖြစ်ပါတယ်။ တစ်ခါတရံ နံရံစသည်တို့မှာတောင် မှိုစွဲကပ်တတ်ပါတယ်။ အဲဒီမှိုဘက်တီးရီယားတွေပါတဲ့ အစားအစာတွေ
ကို လူတွေက မသိလို့ စားသုံးမိတဲ့အခါ အောက်ပါ လက္ခဏာတွေ ပြတတ်ပါတယ်။

မှိုဆိပ်သင့် ရောဂါလက္ခဏာများ

(၁) အဆစ်အမြစ်ကိုက်ခဲ့ခြင်းနှင့် အရိုးကြီးပေါင်းတက်ခြင်း

(၂) အာရုံစူးစိုက်မှု မရခြင်း (စိတ်ပျံ့လွှင့်ခြင်း)

(၃) လေးလံထိုင်းမှိုင်းခြင်း

(၄) ခေါင်း/နားထင် ခဏခဏကိုက်ခြင်း

(၅) မူးဝေမောပန်းခြင်း

READ
အမျိုးသမီးတိုင်းသိထားသင့်တဲ့ မျိုးပွားအင်္ဂါ ရောဂါပိုးကူးစက်ခံရခြင်းအကြောင်း

(၆) အသက်ရှုမ၀ခြင်း

(၇) အရေအပြားထုံကျင်ကိုက်ခဲခြင်း

(၈) အထိမခံနိုင်အောင် ကြွက်သားတွေ နာကျင်ခြင်း -တို့ ပဲဖြစ်ပါတယ်။

ဘယ်လိုလုပ်ရမလဲ

မှိုဆိပ်ဖြေတဲ့ ဆေးကို စားပေးရပါမယ်။ အဓိကအားဖြင့်တော့ probiotics, magnesium, detoxifying vitamins  တွေနဲ့
ထုတ်လုပ်ထားတဲ့ ဆေးတွေပေါ့။ နောက်တစ်ခုက အစားအစာကို ရက်ရှည်ထားပြီး မစားသင့်ပါဘူး။ လက်လက်ဆက်
ဆက်ကိုဝယ်၊ တစ်ခါတည်း စားစနစ်နဲ့ လုပ်သင့်ပါတယ်။ ပြီးရင် အစားစားတိုင်း လက်ဆက်တဲ့ အသီးအနှံ တစ်မျိုးမျိုး
ထည့်စားသင့်ပါတယ်။ အသီးအရွက်ဟာ ခန္ဓာကိုယ်ရဲ့ ရောဂါတိုက်ဖြတ်မှုစွမ်းအားကို မြှင့်တင်ပေးနိုင်လို့ ကိုယ်ခံစွမ်းအား
ကောင်းနေသူတွေမှာ ဒီရောဂါ ဖြစ်လေ့မရှိပါဘူး။ ငါးနဲ့အမဲသားကိုလည်း ပုံမှန် စားပေးသင့်ပါတယ်။ ပရိုတိန်းဓာတ်အပြင်
Omega 3 fatty Acid ပါဝင်လို့ လူ့ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ မ၀င်ရောက်စေပါဘူး။

READ
ရေခဲသေတ္တာထဲ ထည့်ထားတဲ့ သစ်သီးကို စားမိပြီး ကိုယ်ဝန်ပျက်ကျသွားခဲ့တဲ့ အမျိုးသမီး

နတ်စည်တော် (Shwemom)

shwemom

source : healthyss.com

SHARE