ချာတိတ်ဘ၀မှာကတည်းက အောင်မြင်မှုရခဲ့ကြတဲ့ တီထွင်သူလေးတွေ

Twitter / BrightSide

လူငယ်တွေဟာ အနာဂတ်ရဲ့သားကောင်းတွေဖြစ်သလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့လမ်းကြောင်းပေါ်လျှောက်လှမ်းနေကြသူတွေရှိနေပါတယ်။ လူတွေမှာ အသက်အရွယ်က အဓိကမဟုတ်ဘဲ ကြိုးစားချင်စိတ်လုံ့လ၀ီရိယနဲ့ မိမိကိုယ်ကိုယ်ယုံကြည်ချက်ရှိသူတွေဟာအောင်မြင်ခြင်းပန်းတိုင်ကို ဆွတ်ခူးနိုင်ကြပါတယ်။

Louis braille ဟာဆိုရင် (၁၅)နှစ်အရွယ်နဲ့မျက်မမြင်တွေအတွက် စာဖတ်နည်းနဲ့စာရေးနည်းကိုဖန်းတီးခဲ့သူဖြစ်ပါတယ်။

Benjamin Franklinဆိုရင်လည်း ရေကူးခြေယက်တွေကို တီထွင်ခဲ့တုန်းက အသက်(၁၂)နှစ်အရွယ်ပဲရှိပါသေးတယ်။

တကယ်ထူးချွန်တဲ့ စွန့်ဦးတီထွင်သူဖြစ်လာဖို့ဆိုတာ ဥာဏ်ကွန့်မြူးနိုင်တာ၊ အာရုံစူးစိုက်မှုကောင်းဖို့နဲ့ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိဖို့ကအဓိကကျပါတယ်။ အခုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ စွန့်ဦးတီထွင်သူတွေဖြစ်နေကြတဲ့ လူငယ်လေးတွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

Jack Andraka(အမေရိကန်)

Jack Andraka ကတော့ အသက်(၁၆)နှစ်အရွယ်မှာ ကင်ဆာရောဂါကို စတင်စမ်းသပ်ခဲ့တဲ့  အမေရိကန်စွန့်ဦးတီထွင်သူတစ်ယောက်ပါ။ သူ့ဆွေမျိုးတစ်ဦးကင်ဆာရောဂါနဲ့ သေဆုံးသွားပြီးနောက်မှာ ကင်ဆာအဆင့်မရောက်ခင် အကျိတ်စတည်လာတဲ့ဖြစ်စဉ်ကို စိတ်ဝင်တစားနဲ့လေ့လာခဲ့တာဖြစ်ပါတယ်။ (၇)လလုံးလုံးကျောင်းဓာတ်ခွဲခန်းထဲ လေ့လာစမ်းသပ်နေခဲ့ပြီးနောက်မှာ သွေးထဲက mesothelin ကိုရှာဖွေနိုင်တဲ့ ကိရိယာတစ်မျိုးကိုတီထွင်နိုင်ခဲ့ပါတယ်။

 

Valentin Frechka,(ယူကရိန်း)

အသက်(၁၈)နှစ်အရွယ် Valentin Frechka ကတော့ သစ်ရွက်ခြောက်၊ ကြွေလွင့်သစ်ရွက်တွေကို စက္ကူအဖြစ်ပြန်လည်အသုံးပြု နိုင်တဲ့နည်းပညာကို လုပ်ဆောင်ခဲ့တာပါ။ ဒီတီထွင်မှုဟာ  သစ်တောပြုန်းတီးမှုလျော့ပါးစေနိုင်သလို၊ စက္ကူဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းနဲ့လည်းသဟဇာတဖြစ်ပါတယ်။ သစ်ရွက်ကုန်ကြမ်း(၁.၅)တန်ဟာ A4 စာရွက်(၂၀၀၀၀)ထုတ်လုပ်နိုင်တယ်လို့သိရပါတယ်။ Valentin ဟာ  အမေရိကန်မှာကျင်းပတဲ့ Genius Olympiad 2018မှာ ဒီနည်းပညာနဲ့ ရွှေတံဆိပ်ဆုရရှိခဲံ့ပါတယ်။

Sergei Khaliavin (ရုရှား)

