သင်ဟာ စကားများတဲ့လူတစ်ယောက်ဟုတ်၊မဟုတ် ဒီအချက်တွေကိုကြည့်ပြီးသိနိုင်တယ်

nakaridore/Shutterstock

သင်က အရမ်းစကားများတာပဲ လို့ တစ်ယောက်ယောက်ကများ ပြောလာခဲ့ရင် မခံချိမခံသာ ဖြစ်ဖူးလား။ ဒါမှမဟုတ် ကိုယ်က အရမ်းစကားများတဲ့လူတစ်ယောက်လို့ပဲ ကိုယ့်ကိုယ်ကိုယ် မှတ်ယူထားတာလား။ တကယ်လို့သာ သင့်ကိုယ်သင် စကားများတဲ့သူတစ်ယောက် ဟုတ်၊မဟုတ် မသေချာဘူးဆိုရင် ဒီအချက်လေးတွေကိုကြည့်ပြီး ပြန်အကဲဖြတ်လို့ရပါတယ်။ အောက်မှာပါတဲ့အချက်တွေ တော်တော်များများနဲ့ ကိုက်ညီနေရင်တော့ သေချာပြီ သင်ဟာ စကားအရမ်းများတဲ့သူတစ်ယောက်ပဲဆိုတာ…။

(၁)။ တစ်ယောက်တည်းစကားတွေပြောနေတာ

တစ်ယောက်တည်းရှိနေတဲ့အချိန်တွေမှာ သင့်ကိုယ်သင်ပြန်ပြီး စကားပြောလေ့ရှိလား။ တချို့ဆိုရင်ရှိတယ်လေ။ မြန်မာကားထဲကလိုပဲ စိတ်ထဲမှာတွေးမိတာတွေကို အသံထွက်ပြီး တစ်ယောက်တည်းပြောနေတတ်တဲ့သူတွေ။ များသောအားဖြင့်တော့ စကားများတဲ့သူအများစုမှာ ဒီလိုအလေ့အကျင့်လေးတွေရှိတတ်ပါတယ်။ တကယ်လို့ သင်ဟာ မှန်ကြည့်ပြီး တစ်ခါတစ်လေစကားတွေပြောမိနေတယ်ဆိုရင် အဲဒါ အထူးအဆန်းမဟုတ်ပါဘူးနော်။ လူတော်တော်များများက အဲလိုပြောနေကြတာပါပဲ။

Cookie Studio/Shutterstock
(၂)။ သင့်မှာဗဟုသုတဘယ်လောက်ရှိကြောင်း လူတွေသိစေချင်တယ်

ကိုယ်က အရာရာကိုနှံ့စပ်သူတစ်ယောက်ဖြစ်ကြောင်း သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို သိစေချင်တဲ့စိတ်ကလည်း ကိုယ့်ကို စကားများသူတစ်ယောက်အဖြစ် ပြောင်းလဲသွားစေနိုင်ပါတယ်။ အကြောင်းအရာတစ်ခုကို သင် သေချာသိကြောင်းပြဖို့ နာရီဝက်လောက် ဆက်တိုက်ပြောနေပြီဆိုရင် တစ်ဖက်ကလည်း နားညီးလာမှာ အမှန်ပဲလေ။ ဒီတော့ သင်ကိုယ်တိုင်တောင် မသိလိုက်ပဲ သင်ဟာ စကားများတဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတော့မှာ။

READ
သူငယ်ချင်းကောင်းမှာ ရှိသင့်တဲ့အရည်အသွေး(၈)ချက်
Cherries/Shutterstock
(၃)။ သင်စကားပြောနေပုံက ဆွဲဆောင်မှုရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတာ

သင်စကားပြောတဲ့အခါ ပြောနေတဲ့အကြောင်းအရာကိုလည်းကောင်းကောင်းသိတယ်၊ မျက်နှာအမူအရာတွေအပြင်၊ လက်ဟန်ခြေဟန်တွေနဲ့ပါ ပြောနေပြီဆိုရင် သင်ဟာ စကားပြောတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ဆွဲဆောင်မှုရှိတယ်လို့ ထင်နေသူပါ။ အဲဒီက စပြီး သင့်ရဲ့ဆွဲဆောင်မှုကိုပြဖို့ စကားတွေ အရမ်းကို များတော့တာပဲ။ ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးကိုတောင်မှ လက်ဟန်ခြေဟန်တွေနဲ့ စကားအမျှင်မပြတ်လာပြောနေရင် ဘယ်သူမဆို စိတ်ညစ်ကြမှာပဲလေ။ အဲဒီတော့ သတိထားနော်။

Marijus Auruskevicius/Shutterstock
(၄)။ စိတ်ထဲမှာသိမ်းမထားတတ်တဲ့သူ

သင်ဟာ မကျေနပ်တာတွေ၊ ခံစားမှုတွေကို စိတ်ထဲမှာ သိမ်းမထားတတ်တဲ့သူတစ်ယောက်ဆိုရင်တော့ အဲဒါတွေကို ထုတ်ပြောဖို့ကြိုးစားရင်းကနေ စကားများတဲ့သူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်သွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင့်မှာ ပြောစရာတွေအများကြီးပဲလေ။ မနက်ခင်း ကားပေါ်မှာနေရာမရတာကအစ၊ ညနေဖက် မိုးရွာတာကအဆုံး သင့်ဆီမှာ ပြောစရာတွေအများကြီးဖြစ်နေတော့မှာပါ။ ဒီတော့ သင့်အနားမှာ ရှိနေတဲ့သူတွေလည်း နားညီးပြီပေါ့။

READ
ခေတ်မီပြီးဝန်ထမ်းပျော်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ဖို့ ညှိုနှိုင်းပေးသင့်တဲ့အချက် ၅ ချက်

Linn

SHARE