ဝန်ထမ်းတွေ အလုပ်လက်မဲ့ မဖြစ်အောင် အထူးအစီအစဉ်တစ်ခု ဖန်တီးခဲ့တဲ့ ထိုင်ဝမ်လေဆိပ်

www.tsa.gov.tw

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကပ်ရောဂါကြီးကြောင်း နိုင်ငံတော်တော်များများမှာ ဒေသတွင်း Lockdown တွေ ချထားခဲ့သလို ခရီးသွားလာမှု ကန့်သတ်ထားတဲ့အတွက် လေဆိပ်တော်တော်များများကိုလည်း ပိတ်သိမ်းထားပါတယ်။ ဒါပေမယ့် ထိုင်ဝမ်မှာရှိတဲ့ Songshan လေဆိပ်ကတော့ ခရီးသွားလာမှု ကန့်သတ်ထားပေမယ့် သူတို့လေဆိပ်ကိုလာပြီး လေယာဉ်ခရီးသွားတဲ့ အတွေ့အကြုံကိုယူဖို့ အများပြည်သူတွေကို ပိတ်ရက်မရှိ တရားဝင်ဖိတ်ခေါ်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

wikimedia commons

ဒီလိုပြောလိုက်လို့ နားရှုပ်သွားပြီထင်ပါတယ်။ အခုလက်ရှိ COVID 19 ကြောင့် ထိုင်ဝမ်လေဆိပ်ဟာ ပိတ်ထားရပါတယ်။ ဒါပေမယ့် နိုင်ငံတကာလေဆိပ်တစ်ခုဖြစ်တဲ့အတွက် ဒီအတိုင်းပိတ်ထားလိုက်ပြီး ရုတ်တရက်ပြန်ဖွင့်လိုက်ရင် အစီအစဉ်တွေ ကမောက်ကမဖြစ်သွားမှာကတစ်ကြောင်း၊ လေဆိပ်ဝန်ထမ်းတွေအတွက် လေဆိပ်ပိတ်လိုက်ရင် လစာမရပဲ အလုပ်မရှိတော့မှာတွေကြောင့် လေဆိပ်ကို မပိတ်ပစ်ပဲ အကောင်းဆုံးအကြံတစ်ခုရခဲ့ပါတယ်။ အဲဒီအကြံကတော့ အများပြည်သူတွေကို လေဆိပ်လာပြီး ပြည်ပခရီးသွားတဲ့ အတွေ့အကြုံမျိုး ရှာခိုင်းဖို့ပါပဲ။

READ
သေဆုံးသွားပြီး သုံးနှစ်ပြည့်တဲ့နေ့မှာ မိခင်ဆီအလည်ပြန်လာတဲ့ သားလေး

အထူးသဖြင့် ပြည်ပခရီးတစ်ခါမှ မသွားဖူးသေးတဲ့ လူတွေပါပဲ။ ခရီးသွားနေကျလူတွေအတွက်တော့ Immegaration ဖြတ်တာတို့၊ ခရီးဆောင်အိတ်နဲ့ ပတ်သတ်တဲ့ package တွေ ရွေးချယ်ဖို့ အစရှိတဲ့ ကိစ္စတွေက မခက်ခဲပေမယ့် တစ်ခါမှနိုင်ငံခြားခရီးမထွက်ဖူးသေးတဲ့ လူတွေအတွက်တော့ တော်တော်ခက်ခဲပါတယ်။ ဒါ့ကြောင့် ဒီလိုလူတွေ လာရောက်လေ့ကျင့်နိုင်အောင်အတွက် လေဆိပ်ဝန်ထမ်းတွေက တာဝန်ယူဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေယာဉ်ပေါ်ထိပါတက်ရောက်နိုင်မှာဖြစ်ပြီး ခဏအကြာမှ လေယာဉ်ပေါ်က ပြန်ဆင်းနိုင်မှာ ဖြစ်ပါတယ်။

“ဒီနည်းက တော်တော်ကောင်းပါတယ်။ ဒီလိုလုပ်ရင်တော့ ပြည်ပခရီးမသွားဖူးသေးတဲ့ လူတွေအတွက် လေဆိပ်နဲ့ မစိမ်းတော့သလို ကျွန်တော်တို့ လေဆိပ်ကြီးလည်း ပိတ်ပစ်စရာမလိုတော့ပါဘူး။ လေဆိပ်ဝန်ထမ်းတွေလည်း လုပ်စရာအလုပ်ရှိသွားတဲ့အပြင် အရာအားလုံးက ပုံမှန်အစီအစဉ်အတိုင်း သွားနေမှာ ဖြစ်တာကြောင့် အကုန်လူံအတွက် အဆင်ပြေမယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ Songshan လေဆိပ်ရဲ့ Deputy Director တစ်ဦးဖြစ်သူ Chih-ching Wang က ပြောကြားခဲ့ပါတယ်။

READ
(၃၅)နှစ်ကြာ ဆော်ဒီနိုင်ငံမှာ ပိတ်ပင်ခံထားရသည့် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်တော့မည်

Pyi Hein Kyaw

SHARE