ထိုင်ဝမ် ရှိုးပွဲမှာ အရမ်းငိုနေတဲ့ T-ara အဖွဲ့ ဝင် Jiyeon

အဖွဲ့ဝင်​​ခြောက်​​ယောက်​လုံးပါဝင်​တဲ့ T-ara ရဲ့ ​နောက်​ဆုံး Concept ဟာ ပရိတ်​သတ်​​တွေ အဖွဲ့ဝင်​​တွေရဲ့ မျက်​ရည်​များနဲ့ပြီးဆုံးခဲ့ပါတယ်​။ ​မေလ ၁၃ ရက်​​နေ့ထိုင်ဝယ်မှာမှာကျင်းပခဲ့တဲ့ ဒီပွဲဟာ ​မေလ ၁၅ ရက်​​နေ့မှာ အဖွဲ့ကနှုတ်​ထွက်​တော့မယ့်​ Soyeon နဲ့ Boram ကို နှုတ်​ဆက်​တဲ့ပွဲတစ်​ခုဆိုလည်းမမှားပါဘူး။ Soyeon နဲ့ Boram ဟာ အဖွဲ့ရဲ့​နေ့စဉ်​လုပ်​ငန်း​ဆောင်​တာ​တွေမှာပျက်​ကွက်​မှာရှိတယ်​လို့ MBK Entertainment က ​ကြေညာခဲ့​ပေမယ့်​လည်း သူတို့နှစ်​​ယောက်​ဟာ သီချင်းအပုဒ်​ ၂၀ ​ကျော်​​ကျော်​ အဖွဲ့ဝင်​​တွေနဲ့အတူတူ ​​ကောင်းမွန်​​စွာ​​သီဆို​ဖျော်​​ဖြေခဲ့ကြပါတယ်​။ပွဲအ​တွင်းသီဆို​ဖျော်​​ဖြေ​နေတုန်းမှာလည်း အဖွဲ့ဝင်​​တွေက သူတို့နှစ်​​ယောက်​အတွက်​ ဝမ်းနည်း​ကြောင်း ထည့်​သွင်း​ပြောသွားကြပါတယ်​။
Jiyeon က​တော့ “လူတိုင်းက​တော့ ကိုယ်​ယုံကြည်​ချက်​အတိုင်း​လျှောက်​လှမ်းမယ်​ဆိုတာသိပါတယ်​။ ဒါ​ပေမယ့်​ ခုလိုမျိုး​တော့နှုတ်​ထွက်​သွား​မယ်​လို့မထင်​ထားဘူး။ဒီ​နေ့အထိကျမနဲ့အတူရှိ​ပေးလို့​ကျေးဇူးတင်​ပါတယ်​” လို့ဆိုခဲ့ပါတယ်​။
Boram က​တော့ ” ခုလို အဖွဲ့ဝင်​​တွေနဲ့အတူတူရှိ​နေရလို့တကယ်​​ပျော်​ပါတယ်​။ကျေးဇူးလည်းတင်​ပါတယ်​။ဒီအခိုက်​အတန့်​လေး​တွေကိုလည်း ဘယ်​​တော့မှ​မေ့မှာမဟုတ်​ပါဘူး” လို့​ပြောခဲ့ပါတယ်​။
Hyomin က​တော့ “အခု ဒီ Stage ​ပေါ်မှာ အတူတူ​သီဆို​နေရတာဟာ ​နောက်​ဆုံးအကြိမ်​ဖြစ်​တယ်​ဆိုတာကို မယုံကြည်​နိုင်​​သေးဘူး။တကယ်​ဝမ်းနည်းစရာပါ။အမှတ်​တရ​တွေဖန်​တီး​ပေးခဲ့တဲ့ ဒီအဖွဲ့ဝင်​နှစ်​​ယောက်​ကို ​ကျေးဇူးအထူးတင်​ပါတယ်​” ဆိုပြီး​ပြောခဲ့ပါတယ်​။
Eunjung က​လည်း “ညီမတို့ကို​ရှေ့​လျှောက်​ဆက်​လက်​​ပေး​နေ​ပေးပါ။ဒီပွဲကိုလာ​ရောက်​​ပေးလို့လည်း​ကျေးဇူးတင်​ပါတယ်​” လို့​ပြောခဲ့ပါတယ်​။
Soyeon က​တော့ ကျမတို့နှစ်​​ယောက်​မရှိ​တော့​ပေမယ့်​ ဒီ T-ara သီးချင်း​တွေကို ပရိတ်​သတ်​​တွေ ဆက်​လက်​အား​ပေး​နေလိမ့်​မယ်​လို့ ယုံကြည်​ပါတယ်​။ ဒီပွဲအပြီးမှာ​တော့ T-​ara ​အဖွဲ့ဝင်​​တွေဟာ “FOREVER T-ara ဆိုတဲ့ ဆင်​တူ shirt ​လေး​တွေဝတ်​ပြီး အချင်းချင်းလက်​တွဲလျက်​ ပရိတ်​သတ်​ကြီးကိုနှုတ်​ဆက်​ခဲ့ပါတယ်​။ အဖွဲ့ဝင်​​တွေအထဲမှာမှ Jiyeon ​လေးက ခဏခဏငို​နေတာ​ကြောင့်​ Soyeon နဲ့ Boram က​တောင်​ ​ချော့​နေရပါ​သေးတယ်​။ 
ဒါက​တော့မကြာမီနှုတ်​ထွက်​​တော့မယ့်​အဖွဲ့ဝင်​နှစ်​​ယောက်​ကိုဝမ်းနည်​စွာနှုတ်​ဆက်​​နေတဲ့ Viedo File ပါ။ https://youtu.be/Wtx-3UrYysQ
ဒီပွဲအပြီးတစ်​ဆက်​တည်းမှာပဲ အဖွဲ့ဝင်​​လေး​ယောက်​သာကျန်​​တော့တဲ့ T-ara အဖွဲ့ဟာ Album အသစ်​ကို ဇွန်​လအတွင်းထွက်​ရှိနိုင်​ဖို့ ကြိုးစား​နေကြပါတယ်​။
Grinny (shwemom)
Source: Koreaboo
SHARE