လတ်တလော အိုဘားမားဝယ်ယူလိုက်တဲ့ ဒေါ်လာ (၁၂) သန်းတန် အပျံစားအိမ်ကြီး

LandVest

Martha’s Vineyard ဟာ ရုပ်ရှင်သရုပ်ဆောင်၊ စွန့်ဦးတီထွင်သူတွေနဲ့ နိုင်ငံရေးသမားတွေ နှစ်သက်တဲ့ နွေရာသီအပန်းဖြေရာ နေရာတစ်နေရာ ဖြစ်ပါတယ်။ ရှုခင်းလှပြီး ထင်ရှားတဲ့ နေရာဖြစ်တာကြောင့် Martha’s Vineyard ထဲမှာ Diane Sawyer ၊ Michael J.Fox နဲ့ Meg Ryan တို့လို ဆယ်လီတွေဟာလည်း အသီးသီး အိမ်ဝယ်ထားကြပါတယ်။ မကြာသေးခင်ကတော့ အိုဘားမားကိုယ်တိုင်လည်း Martha’s Vineyard မှာ အိမ်တစ်လုံး ၀ယ်ခဲ့တယ်လို့ shared သတင်းစာမျက်နှာက ဆိုပါတယ်။

The McFadden Group

အိုဘားမားမောင်နှံတို့ဟာ Martha’s Vineyard မှာ မကြာခဏဆိုသလို လာအပန်းဖြေနေထိုင်လေ့ရှိပြီး အခုတော့ နေရာကို နှစ်သက်လွန်းတဲ့အတွက် Vineyard ထဲမှာရှိတဲ့ အိမ်တစ်လုံးကို အပိုင်ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အရင်ကတော့ ဒီ စတုရန်းပေ (၇,၀၀၀) ရှိတဲ့ အိမ်ကို Boston Celtics ဘတ်စ်စကတ်ဘောအသင်းပိုင်ရှင် Wyc Grousbeck က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

READ
အိပ်ပျော်နေစဉ်မှာ အမျိုးသမီးရဲ့နားထဲ ၀င်သွားတဲ့ပိုးဟပ်ကို ဆရာဝန်မှဖယ်ထုတ်ပေးခဲ့ရ
LandVest

၎င်းအိမ်ကို ဒေါ်လာ (၁၄.၈၅) သန်း နဲ့ တန်ဖိုးဖြတ်ထားပေမယ့် အိုဘားမားမောင်နှံတို့ဟာ ဒေါ်လာ (၁၁.၇၅) သန်းနဲ့ ဈေးသက်သက်သာသာ အိမ်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘားရတ်နဲ့ မစ်ရှဲလ်တို့ဟာ မနှစ် နွေရာသီတုန်းက အခုဝယ်ထားတဲ့အိမ်ကို နွေရာသီအပန်းဖြေဖို့အတွက် ငှားနေခဲ့ကြပါသေးတယ်။ အိမ်ဟာ Edgartown Great ကန်ကြီးနဲ့ နီးတဲ့အပြင် ရှုခင်းလည်း အရမ်းလှပါတယ်။ ရေကူးကန်နဲ့ အစိမ်းရောင်လွင်ပြင်ကျယ်ကြီးလည်း ပါရှိပါတယ်။ အိမ်ထဲမှာတော့ အိပ်ခန်း (၇) ခန်း၊ လေသာဆောင်၊ ရေအိမ်ခန်းတွေနဲ့ လှပတဲ့ မီးဖိုချောင်၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ မီးလင်းဖိုနဲ့ မိသားစုခန်းတွေပါ ပါဝင်ပါတယ်။

အသစ်စက်စက် ၀ယ်ယူထားတဲ့ အိုဘားမားရဲ့ ခမ်းနားလှတဲ့ အိမ်ကြီးကို အခုလိုတွေ့နိုင်ပါတယ်။

မီးဖိုချောင်

LandVest

ထမင်းစားခန်း

LandVest

ဧည့်ခန်း

LandVest

မိသားစုခန်း

LandVest

ဟောခန်းတစ်လျှောက်

LandVest

အိပ်ခန်း

LandVest

ရေချိုးခန်း

LandVest

ဆင်ဝင်

LandVest

ရေကူးကန်

LandVest

လင်းလင်း (ShweMom)

SHARE