တစ်မိနစ်အတွင်း ခြင်းထဲထည့်သမျှအကုန် ပိုင်ဆိုင်ရမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရသူ

CEN

အခြားနိုင်ငံက စူပါမားကတ်တွေမှာ မဲနှိုက်ပြီးပေါက်သူကို တစ်မိနစ်အတွင်း လက်တွန်းလှည်းခြင်းပေါ် တင်နိုင်သမျှပစ္စည်းတွေအကုန်ရနိုင်မယ့် အခွင့်အရေးပေးလေ့ရှိပါတယ်။ ဒါကို Grocery Grab လို့ ခေါ်ပါတယ်။ နမူနာ ဗီဒီယိုလေးပါ။

သူတို့ဆီမှာတော့ ဒီလိုအခွင့်အရေးမျိုးကြုံလာတဲ့အခါ လူတိုင်းက အားတက်သရောပါဝင်လေ့ရှိကြပါတယ်။ ခြင်းထဲထည့်သမျှပစ္စည်းတိုင်း အလကားရမှာမို့လို့ပါ။

ဒါပေမဲ့ ကိုလံဘီယာ အနောက်မြောက်ပိုင်းက အမျိုးသမီးတစ်ဦးကတော့ ဒီလိုအခွင့်ထူးကိုရခဲ့ပြီး ပါဝင်ခွင့် ရရှိခဲ့ပေမယ့် သူမရဲ့စိတ်ခံစားချက်ကြောင့် တစ်မိနစ်အတွင်းမှာ ဘာပစ္စည်းမှ မရလောက်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

CEN

Quibdo မြို့ရဲ့ စူပါမားကတ်တစ်ခုမှာ အခုလို အသည်းယားစရာကောင်းတဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ အချိန်ရဲ့ဖိအားပေးတာကြောင့်ရော၊ အော်ဟစ်အားပေးနေတဲ့ လူအုပ်ကြီးကြောင့်ရော သူမကိုယ်တိုင်ကပါ စိတ်တွေအရမ်းလှုပ်ရှားနေတဲ့အပြင် ဘာယူလို့ ယူရမှန်း မသိလို့ စဉ်းစားနေရင် တန်ဖိုးရှိလှတဲ့အချိန် (၁) မိနစ်ဟာ အလဟသတ်ကုန်ဆုံးသွားခဲ့ပါတယ်။

CEN
CEN

ပစ္စည်းယူတော့လည်း နှေးကွေးပြီး တစ်ခုချင်း ယူနေခဲ့တာကြောင့် အချိန်ပြည့်သွားသည့်တိုင်အောင် မုန့်လေး (၅) ခုသာခြင်းထဲထည့်နိုင်ခဲ့တာပါ။ ဘေးမှာကြည့်နေတဲ့လူအုပ်ကြီးက အားမလိုအားမရတွေဖြစ်ကာ အသည်းတယားယားနဲ့ အော်ဟစ်အားပေးခဲ့ပေမယ့် သူမကတော့ တုန်ချိတုန်ချိဖြစ်နေခဲ့ပါတယ်။

READ
Instagram Post တစ်ခုကနေ (£1,800)၀င်ငွေရနေတဲ့ ဆိုရှယ်မီဒီယာ Queen
CEN

Grocery Grab လုပ်တဲ့ ဗီဒီယိုကို Facebook ပေါ်မှာ ကြည့်ရှုသူ မီလီယံနဲ့ချီနေပြီး share လုပ်သူပေါင်း (၉၃,၀၀၀) ကျော်ရှိနေခဲ့ပါတယ်။

Source: Daily Mail

Penny

SHARE