အပြစ်တွေအားလုံးကို ၀န်ချတောင်းပန်လိုက်တဲ့ T.O.P

ဆေးခြောက် အသုံးပြုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး T.O.P တစ်ယောက် တရားစွဲဆို ခံထားရပါတယ်။ဒီလိုကိစ္စတွေကြောင့် T.O.P တစ်ယောက် စိတ်ဖိစီးမှု တွေအ ရမ်းများကာ၊ဆေးတွေအလွန်အကျွံသောက်ရင်း ဆေးလွန်ပြီး ဆေးရုံ တတ်ခဲ့ရတဲ့ အထိ အခြေအနေတွေ ဆိုးရွားခဲ့ပါတယ်။အခုဆိုရင်တော့ ကျန်းမာရေး အခြေ အနေပြန်ကောင်းလာခဲ့ကာ တရားရုံးသို့ ပထမဆုံး အကြိမ်ရောက်လာခဲ့ပါတယ်။

ပထမဆုံး ရုံးတော်သို့ ရောက်လာတဲ့ နေ့မှာပဲ သူ့ရဲ့ အပြစ်တွေ အားလုံးအတွက် ၀န်ချတောင်းပန်ခဲ့ပါတယ်။T.O.P ကို စွဲချက် (၄)ခုနဲ့ တရားစွဲဆိုထားတာပါ။ရုံး ကို ရောက်လာချိန်မှာပဲ မီဒီယာတွေရှေ့မှာ စွဲချက်တွေ အားလုံးအတွက် အပြစ် ၀န်ခံပါတယ်ဆိုပြီး ” အားလုံးအတွက် ကျွန်တော်ဝန်ခံပါတယ်” လို့ ပြောခဲ့တာ ပါ။ဆေးခြောက်ကို နှစ်ကြိမ်က အရည်၊နှစ်ကြိမ်က ရှူတယ်ဆိုပြီး စွဲချက်တင်ခံ ထားရတာပါ။

READ
ပိန်မှလှတယ်ဆိုတဲ့ အယူအဆကို ရိုက်ချိုးပြလိုက်တဲ့ အကိတ်မလေး

နာမည်ရင်း Choi Seung-hyun အနုပညာနာမည် T.O.P ဟာ တောင်ကိုရီးယားရဲ့ နာမည်ကြီး ရက်ပ်ပါ၊သီချင်းရေးသူ၊သရုပ်ဆောင်မင်းသား၊ record producer တစ်ယောက်ပါ။(၂၀၀၀)ခုနှစ်အလယ်ပိုင်းလောက်က Big Bang ရဲ့  ရက်ပ်တစ်ယောက်အဖြစ် နာမည်ကြီးခဲ့တာပါ။တောင် ကိုရီး ယား မှာဆိုရင် ဆေးခြောက် အမှုဟာ ထောင်ဒဏ် (၅ )နှစ်(သို့)ငွေဒဏ်ဝမ်သန်း (၅၀) ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။

Nilar (shwemom)

Ref;Koreaboo

SHARE