အရည်ရှည်သူတွေ သတိထား .. ကိုဗစ်ကူးစက်ခံရနိုင်ချေ ပိုများဟု သိပ္ပံပညာရှင်များဆို

Twitter/PRI

အရပ်ရှည်လွန်းရင်လည်း ကလန်ကလားနဲ့ ကြည့်မကောင်းသလို၊ အရပ်ပုလွန်းရင်လည်း မကောင်းပြန်ပါဘူး။ အရပ်ပုခြင်းနဲ့ ရှည်ခြင်းကြားမှာ မတူညီတဲ့ အားသာချက် အားနည်းချက်တွေကတော့ ရှိနေမှာပါ။ မျက်မှောက်ခေတ် လူငယ်တွေရဲ့ သဘာထားအရတော့ တော်တော်များများက အရပ်ရှည်ချင်ကြပါတယ်။ အရပ်ရှည်အောင်လည်း ကြိုးစားကြပါတယ်။

ဒါပေမယ့် ကိုဗစ်ကပ်ဆိုး ကာလကြီးမှာ သုတေသနပညာရှင်တွေရဲ့တွေ့ရှိချက်အသစ်ကတော့ သူများထက်ထူးပြီး အရပ်ရှည်နေသူတွေအတွက် ပျော်စရာ မဖြစ်နိုင်ပါဘူး။ အကြောင်းကတော့ အရပ်ရှည်သူတွေဟာ ကိုဗစ်-၁၉နဲ့ ပိုပြီးနီးစပ်ကြတယ်လို့ The Telegraph ရဲ့ သတင်းတစ်ပုဒ်က ဆိုပါတယ်။

 

ဒီတွေ့ရှိချက်ကို University of Manchester နဲ့ Open University တို့မှ သုတေသနပညာရှင်တွေက အတည်ပြုခဲ့တာပါ။ သုတေသနပညာရှင်တွေဟာ အမေရိကန်၊ ယူကေက လူ(၂၀၀၀)ကျော်ကို အချိန်ယူ သုတေသနပြုလုပ်ခဲ့ပြီး၊ တွေ့ရှိချက်မှာတော့ (၆)ပေကျော်ရှိသူတွေဟာ ကိုဗစ်-၁၉ ကူးစက်မှုမှာ (၂)ဆပိုများတယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ဟာ လေထုထဲကနေ ပျံ့လွင့်ပြီး Droplet transmission သဘောနဲ့ ကူးစက်တာဖြစ်ပါတယ်။ ဒီသဘောမျိုးအတိုင်းဆိုရင်တော့ အရပ်အနိမ့်အမြင့်က ပဓာနမဟုတ်တော့ပါဘူး။ ဒါပေမယ့် Downward droplet transmission ဆိုရင်တော့ အရပ်မြင့်သူတွေအတွက် စိုးရိမ်စရာ ဖြစ်နိုင်ကြောင်း ဆိုပါတယ်။

 

 

View this post on Instagram

 

To stop the spread of #COVID19, we all need to play our part. Help protect those who need it most.

A post shared by World Health Organization (@who) on

Downward droplet transmission ဟာ ကူးစက်မှုရဲ့ ယန္တရားဖြစ်ရုံမက Aerosol transmission ကူးစက်မှုကြောင့်လည်း ဖြစ်တန်ချေရှိနိုင်ကြောင်း မန်ချက်စတာတက္ကသိုလ်မှ ဒေါက်တာ Evan Kontopantelis က ပြောပါတယ်။

ဒါပေမယ့် ဒီတွေ့ရှိချက်တွေကို သတင်းစာတွေ၊ ဂျာနယ်တွေကနေ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဆိုရရင် အငြင်းပွားဖွယ်ရာ အချက်တွေ ပါနေသလောက် တခြားပညာရှင်တွေရဲ့ အတည်ပြုမှုတွေလည်း မရရှိသေးတာပါ။ medRxiv အမည်ရ ဝက်ဘ်မှာသာ ဖော်ပြထား ဆဲဖြစ်ပြီး၊ Peer-reviewed မရသေးဘူးလို့ သိရပါတယ်။

(Peer-reviewed ဆိုတာကတော့ ဆောင်းပါးတွေ တွေ့ရှိချက်တွေကို တကယ်ကျွမ်းကျင်သူတွေက ရေးသားရှာဖွေခဲ့ကြပြီး၊ ဒီအတွက် များပြားလှစွာသော ကျွမ်းကျင်သူတွေက မှန်ကန်ကြောင်း၊ ဟုတ်မှန်ကြောင်း အပြည့်အဝ ထောက်ခံချက်ပေးတဲ့ သဘောမျိုးဖြစ်ပါတယ်။ ဆိုရရင် တွေ့ရှိချက်တွေဟာ တကယ်မှန်ကန်ကြောင်း ယုံကြည်နိုင်စေဖို့ သိပ္ပံနည်း ကျမကျ၊ ခိုင်လုံမှုရှိမရှိ၊ ယုတ္ထိသဘောနဲ့လည်း သင့်တော်ခြင်း ရှိ/မရှိ စတဲ့အချက်တွေနဲ့ ပညာရှင်တွေက စံထိုးခြင်းဖြစ်ပါတယ်။

လင်းသူရိန်

SHARE