ဂျပန်ပါလီမန်ထဲ ပထမဆုံးလိင်တူချစ်သူ ဥပဒေပြဌာန်းသူဖြစ်လာတဲ့ နိုင်ငံရေးသမား

youtube/Ruptly

LGBT အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ တာအီဂါအီရှီကာဝါဟာ ဂျပန်နိုင်ငံရဲ့ အမျိုးသားပါလီမန်ထဲမှာ ဥပဒေပြုအမတ်နေရာတစ်နေရာကို ပထမဦးဆုံးရရှိခဲ့တဲ့ လိင်တူချစ်သူတစ်ဦးဖြစ်ကြောင်း asahi သတင်းဌာနက ဆိုပါတယ်။ အီရှီကာဝါဟာ Constitutional Democratic Party of Japan (CDPJ) ကို ကိုယ်စားပြုတဲ့ အထက်လွှတ်တော်အမတ်တစ်ယောက် ဖြစ်လာပြီပဲ ဖြစ်ပါတယ်။ CDPJ ကတော့ ဂျပန်ဥပဒေပြုစနစ်တွင်းမှာရှိတဲ့ လွှတ်တော်နှစ်ခုအနက် တစ်ခုပဲ ဖြစ်ပါတယ်။

Youtube/Ruptly

အီရှီကာဝါဟာ ဥပဒေပြုလွှတ်တော်အမတ်အဖြစ် အောင်မြင်စွာ အရွေးချယ်ခံရကြောင်း သိရပြီးနောက်ပိုင်းမှာ လိင်တူချစ်သူတွေအတွက် လွှတ်တော်မှာလည်း နေရာရှိလာပြီဖြစ်ကြောင်းကို ပြောပြခဲ့တာပါ။ အီရှီကာဝါဟာ တိုကျိုမြို့ တိုရှီမာရပ်ကွက်ကနေ စတင် နေရာ ရလာခဲ့တာပဲ ဖြစ်ပါတယ်။ သူဟာ ဂျပန်နိုင်ငံသမိုင်းမှာ လိင်တူချစ်သူအဖြစ် ပွင့်ပွင့်လင်းလင်း ၀န်ခံပြီးနောက် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လိင်တူချစ်သူနှစ်ဦးအနက် တစ်ဦးပဲဖြစ်ပါတယ်။

READ
သတ္တိကောင်းတဲ့သူတွေအတွက်မျက်နှာပေါ်မျှော့တင်ပြီးကုသနိုင်မယ့်ဝက်ခြံကုထုံး

ဂျပန်နိုင်ငံမှာတော့ လိင်တူချင်းလက်ထပ်တဲ့ ဥပဒေဟာ တရားမ၀င်သေးပါဘူး။ နိုင်ငံရဲ့ ဥပဒေတွေထဲမှာလည်း LGBT တွေအတွက် ထိထိရောက်ရောက် အကာအကွယ်ပေးထားတဲ့ ဥပဒေမျိုးတွေလည်း မရှိသေးပါဘူး။ လက်ရှိဂျပန်ကို အစိုးရနေတဲ့ Liberal Democratic Party (LDP) ကတော့ LGBT ကို ဆန့်ကျင်တဲ့ ပါတီအဖြစ် သိကြပါတယ်။

ဒါပေမယ့်လည်း မကြာသေးခင်က  ကျင်းပပြုလုပ်ခဲ့တဲ့ ဂျပန်ရွေးကောက်ပွဲမှာတော့ မိမိကိုယ်ကို လိင်တူချစ်သူဖြစ်ကြောင်း ကြေညာပြီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ လိင်တူချစ်သူတွေအနက် အနည်းဆုံး လူ(၈) ဦးဟာ ဒေသဆိုင်ရာကောင်စီတွေနဲ့ ပါလီမန်နေရာတွေမှာ အသီးသီး ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။  အီရှီကာဝါကတော့ သူ့အနေနဲ့ လွှတ်တော်မှာ လိင်တူချစ်သူတွေ လက်ထပ်ထိမ်းမြားနိုင်ရေးဥပဒေကို ပြဌာန်းဖို့နဲ့ လိင်တူချစ်သူတွေကို အကာအကွယ်ပေးမယ့် ဥပဒေတွေကို အဆိုပြုတင်သွင်းဖို့ ကြိုးစားသွားမည်ဖြစ်ကြောင်း ကတိဆိုခဲ့ပါသေးတယ်။

READ
တရုတ်နိုင်ငံတွင်ပေ၆၀ ရှည်တဲ့အရိုးစုကို တွေ့ရှိခဲ့ပြီး နဂါးအရိုးဟုထင်မြင်နေကြ

လင်းလင်း (ShweMom)

SHARE