Billie Eilish က unfollow လုပ်လိုက်လို့ ၁၅ မိနစ်စာဗီဒီယိုတင်ပြီးတောင်းပန်ခဲ့သူ

@tanamongeau/Instagram, @billieeilish/Instagram

အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ Los Angeles သူလေး Billie Eilish ဟာ ဆယ်နှစ်ပတ်ချာလည်ကလေးတွေမှစလို့  လူလတ်ပိုင်းတွေအထိ အားပေးမှုကို ခံနေရတဲ့ ပေါ့ပ်အဆိုတော်မလေးဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ အသက် ၁၃ နှစ်ဝန်းကျင်ချာတိတ်ဘဝကတည်းက Ocean Eyes ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေရဲ့ရင်ထဲကို ဝင်ရောက်သွားကာ အခုဆိုရင် album တစ်ခုနဲ့ single သီချင်းပေါင်းများစွာ ထွက်ရှိထားထားခဲ့ပါပြီ။ US မှာ အကျော်ကြားဆုံးဆိုတဲ့ ရွှေအဆင့်သီချင်း ၇ပုဒ်နဲ့ ပလတ်တီနမ်အဆင့် သီချင်း ၃ ပုဒ်တို့လည်း ရှိနေတာကြောင့် ၂၀၀၀ ခုနှစ်နောက်ပိုင်းဖွား ချာတိတ်တွေထဲမှာတော့ အအောင်မြင်ဆုံးချာတိတ်တစ်ယောက်လို့တောင် ဆိုလို့ရပါတယ်။

@billieeilish/Instagram

သူမရဲ့ဖက်ရှင်နဲ့သီချင်းဆိုပုံဆိုပေါက်တွေ၊ ခပ်တိုတိုနဲ့ထိမိတဲ့စာသားအဆန်းတွေကြောင့်ပဲ တစ်မူထူးခြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ကာ အမာခံပရိသတ်တွေဟာဆိုရင်လည်း တစ်နေ့တစ်ခြားတိုးပွားလို့နေပါတော့တယ်။ ဒီလိုအမာခံပရိသတ်တွေထဲ YouTuber တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ Tana Mongeau လည်း အပါအဝင်ပါပဲ။ နောက်ပြီး သူတို့နှစ်ယောက်ဟာ ရင်းနှီးတဲ့အဆိုတော်နဲ့ပရိသတ်ဆက်ဆံရေးမှာရှိနေခဲ့ကြပြီး Billie ဟာ သူ့ရှိုးတွေဘာတွေတောင် Tana Mongeau ကို ဖိတ်ခဲ့ပါသေးတယ်။

READ
လူရှေ့သူရှေ့ အဝတ်တွေချွတ်ပြီး ခပ်တည်တည်နဲ့ အေရိုးဗစ်လုပ်ခဲ့သူများ

Tana Mongeau ဟာ Billie ရဲ့ တကယ့်အမာခံပရိသတ်မှ ပရိသတ်စစ်စစ်ပါပဲ။ ၂၀၁၈ နိုဝင်ဘာလတုန်းကဆိုရင် သူမရဲ့ Twitter မှာ “အလုပ်မရှိတဲ့အချိန်တိုင်းလိုလို Billie Eilish ရဲ့ သီချင်းတွေ၊ အင်တာဗျူးတွေကိုပဲ ထိုင်ကြည့်နေလေ့ရှိတယ်” လို့ tweet ခဲ့တဲ့အထိကို အားပေးကြမ်းခဲ့တာပါ။ အဲဒီနှစ်ကဒီဇင်ဘာမှာပဲ Instagram မှာ Billie တစ်ယောက် ဘာမှမတင်၊ သုံးလည်းမသုံးတော့တာကြောင့် သူ့ဘဝကြီးက ဟာတာတာဖြစ်နေရပါပြီဆိုပြီးလည်း ထပ်တင်ထားခဲ့ပြန်ပါသေးတယ်။ ဒီလိုမျိုးအားပေးကြမ်းခဲ့သူတစ်ယောက်က သူ့ကို follow လုပ်ထားတဲ့ အနုပညာရှင်တစ်ယောက်က စိတ်ခုပြီး unfollow လုပ်သွားတယ်ဆိုတာ တော်တော်လေးကို ခံစားရမှာပါပဲ။

@tanamongeau/Instagram
@tanamongeau/Instagram
@tanamongeau/Instagram

Tana Mongeau ဟာ သူမရဲ့ Instagram မှာ စေ့စပ်ကြောင်းဓာတ်ပုံလေးတင်ထားခဲ့ပါတယ်။ အဲဒါကို Billie ကနေပြီး “eek” ဆိုပြီး comment တစ်ခု၊ “yikes” ဆိုပြီး comment တစ်ခု၊ စုစုပေါင်း ၂ ခုပေးခဲ့တာကြောင့် Tana Mongeau ဟာ Billie ကို မင်္ဂလာဆောင်လာမှာလားလို့ message ပို့ခဲ့ပေမယ့် Billie ကနေပြီး ခပ်ပြတ်ပြတ်ပဲ “no” တစ်လုံးထဲ ဖြေလိုက်ခဲ့ပါတော့တယ်။

READ
ငတုံးတွေကို ကြည့်ရှောင်ခိုင်းတဲ့ အမေ့ရဲ့ လုပ်ရပ်ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ သား
@tanamongeau/Instagram

ထပ်ပြီး Tana Mongeau ဟာ မေလတုန်းကလည်း Billie ဝတ်တဲ့ပုံစံအတိုင်း လိုက်ဝတ်ကာ YouTube ဗီဒီယိုတစ်ခု တင်ထားခဲ့တဲ့အတွက်ကြောင့် လည်း Billie ဟာ တော်တော်လေးကို စိတ်ဆိုးသွားခဲ့ပြီး အခုအချိန်မှာတော့ Tana Mongeau ကို unfollow လုပ်ပစ်လိုက်ခဲ့တာပဲဖြစ်ပါတော့တယ်။

ဒီလို unfollow လုပ်လိုက်တဲ့အပေါ်Tana Mongeau ကတော့ ဝမ်းလည်းဝမ်းနည်း၊ မကျေလည်း မကျေနပ်နိုင်တာကြောင့် YouTuber ပီပီပဲ YouTube မှာ ၁၅ မိနစ်စာဗီဒီယိုတင်ကာ Billie ကို တောင်းပန်ခဲ့ပါတော့တယ်။ Billie ဆိုတဲ့ ချာတိတ်မလေးက အမြဲတမ်းလူတွေကို unfollow လုပ်လိုက် ပြီးရင်ပြန် follow လိုက်နဲ့မလို့ အခုTana Mongeauကိုလည်း ပြန်များ follow လုပ်ဦးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါပဲ။

Penny

SHARE