ခွေးလေးတွေမွေးပြီးရင် ဘယ်လိုစောင့်ရှောက်ရမလဲဆိုတဲ့အခြေခံအချက်များ

သင်ဟာ ခွေးလေးတစ်ကောင်လောက် မွေးဖို့ စဉ်းစားနေသူလား။ သင့်ခြံထဲမှာ ၊ ဒါမှမဟုတ် သင့်အိမ်ထဲမှာ သင်နဲ့အတူ အဖော်လုပ်ပေးနိုင်မယ့် ခွေးလေးတစ်ကောင်လောက် မွေးချင်နေသူလား။ ဒီလိုသာ စဉ်းစားနေပြီဆိုရင်တော့ သင့်အနေနဲ့ ခွေးလေးတွေကို စောင့်ရှောက်ရမယ့် အခြေခံနည်းလမ်းလေးတွေလည်း သိထားသင့်တယ်နော်။ ဒီလိုမှပဲ သူတို့က ကျန်းမာရေးကောင်းကောင်းနဲ့ ပျော်ရွှင်နိုင်မှာဖြစ်ပြီး သင်လည်း စိတ်ချမ်းသာစွာနဲ့ ခွေးလေးတစ်ကောင်မွေးနိုင်မှာပါ။ ဘယ်လိုနည်းလမ်းလေးတွေလည်းဆိုတော့…

(၁)။ သူတို့စားဖို့အတွက် အစာကိုသေချာရွေးချယ်ပါ

ကိုယ်က ခွေးလေးတစ်ကောင်မွေးပြီးပြီ ဆိုတာနဲ့ အစာကျွေးတာကို အရင်ဆုံးဂရုစိုက်ရပါမယ်။ သူတို့ကို ထမင်းကျန်ဟင်းကျန်တွေ ကျွေးနေမယ့်အစား ခွေးစာအဖြစ် သတ်သတ်မှတ်မှတ်ရောင်းတဲ့ အသင့်စား အစာလေးတွေကို ၀ယ်ကျွေးသင့်တယ်။ ခွေးတွေမှာလည်း သူတို့ကြိုက်တဲ့အရသာမျိုးတွေရှိတာမို့ အရင်ဆုံး မတူညီတာလေးတွေ ၀ယ်ပြီးကျွေးကြည့်ပါ။ အဲဒီနောက်မှာမှ သူတို့ ပိုပြီး နှစ်သက်တာလေးတွေကို ၀ယ်ကျွေးပေါ့။

READ
မိန်းကလေးတွေ ဘာလို့ ပွစိပွစိနဲ့ စကားအရမ်းပြောနိုင်ကြတာလဲ။
Wikihow
(၂)လူတွေစားတဲ့အစားအစာတိုင်းကိုမကျွေးပါနဲ့

တချို့ဆိုရင် ရှိပါတယ်။ ကိုယ်စားနေတုန်း ခွေးလေးတစ်ကောင်ဘေးနားရောက်လာလို့ ကိုယ်စားနေတာကို ကျွေးလိုက်တာမျိုး။ တကယ်တော့ အဲဒါက ခွေးလေးတွေအတွက် အန္တရာယ်ရှိပါတယ်။ သူတို့မှာလည်း သူတို့နဲ့မတည့်တဲ့ အစားအစာမျိုးရှိတယ်လေ။ ရှောင်ကျဉ်သင့်တဲ့အစားအစာတွေကတော့  အရက်နဲ့ဆိုင်တာတွေ၊ ထောပတ်သီး၊ စပျစ်သီး၊ ချောကလက်၊ ကော်ဖီ ၊ အစေ့ပါတဲ့အသီးတွေ၊ ကြက်သွန်ဖြူ/နီ ၊ မြေပဲ စတာတွေပါပဲ။ ဒါတွေက ခွေးလေးတွေကို မတော်တဆ အဆိပ်ဖြစ်စေလို့  မကျွေးသင့်ပါဘူး။

Wikihow
(၃)လေ့ကျင့်ခန်းလုပ်ပေးပါ

လေ့ကျင့်ခန်းလုပ်ပေးတယ်ဆိုတာ အလွယ်ပြောရရင် သူတို့နဲ့အတူ လမ်းလျှောက်ထွက်ပေးတာပေါ့။ တိုက်ခန်းတွေထဲမှာ နေရတဲ့ခွေးလေးတွေဆိုရင် တစ်ချိန်လုံးအခန်းထဲမှာပဲ နေရတော့ တကယ့်သဘာဝ ပတ်ဝန်းကျင်နဲ့ထိတွေ့ခွင့်မရဘူးလေ။ ဒီတော့ အနည်းဆုံး တစ်နေ့ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် သူတို့နဲ့အတူ လမ်းလျှောက်ထွက်ပေးသင့်ပါတယ်။ တစ်ကြိမ်မှာ (၁၅)မိနစ်လောက် အနည်းဆုံးလျှောက်ပေးသင့်ပြီး ဒီလို လမ်းလျှောက်ပေးခြင်းအားဖြင့်  သူ့ရဲ့အစာခြေနှုန်းတွေကောင်းလာစေသလို ပိုပြီးတော့လည်း ကျန်းမာလာစေပါတယ်နော်။

READ
အခုလက်ရှိ အကြိုက်များပြီး လူထိုးများတဲ့ အမှတ်တရ တက်တူးဒီဇိုင်းများ
Wikihow
(၄)။ သူတို့နဲ့ ကစားပေးပါ

ကိုယ်အိမ်မှာရှိတဲ့အခါ ကိုယ့်ရဲ့ခွေးလေးနဲ့အချိန်ပေးပြီး ကစားပေးတာက သူတို့ကို ပိုပြီးပျော်ရွှင်စေမှာပါ။ ဘောလုံးကောက်ခိုင်းတာပဲဖြစ်ဖြစ် ၊ ခြံထဲမှာ ပြေးလွှားဆော့တာပဲဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင် သူတို့က သင်နဲ့ပိုပြီး နီးစပ်လာမှာဖြစ်ပြီး သင့်ကို ပိုလို့ အချစ်တိုးလာပါလိမ့်မယ်။

Wikihow
(၅)။ သန့်ရှင်းအောင်ထားပါ

ခွေးတွေဆိုတာလည်း လူတွေလိုပါပဲလို့တောင်ပြောရမလားပဲ။ သူတို့ကို သန့်ရှင်းအောင်ထားပေးတာက ပိုပြီး ကျန်းမာရေးကောင်းစေပါတယ်။ သူတို့ရဲ့သွားတွေက အညစ်အကြေးတွေကို သန့်စင်ပေးတာ၊ ရေချိုးပေးတာ၊ ခြေသည်းတွေကို ဂရုစိုက်ပေးတာ စတာတွေကို အပတ်စဉ် ပြုလုပ်ပေးသင့်ပါတယ်။ ပုံမှန်ပြုလုပ်ပေးတဲ့အခါမှသာ သူတို့က အဲဒီအလေ့အထတွေနဲ့ ယဉ်ပါးသွားမှာဖြစ်ပြီး နောက်အကြိမ်တွေကျရင် အခက်အခဲမရှိ ပြုလုပ်ပေးနိုင်မှာပါနော်။

Linn

Source : Wikihow

SHARE