အချိန်တိုအတွင်းမှာ ကြည့်ရှု့သူ(၆)သန်းနီးပါးရှိခဲ့တဲ့ စန္ဒယားပညာရှင်အမျိုးသမီးရဲ့ ဗီဒီယိုဖိုင်

YouTube/PanPiano

Youtube, Instagram, Facebook အစရှိတဲ့ ဆိုရှယ်မီဒီယာတွေမှာ ကိုယ်တင်တဲ့ ဗီဒီယိုဖိုင်ကို လူကြည့်များအောင် ဘယ်လိုလုပ်သင့်တယ်လို့ သင်ထင်ပါသလဲ။ ကျိန်းသေတာကတော့ သင်တင်တဲ့ ဗီဒီယိုဖိုင်ဟာ အခြားဗီဒီယိုဖိုင်တွေနဲ့ မတူပဲ ကွဲပြားမှ လူစိတ်ဝင်စားမှုများပြီး လူကြည့်များမှာပဲ ဖြစ်ပါတယ်။ အခုလည်း ထိုင်ဝမ်နိုင်ငံက အမျိုးသမီးစန္ဒရားပညာရှင်တစ်ဦးဟာ သူမရဲ့ စန္ဒယားတီးနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကတော့ ကြည့်ရှု့သူ ၆ သန်းနီးပါး ရှိနေပြီဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာလောကမှာ ရေပန်းစားနေကြောင်း Soran News24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါအမျိုးသမီးရဲ့ Youtube နာမည်ကတော့ Pan Piano ဖြစ်ပြီး သူမ channel မှာ Subscriber 823k ကျော်ရှိပါတယ်။ ဘာကြောင့် ဒီအမျိုးသမီးဟာ အချိန်တိုအတွင်း ဒီလောက်အထိ scuscriber တွေ များနေပြီး ကြည့်ရှု့သူ ၅ သန်းကျော်ရှိနေတာပါလိမ့်လို့ ထင်ကောင်းထင်နေကြပါလိမ့်မယ်။ အဓိကကတော့ ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ ခန္ဓာကိုယ် အချိုးအစားကြောင့်ပါပဲ။

READ
ပေါင်(၂၀)အလေးချိန်ရှိ ဧရာမကန်စွန်းဥကြီးကြောင့် ဂုဏ်ယူနေရတဲ့ အမျိုးသမီး

ဒီလို ဂီတတူရိယာတွေ တီးခတ်တဲ့ ဗီဒီယိုဖိုင်တော်တော်များများမှာ များသောအားဖြင့် လက်ကွက်ကိုပဲ  အဓိကထားပြီး ဗီဒီယိုရိုက်တတ်ကြပါတယ်။ ဒါပေမယ့် Pan Piano ကတော့ လက်ကွက်အပြင် သူမရဲ့ ရင်သားအလှကိုပါ အနည်းငယ်ဖော်ကြူးပြီး ရိုက်ကူးလေ့ရှိတာကြောင့် အခုလို လူကြည့်များပြီး လူစိတ်ဝင်စားမှုမြင့်မားနေတာပဲ ဖြစ်ပါတယ်။

သူမရဲ့စန္ဒရားဗီဒီယိုဖိုင်တော်တော်များများမှာ သူမရဲ့ရုပ်ကို ဖုံးကွယ်ထားတာကြောင့်လည်း လူတွေက တော်တော်စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီဒီယိုဖိုင်တိုင်းမှာ ဝတ်ဆင်လေ့ရှိတဲ့ ဖက်ရှင်ဒီဇိုင်းတွေကြောင့်လည်း သူမကို cosplayer စတ်ယောက်လို့ ထင်နေကြတဲ့ လူတွေလည်း ရှိပါတယ်။ YouTube ဗီဒီယိုတွေမှာတော့ သူမရဲ့ ပင်ကိုယ်မျက်နှာကို ထုတ်ဖော်ပြသခြင်း မရှိသေးပါဘူး။

 

 

View this post on Instagram

 

Merry Christmas 🎄

A post shared by panpiano (@panpianoatelier) on

Pyi Hein Kyaw

SHARE