ဂါနာအကသမားတွေ ပုံစံတုပပြီး ဝန်ဆောင်မှုပေးနေတဲ့ ထိုင်ဝမ်က ကလပ်တစ်ခု

[email protected]

ဆိုရှယ်မီဒီယာမှာ ခေတ်စားနေတဲ့ ဂါနာနိုင်ငံက အသုဘအကသမားတွေကတဲ့ ပုံစံကိုတော့ တော်တော်များများ သိကြမယ်ထင်ပါတယ်။  အခုလက်တလောမှာတော့ ဒီအကဟာ ရေပန်းအစားဆုံးအကတစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ဒီအကကို လူအများစုကတော့ တော်တော် သဘောကျကြသလို တစ်ချို့တွေကတော့ နိမိတ်မရှိတဲ့အကတစ်ခုအဖြစ် ဝေဖန်ထားပါတယ်။

ဂါနာနိုင်ငံမှာတော့ ဒီအကဟာ များသောအားဖြင့် အသုဘအခမ်းအနားတွေမှာ ကလေ့ကထရှိတဲ့ အကဖြစ်ပြီး ကရတဲ့သူတွေကလည်း မသက်သာလှပါဘူး။ ဘာကြောင့်လဲဆိုတော့ မြေမြှုပ်မယ့်နေရာ မရောက်ခင်အထိ ဒီအခေါင်းကြီးကို ထမ်းပြီး ကခုန်နေရတာပဲ ဖြစ်ပါတယ်။ အခုတော့ ဒီအကကို ထိုင်ဝမ်နိုင်ငံရှိ နိုက်ကလပ်တစ်ခုမှာ ဝန်ဆောင်မှုပေးတဲ့ပုံစံအဖြစ် အသုံးပြုနေကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

တိုင်ပေမြို့ရှိ OMNI လို့ အမည်ရတဲ့ နိုက်ကလပ်တစ်ခုမှာ စားပွဲထိုးတော်တော်များများဟာ နောက်ခံတီးလုံးဖွင့်ပြီး ဝန်ဆောင်မှုနှစ်ခုပေးပါတယ်။ ပထမဝန်ဆောင်မှုကတော့ ဝိုင်းကြီးတွေမှာ ရှန်ပိန်အပြင် အခြားတန်ဖိုးကြီးအရက်တွေမှာရင် စားပွဲထိုးလေးယောက်က မှာထားတ့ အရက်တွေကို ထမ်းပြီး အဲဒီအကကာ ဝိုင်းသို့ ယူလာပေးကြောင်း သိရပါတယ်။ နောက်ထပ်ဝန်ဆောင်မှုကတော့ အရက်အသောက်လွန်ပြီး မှောက်သွားတဲ့အချိန်ကျရင် အဲဒီလူကို စားပွဲထိုးတွေက ထမ်းပြီး ကာားပေါ်ထိရောက်အောင် လိုက်ပို့ပေးတဲ့ ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။

ဂါနာက အသုဘအကသမားတွေရဲ့ ခေါင်းဆောင်ဖြစ်သူ Benjamin Aidoo ကတော့ သူတို့အကကို အခုလိုအသိအမှတ်ပြုတဲ့အတွက်ကြောင့် ကျေးဇူးတင်စကားဆိုပြီး အဆိုပါကလပ်ရဲ့ ဗီဒီယိုကို share ပြီး သူ့ရဲ့ Instagram အအအကောင့်မှာ တင်ခဲ့ပါသေးတယ်။

READ
မြစ်ဘေးမှာအနားယူနေစဉ် ဘေးမှာလာထိုင်တဲ့ ၀က်ဝံကြောင့် ထိတ်လန့်ခဲ့ရတဲ့ အမျိုးသား

 

Pyi Hein Kyaw

SHARE