နိုင်ငံချင်း မတူညီပေမယ့် နှလုံးသားချင်း ထပ်တူညီခဲ့တဲ့ ထူးထူးခြားခြား ဇနီးမောင်နှံ

[email protected] luleekombe [email protected] dad.fromkili

လောကမှာ လူတစ်ယောက်နဲ့တစ်ယောက်ဆုံဖို့ဆိုတာ ခက်ခဲသလို တစ်ယောက်နဲ့တစ်ယောက် နှလုံးသားချင်းထပ်တူညီဖို့ဆိုတာ အင်မတန်ကို ခက်ခဲပါတယ်။ အထူးသဖြင့် နိုင်ငံချင်းမတူ၊ လူမျိုးချင်းမတူ၊ ကိုးကွယ်တဲ့ ဘာသာချင်းမတူတဲ့ လူနှစ်ယောက်ဟာ ပေါင်းစည်းဖို့ အင်မတန်ခက်ခဲပါတယ်။ ဒါပေမယ့် အဲဒီလို အစစအရာရာ မတူညီတဲ့ လူမျိုးနှစ်ယောက်ဟာ ဖူးစာပါလာပြီဆိုရင်တော့ တစ်ခြားဘယ်အရာကမှ မတားဆီးနိုင်ပါဘူး။ အခုလည်း ထိုင်ဝမ်က အမျိုးသမီးတစ်ယောက်နဲ့ Tanzania နိုင်ငံသားတစ်ယောက်ဟာ ဘဝမှာ အမှတ်မထင် တွေ့ခဲ့ကြပြီး လက်ထပ်ခဲ့ကြကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

ပုံထဲမှာတွေ့ရတဲ့ အမျိုးသမီးကတော့ ထိုင်ဝမ်နိုင်ငံသူတစ်ဦးဖြစ်တဲ့ Lucia Lee-Kombe အမည်ရအမျိုးသမီးပဲ ဖြစ်ပါတယ်။ Luca ဟာ ငယ်ရွယ်စဉ်ကတည်းက ပညာရေးမှာ အင်မတန်ကို ထူးချွန်ထက်မြက်လှတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ Lucia တစ်ယောက် Tazania နိုင်ငံ၊ Arusha မြို့ကို ပညာသင်ကြားဖို့သွားရင်းနဲ့ ကျောင်းအဖွဲ့နဲ့အတူ Safari ဥယျာဉ်ကို လေ့လာရေးခရီးထွက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ Lucia တို့ သွားရောက်လေ့လာမယ့် Arusha မြို့က Safari ဥယျာဉ်ရဲ့ ပိုင်ရှင် Sam ဆိုတာ တစ်ချိန်ကျရင် Lucia ရဲ့ ခင်ပွန်ဖြစ်လာမယ်ဆိုတာကို Lucia လည်း မသိခဲ့သလို Sam ကိုယ်တိုင်လည်း မသိခဲ့ပါဘူး။

 

 

View this post on Instagram

 

About a decade ago, @luleekombe and I walked down the aisle and the rest was history!

A post shared by Sam Kombe (@dad.fromkili) on

ဒီလိုနဲ့ Sam ဟာ Lucia တို့ အဖွဲ့ကို သူပိုင်ဆိုင်တဲ့ Safari ဥယျာဉ်ထဲ လျှောက်ပတ်ပြရင်းနဲ့ Lucia ကို စိတ်ဝင်စားခဲ့မိပါတယ်။ Lucia တစ်ယောက် Tazania နိုင်ငံမှာ ရှိနေတဲ့ တောက်လျှောက်လုံး Sam ဟာ Lucia လိုအပ်တဲ့ အကူအညီတွေကိုပေးရင်းနဲ့ Lucia အနားမှာ နေပေးခဲ့ပါတယ်။ ဒီလိုနဲ့ ၁၀ လလောက်အကြာမှာတော့ Lucia တစ်ယောက် သူမနိုင်ငံကို ပြန်သွားတဲ့အချိန်အထိ Sam တစ်ယောက်ဟာ Lucia ကို လေဆိပ်အထိ လိုက်ပို့ပေးခဲ့ရှာပါတယ်။ အဲဒီနောက်ပိုင်းမှာ သူတို့နှစ်ဦးဟာ ဆိုရှယ်မီဒီယာကနေပဲ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ပြုလုပ်ရင်း Sam က Lucia ကို ချစ်ရေးဆိုခဲ့သလို Lucia ကလည်း Sam ကို လက်ခံခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ၂၀၁၂ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားသမီး ၂ ယောက်တောင် မွေးဖွားခဲ့ပြီးပြီဖြစ်ကြောင်း သိရပါတယ်။

READ
ရေဆာနေတဲ့ တောကြီးမြွေဟောက်ကို ရေဘူးနဲ့ ရေတိုက်ခဲ့တဲ့ သစ်တောအရာရှိ

 

 

View this post on Instagram

 

Happy birthday to the one and only Baba Emma #birthdaylove

A post shared by Lu • Kombe (@luleekombe) on

“Sam ဟာ ကျွန်မအပေါ်ကို တော်တော်လေး နားလည်ပေးတဲ့ ယောက်ျားတစ်ဦးဖြစ်သလို ကျွန်မအတွက် ခင်ပွန်းကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ စတွေ့တဲ့အချိန်ကတည်းက သူဟာ ကြင်နာသနားတတ်တဲ့ ယေက်ျားလေးတစ်ယောက်ဆိုတာကို ကျွန်မခံစားမိပါတယ်။ ကျွန်မနဲ့ သူလက်ထပ်တုန်းကတောင် သူနဲ့ကျွန်မဟာ လူမျိုးဘာသာမတူလို့ အဆင်ပြေပါ့မလားလို့တောင် တွေးမိသေးတယ်။ ဒါပေမယ့် တဖြည်းဖြည်း သူ့ရဲ့လုပ်ရပ်တွေနဲ့ သက်သေပြပြီး အဲဒီအတွေးတွေကို ကျွန်မခေါင်းထဲကနေ မောင်းထုတ်ပေးခဲ့ပါတယ်”လို့ Lucia က ပြောကြားခဲ့ပါတယ်။

READ
ကမ္ဘာ့အလှဆုံး သက်တော်စောင့်အဖြစ် ဖော်ပြခြင်းခံထားရတဲ့ တရုတ်ဘော်ဒီဂတ်

 

Pyi Hein Kyaw

SHARE