လူကြီးပုံတွေနဲ့ ဗီဒီယိုတွေကို ရောင်းချတော့မယ်လို့ ဖွင့်ဟခဲ့တဲ့ Influencer ကောင်မလေး

[email protected]

Youtube Influencer တစ်ဦးဖြစ်တဲ့ Tana Mongeau လို့အမည်ရတဲ့ ကောင်မလေးတစ်ယောက်ဟာ လက်ရှိမှာတော့ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော် hot နေပါတယ်။ ဒီလို hot ရတဲ့ အကြောင်းအရင်းကလည်း ရှိပါတယ်။ အဲဒါကတော့ Tana ဟာ သူ့ပရိသတ်တွေချည်းပဲပါဝင်မယ့် onlyfans အကောင့်တစ်ခု ဖွင့်ဖို့ဖြစ်ပြီး အဲဒီမှာ သူမရဲ့ ဝတ်လစ်စလစ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရောင်းချဖို့ဖြစ်ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

found some old pics of carole baskin

A post shared by Ashly Schwan (@ashlyschwan) on

Tana ဟာ  လက်ရှိ သူမရဲ့ Instagram အကောင့်မှာ Follower ၆သန်းနီးပါးရှိပြီး Youtube Influencer တွေထဲမှာ တော်တော်လှပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်လဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အချိုးအစားကတော့ ပုရိသယောက်ျားတွေအကြိုက်လဲ ဖြစ်တဲ့အပြင် ရုပ်ကလေးကလည်း အရုပ်မလေးတစ်ရုပ်လို ချောမောလှပတဲ့ ပုံစံလေးလဲ ရှိပါတယ်။

လက်ရှိသူဖွဲ့မယ့် ဆိုရှယ်မီဒီယာ group ထဲမှာ သူမရဲ့ ဝတ်စလစ်ပုံတွေကို ရောင်းဖို့ ဈေးကိုလည်း တရားဝင်ထုတ်ပြန်ခဲ့ပါသေးတယ်။ အဲဒါကတော့ ဗီဒီယိုဆိုရင် ၇၄ ဒေါ်လာ၊ ဓာတ်ပုံနဲ့ ဗီဒီယိုဆိုရင် ၁၅၄ ဒေါ်လာ အစရှိသဖြင့် ဈေးသတ်မှတ်ထားပါတယ်။

“ဒီဟာကလဲ စီးပွားရေးတစ်ခုပါပဲ။ ကောင်းတယ် မကောင်းဘူးဆိုတာာ လူတွေ ဆုံးဖြတ်ပေးစရာမလိုပါဘူး။ ကျွန်မပုံတွေကို ကျွန်မဘာသာ ကျေနပ်လို့ ကျွန်မရောင်းတာပါ။ ကျိန်းသေတာကတော့ ကုန်ကျတဲ့ စရိတ်နဲ့ ပြန်ရတဲ့ ပုံတွေ၊ ဗီဒီယိုတွေက တန်မှာပါပဲ” လို့ Tana က ပြောကြားခဲ့ပါတယ်။

READ
(၁၀)နှစ်ကြာ တရိုတသေသိမ်းဆည်းထားတဲ့ နှင်းခဲကြီးကို eBay မှာ တင်ပြီးရောင်းချခဲ့သူ

Pyi Hein Kyaw

SHARE