The Straits Times မှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ ထိုင်ဝမ်အဆိုတော်တစ်ဦး အွန်လိုင်းရှော့ပင်ကိစ္စနဲ့ ဝရမ်းအထုတ်ခံထားရတဲ့အကြောင်းပါ။
အဆိုတော်ရဲ့ နာမည်ကတော့ Ting Hsiao-chin ပါတဲ့။ အသက် ၄၁ နှစ်ရှိနေပြီဖြစ်တဲ့ Ting ဟာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဈေးရောင်းနေခဲ့ပါတယ်။ ကိုဗစ်ကာလမလို့ ပွဲတွေလည်း ရပ်နားလိုက်ပြီးနောက်ပိုင်း အာရှတစ်ဝှက်က အနုပညာရှင်တွေရဲ့ အာရုံစူးစိုက်မှုဟာ အွန်းလိုင်းပေါ်မှ ဈေးရောင်းချခြင်းဖြစ်လာခဲ့ပါတယ်။

Ting လည်း သူမရဲ့ကျော်ကြားမှုကို အသုံးချပြီးတော့ ၂၀၁၅ ခုနှစ်ကတည်းကိုက အဲဒီလို ဈေးရောင်းခဲ့တာပါ။ အွန်လိုင်းရှော့ပင်ပုံစံမျိုးပေါ့။ Ting ရောင်းတဲ့ပစ္စည်းတွေကတော့ တန်ဖိုးကြီး branded ပစ္စည်းတွေပဲဖြစ်ပါတယ်။ ဥပမာဆိုရရင် Chanel အိတ်တို့ ဘာတို့ပေါ့။ နိုင်ငံတကာက luxury brand တွေအကုန်လုံးကို သက်သာတဲ့ဈေးနဲ့ရောင်းချပေးမယ်ဆိုပြီးတော့ ငွေကြိုလွှဲစနစ်နဲ့ သူမရဲ့ ပရိတ်သတ်တွေကို ရောင်းခဲ့တာပါ။
ဒါပေမဲ့ သူမဟာ ငွေကိုတော့ယူထားပြီး ပစ္စည်းတွေပို့တဲ့အခါမှာတော့ အကုန်လု့းက အတုတွေဖြစ်နေခဲ့တာပါတဲ့။
အလိမ်ခံရတဲ့လူတွေအကုန်လုံးဟာ Weibo မှာ အရမ်းများနေခဲ့ပြီးတော့ စုပြီး ရဲဌာနကို အကြောင်းကြားတိုင်တမ်းခဲ့တဲ့အတွက် ရဲဖက်ကနေပြီးတော့ Ting ကို ရဲစခန်းမှာလာအစစ်ဆေးခံဖို့ သတိပေးစာပို့ခဲ့ပါတယ်။ ရက်ချိန်းကတော့ နိုဝင်ဘာလ ၂၅ ရက်နေ့ပေါ့။ ဒါပေမဲ့ Ting တစ်ယောက် မရောက်လာခဲ့ပါဘူး။ အဆက်အသွယ်လည်း မရတော့တဲ့အတွက် ရဲဖက်ကနေပြီး Ting ကို ဝရမ်းထုတ်ကာ ဖမ်းမိန့်ပေးလိုက်ခဲ့ပါပြီတဲ့။ အနည်းဆုံး ထောင်ဒဏ် ၂ နှစ်ခွဲ ကျခံစေမှာပဲဖြစ်ပါတယ်။

လိမ်လည်ခံရတဲ့လူတွေဟာ သူမအနေနဲ့ ချက်ချင်း အိမ်ပြောင်းဖို့ဖြစ်လာတဲ့အတွက် instock ရှိနေတဲ့ ပစ္စည်းတွေကို လက်ကျန်ဖြတ်ချင်လို့ဆိုပြီး လူ ၁၂ ယောက်စီကနေ ဒေါ်လာ ၆၀၀၀ ဖိုးလောက်ကို ရခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ Ting ရဲ့ ထွက်ဆိုချက်ဟာ သူမရဲ့ account တွေနဲ့ ငွေစာရင်းတွေအကုန်လုံးဟာ စင်္ကာပူကအသိ Natasha ဆိုတဲ့ အမျိုးသမီးက ကိုင်ထားတာဖြစ်တဲ့အတါက် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာဆိုဘာမှမသိပါဘူးလို့ ထွက်ဆိုချက်ပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း Ting ရဲ့ထွက်ဆိုချက်ဟာ မခိုင်လုံဘဲ လိမ်နေခဲ့တာကြောင့် အခုဆိုရင် သူမဟာ ထောင်ဒဏ် ၃ နှစ်နဲ့ ၆ လ ကျခံရဖို့ သေချာသလောက် ဖြစ်နေတယ်လို့လည်း သိရပါတယ်။
penny