စတိုးဆိုင်လေးကို ပထမဆုံးဈေးဝယ်ထွက်ခဲ့တဲ့ ထိုင်ဝမ်ကကြောင်လေး

Chen Hsin-ling, Facebook/petsmao

ဆိုရှယ်မီဒီယာအသုံးပြုသူတစ်ယောက်ဟာ သူမရဲ့ချစ်စရာလိမ္မော်ရောင်ကြောင်လေး Ga Mei ကို ပါဆယ်မှာထားတဲ့ ကြောင်စာသံဘူးတွေယူဖို့ စတိုးဆိုင်တစ်ဆိုင်ဆီခေါ်သွားခဲ့တယ်လို့ asiaone သတင်းအရ သိရပါတယ်။ Ga Mei ဟာ စတိုးဆိုင်ကို အခုမှရောက်ဖူးတာဖြစ်ပါတယ်။ Ga Mei ရဲ့သခင်မ Chen Hsin-ling က Ga Mei ရဲ့လည်ပင်းမှာ ID ကတ်လေးချိတ်ဆွဲပေးထားပါတယ်။ စတိုးဆိုင်အနေနဲ့ ပစ္စည်းမှာယူထားတဲ့ ကြောင်လေးရဲ့အချက်အလက်ကို မှန်မမှန်ပြန်စစ်နိုင်အောင်လို့ ဖြစ်ပါတယ်။

Chen Hsin-ling, Facebook/petsmao

Chen မှာ Ga Mei အပြင် Brownie လို့ခေါ်တဲ့ကြောင်လေးတစ်ကောင်ရှိပါသေးတယ်။ Chen ဟာ ကြောင်မွေးချင်တာကြောင့် စွန့်ပစ်ခံထားရတဲ့ကြောင်လေးတွေထဲက နှစ်ကောင်ကိုခေါ်မွေးခဲ့တာ ဖြစ်ပါတယ်။ စစချင်းခေါ်လာတုန်းကတော့ Ga Mei က ၃၀၀ဂရမ်လောက်ပဲရှိပါတယ်။ သူ့ကို Chen က သေချာကျွေးမွေးပြုစုပြီး စောင့်ရှောက်လာတော့မှ အခုလိုအကောင်အကြီးကြီးဖြစ်လာတာပါ။

READ
အိမ်ရှေ့မှာပိတ်နေတဲ့ နှင်းထုကြီးကို အကောင်းဆုံးနည်းနဲ့ အသုံးချခဲ့တဲ့ ဂျပန်အမျိုးသား
Chen Hsin-ling, Facebook/petsmao

Chen ဟာ သူမရဲ့ကြောင်လေးတွေကို ကိုယ်ပိုင် ID ကတ်တွေလုပ်ပေးထားပါတယ်။ Ga Mei ကိုတော့ သူ့နာမည်နဲ့ မှာထားတဲ့အထုပ် သူကိုယ်တိုင်ယူခိုင်းရအောင်လို့ Chen က ခေါ်လာခဲ့တာပါ။ စတိုးဆိုင်ဝန်ထမ်းကတော့ သူတို့ဆီက အော်ဒါမှာယူထားတဲ့ Ga Mei ရဲ့ ကြောင် ID ကတ်လေးနဲ့ ဆဲလ်ဖုန်းနံပတ် နောက်ဆုံး၃လုံးကိုစစ်ပါတယ်။ ပြီးတော့ ချက်ချင်းပဲ Ga Mei ရဲ့ ID ကိုစစ်ကြည့်ပြီး မှာထားတာသေချာပြီဆိုတော့မှ ပစ္စည်းထုတ်ပိုးပေးခဲ့တာဖြစ်ပါတယ်။

Chen Hsin-ling, Facebook/petsmao

Ga Mei ဟာ Chen မွေးထားတဲ့ ကြောင်နှစ်ကောင်ထဲမှာ အငယ်ကောင်ဖြစ်ပါတယ်။ ဒါပေမဲ့ သူက အစားအသောက်တော်တော်ခုံမင်လို့ အကောင်ထွားပါတယ်။ အခုဆိုရင်တော့ Ga Mei က သူ့အစ်ကို Brownie ရဲ့နှစ်ဆ ၈ ကီလိုဂရမ်အလေးချိန်ရှိနေပါပြီ။ တစ်ခါတစ်လေ သူ့သခင် Chen က သူ့တပည့်တွေကို ပီယာနိုတီးသင်နေတဲ့အချိန်ဆိုရင် Ga Mei က ဘေးမှာထိုင်ပြီး မုန့်စားရဖို့မျှော်နေတတ်ပါတယ်။ တစ်ခါတစ်လေဆိုရင် မုန့်ကိုမျှော်ရင်းစောင့်နေရလို့ အိပ်တောင်ပျော်သွားတဲ့အထိပါပဲ။

READ
ခြံရှေ့က ဆိုင်းဘုတ်ကြောင့် ထူးဆန်းတဲ့နည်းနဲ့ လမ်းဖြတ်လျှောက်ခဲ့ကြရတဲ့ လူများ

ShweMom

SHARE