ရုပ်ရှင်မိတ်ဆက်ပွဲတစ်ခုမှာတွေ့ရတဲ့ ထိုင်းမင်းသမီးလေး Taew နဲ့ Mew

အလွန်လှပတဲ့  ထိုင်းမင်းသမီးတွေဖြစ်ကြတဲ့ Taew နဲ့ Mew ဟာ “လာကွန်ခလာ”ဆိုတဲ့ ရုပ်ရှင်မိတ်ဆက်ပွဲမှာ အကျီင်္ဆင်တူတွေဝတ်လာကြပြီး ဘယ်သူက ပိုလှနေလည်း ဆိုတာတောင် ခွဲခြားလို့ မရနိုင်တော့ဘူး

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ Pongpat နဲ့ လူအများကြည့်ရှုဖို့ စောင့်စားရတဲ့ “လာကွန်ခလာ” ထိုင်း drama ထဲမှာ မောင်နှမ အဖြစ် သရုပ်ဆောင်ထားကြပြီး ပရိတ်သတ်တွေအကြိုက်တွေ့မဲ့ ဇာတ်ကား ဖြစ်လိမ့်မယ်…မင်းသမီး  Taew နဲ့ Mew တို့ဟာ လှပပြီး မောင်နှမအရင်း တွေလို မျက်နှာ ခပ်ဆင်ဆင် ဖြစ်နေတယ်လို့ လူအများကပြောကြပါသေးတယ်…အဲ့ဒါကြောင့် သူတို့နှစ်ယောက်ဟာ ဒီဇာတ်ကားရဲ့ အလိုက်ဖက်ဆုံး  characterတွေဖြစ်ပြီး အကောင်းဆုံး သူတို့ရဲ့ လုပ်ငန်းစုပေါင်းဆောင်ရွက်ခြင်း လို့လည်း ပြောနိုင်ပါတယ်….

READ
သင်ဝယ်ယူလိုက်တဲ့iPhoneတစ်လုံးတိုင်းမှာ £425အမြတ်ထွက်နေတဲ့Apple

သူတို့နှစ်ယောက်ဟာ ဇာတ်ကား မိတ်ဆက်ပွဲမှာ ဇာတ်ကားထဲက အတိုင်း ရှေးဟောင်း ဝတ်စုံဆင်တူနဲ့ အရမ်းလှနေပြီး ဘယ်သူက အလှပိုလည်းဆို တာတောင် ခွဲခြားမရတော့ပါဘူး…ဇာတ်ကား ကတော့ စက်တိုဘာလ ၅ရက်နေ့မှာ ထိုင်း channel 3ကနေ စတင် ထုတ်လွှတ်ပြသသွားမှာ ဖြစ်ပါတယ်….

SHARE