အသက်(၁၇)နှစ်အရွယ်စွန့်ဦး တီထွင်သူ Sergei Khaliavin ကတော့ လက်မရှိသူတွေအသုံးပြုလို့ရမယ့် ကွန်ပျူတာ mouse ကိုတီထွင်ခဲ့သူဖြစ်ပါတယ်။ လက်နဲ့လူတိုင်းအသုံးပြုနေတဲ့ကွန်ပြူတာ mouse ကို အသုံးမပြုနိုင်တဲ့ သူငယ်ချင်းဖြစ်သူအတွက်ရည်ရွယ်ပြီး တီထွင်ခဲ့တာဖြစ်ပါတယ်။ပုံမှန် mouseတွေလို control boardပါပြီး လက်မရှိတဲ့သူတွေအတွက်ဖြစ်လို့ mouseကို ဖိနပ်ပုံစံ တီထွင်ကာ အသုံးပြုသူက ခြေချောင်းတွေနဲ့ထိန်းချုပ်လို့ရနိုင်မှာဖြစ်ပါတယ်။

Acharya (အမေရိကန်)

အသက်(၁၃)နှစ်သာရှိသေးတဲ့ Laalitya Acharyaကတော့ ဈေးပေါပြီး ၊အလွယ်တကူပြန်လည်သုံးလို့ရတဲ့ စွမ်းအားအရင်းမြစ်တွေကို သုတေသနပြုလုပ်တာ အင်မတန်ဝါသနာပါသူပါ။ သူမဟာ ဖြတ်သွားတဲ့ကားတွေကထွက်တဲ့ လှိုင်းတွေကိုလျှပ်စစ် အဖြစ်ပြောင်းလဲပေးနိုင်တဲ့ TraffEnerate ဆိုတဲ့ပစ္စည်းတစ်မျိုးကိုတီထွင်လိုက်တာပါ။ ဒီစိတ်ကူးကို အိန္ဒိယသွားတုန်းက ရခဲ့တာဖြစ်ပြီး၊ လျှပ်စစ်မီးမရှိဘဲနေရတဲ့ကလေးတွေ အတွက်ရည်ရွယ်ခဲ့တာလို့ဆိုပါတယ်။ သူမဟာ2017ခုနှစ်က Discovery Education 3M ပြိုင်ပွဲမှာ Acharyaရဲ့အဲ့ဒီပရောဂျက်က ဆုရရှိခဲ့ပါတယ်။

Gitanjali Rao(အမေရိကန်)

အသက်(၁၂)နှစ်အရွယ် Gitanjali Raoက ရေတွေထဲခဲဓာတ်ရှိမရှိစစ်ဆေးပေးနိုင်တဲ့ ပစ္စည်းတစ်မျိုးကိုတီထွင်ခဲ့တာပါ။ ဒီပစ္စည်းက carbohydrate nanotubesနဲ့ပြုလုပ်ထားတဲ့ filterကိုအခြေခံထားပြီး၊ Bluetoothနဲ့ချိတ်ဆက်သုံးလို့ရတာဖြစ်လို့ စမတ်ဖုန်းတွေမှာ ချိတ်ဆက်လိုက်တဲ့အခါ ရေထဲခဲဓာတ်ရှိမရှိဖော်ပြပေးမယ့်ပစ္စည်းဖြစ်ပါတယ်။ Gitanjali ဟာ ဒီပစ္စည်းနဲ့ပဲ အမေရိကန်မှာ(၂၀၁၇)ရဲ့အကောင်းဆုံးလူငယ်သိပ္ပံပညာရှင်ဖြစ်လာခဲ့ပါတယ်။

Ann Makosinski (ကနေဒါ)

အသက်(၁၆)နှစ်အရွယ် Ann Makosinski ဟာ ဘက်ထရီမလိုဘဲ ခန္ဓာကိုယ်အနွေးဓာတ်နဲ့ သုံးလို့ရမယ့် ထူးခြားတဲ့ဓာတ်မီးကိုတီထွင်ခဲ့သူပါ။ မီးပျက်လို့ အိမ်စာဘယ်လိုလုပ်ရမလဲဆိုတဲ့ သူငယ်ချင်းပြောစကားကနေ စိတ်ကူးအကြံဥာဏ်ရရှိသွားခဲ့တာဖြစ်ပါတယ်။ Annရဲ့ဓာတ်မီးဟာ ဘက်ထရီမလိုတဲ့အတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း မဖြစ်နိုင်တာ့ပါဘူး။ Ann ရဲ့ ဒီပရောဂျက်ကလည်း 2013 Google Science Fairအပါအ၀င် အခြား သိပ္ပံဆိုင်ရာပြပွဲတွေမှာ အသိမှတ်ပြုခံရတဲ့ ပရောဂျက်ဖြစ်ခဲ့ပါတယ်။

Khaing

SHARE