ရုံးခန်းတွင်း တိရစ္ဆာန် မွေးထားခြင်းဟာ အလုပ်ပိုတွင်စေနိုင်ကြောင်း သိရ

unsplash/Yerlin Matu

အိမ်မွေးတိရစ္ဆာန်လေးတွေဟာ ၄င်းတို့ရဲ့ ပိုင်ရှင်တွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ပါတယ်။ အရင်တုန်းကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေကို အိမ်မှာပဲ မွေးကြပေမယ့် အခုဆိုရင် ကုမ္ဗဏီတော်တော်များများမှာ ခွေး၊ကြောင်စတဲ့ တိရစ္ဆာန်လေးတွေကို မွေးမြူလာနေပါပြီ။ အခုအခါမှာတော့ ရုံးတွေ၊ ကုမ္ဗဏီတွေမှာ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့အခါ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို brightside ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

ဝန်ထမ်းတွေကြားထဲမှာ ပိုပြီးရင်းနှီးမှူကို ဖြစ်စေတယ်

အိမ်မွေးတိရစ္ဆာန်လေးတွေဟာ လူအချင်းချင်း ရင်းနှီးမှူကို ပိုဖြစ်စေအောင် ချိတ်ဆက်ပေးတဲ့ သတ္တ၀ါလေးတွေပါ။ လေ့လာချက်တစ်ခုအရ တကယ်လို့ ရုံးတစ်ရုံးမှာ ခွေးမွေးထားခဲ့ရင် ခွေးရှိနေတဲ့အချိန် ရုံးက လူတွေဟာ အချင်းချင်း ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းရည်တွေ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခွေးတစ်ကောင် အနားရှိနေတဲ့အခါမှာ လူတွေဟာ စိတ်ကောင်းဝင်နေလေ့ရှိကြတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ၀န်ထမ်းအချင်းချင်း ချစ်ခင်ရင်းနှီးမှူကို တည်ဆောက်ဖို့လွယ်တဲ့အပြင် ခွေးချစ်သူကြောင်ချစ်သူcustomer တွေလာရင်လည်း ကုမ္ဗဏီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရေရှည်တည်ဆောက်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

unsplash/Berkay Gumustekin

အလုပ်တွင်စေတယ်

တိရစ္ဆာန်လေးတွေနဲ့ လမ်းလျှောက်ထွက်ပေးတာ၊ အစာခွက်လဲပေးတာ၊ ရေထည့်ပေးတာ စတဲ့ အလုပ်လေးတွေဟာ လုပ်ငန်းခွင်ထဲမှာ ခဏအနားယူသလိုပါပဲ။ သိပ္ဗံလေ့လာချက်တွေအရတော့ ဒီလိုမျိုးလုပ်ကိုင်ပေးတာဟာ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်စေတဲ့အပြင် ဖန်တီးနိုင်စွမ်းကိုပါ မြင့်မားစေတယ်လို့ ဆိုပါတယ်။

စိတ်ဖိစီးမှူကို လျော့ကျစေတယ်

လေ့လာချက်အရ အနားမှာ ခွေးတစ်ကောင်ရှိနေခြင်းဟာ စိတ်ဖိစီးမှူဟော်မုန်းတစ်မျိုးဖြစ်တဲ့ ကော်တီဆိုးလ် ဟော်မုန်းပမာဏကို သိသိသာသာ လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ၄င်းလေ့လာချက်မှာတော့ တစ်နေ့လုံး ခွေး၊ ကြောင်နားမှာ နီးနီးကပ်ကပ်နေကြတဲ့ ၀န်ထမ်းတွေရဲ့ စိတ်ဖိစီးမှူပမာဏဟာ တစ်နေ့တာ အလုပ်ပြီးချိန်မှာ တော်တော်လေး လျော့နေတာကို တွေ့ရှိခဲ့ကြပါတယ်။ ခွေးလေးတစ်ကောင်၊ ကြောင်လေးတစ်ကောင်ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူကို ကြည့်တာ၊ သူတို့နဲ့ ဆော့ကစားတာ၊ သူတို့ကို ပွတ်သပ်ကျီစယ်တာတွေဟာ အလုပ်ခွင်က ဖိစီးမှူတွေကို လျော့ချဖို့ အကောင်းဆုံးနည်းလမ်းလို့ သိရပါတယ်။

unsplash/Ramiz Dedaković

နာမကျန်းခွင့်ယူတာတွေ လျော့ကျလာမယ်

အိမ်မွေးတိရစ္ဆာန်လေးတွေဟာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို အများကြီး အကူညီပေးပြီး ကျန်းမာရေးကိုပါ တိုးတက်စေနိုင်တယ်ဆိုတာကို အပေါ်မှာလည်း ဖော်ပြခဲ့ပြီးပါပြီ။ သူတို့လေးတွေက လူတွေကို တက်ကြွလာအောင် အကူအညီပေးနိုင်ပါတယ်။ လူဟာ တက်ကြွပြီး စိတ်လန်းဆန်းနေတဲ့အခါ ကိုလက်စထရောကျတဲ့အပြင် စိတ်ဖိစီးမှူလည်း လျော့နည်းစေနိုင်ပါတယ်။ ဒါ့အပြင် ကုမ္ဗဏီတွင်း ခွေး/ကြောင်လေးတွေ မွေးမြူထားခြင်းဟာ စိတ်ဖိစီးမှူရဲ့ အကျိုးဆက်ဖြစ်တဲ့ နှလုံးနဲ့ ဆက်စပ်တဲ့ဝေဒနာဖြစ်ပွားနှူန်းကိုလည်း လျော့ကျလာစေနိုင်ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE