ဧရာမပင့်ကူကြီးကို အနိုင်တိုက်ခိုက်နိုင်ခဲ့တဲ့ နကျယ်ကောင်လေးရဲ့ဗီဒီယိုဖိုင်

Twitter / @Rlddock_

နကျယ်ကောင်တွေဟာ အင်းဆက်တွေထဲမှာတော့ ဗိုလ်မထားဘူးဆိုတဲ့ ဒိတ်ဒိတ်ကြဲတိုက်ခိုက်ရေးသမားတွေထဲမှာ ပါဝင်ပါတယ်။ နကျယ်ကောင် မျိုးစိတ်များစွာ ရှိတဲ့အနက် Tarantula Hawk ဟာ အတော်လေး နာမည်ကြီးပါတယ်။ ဧရာမ Tarantula ပင့်ကူကြီးတွေကိုမှ ရွေးချယ်တိုက်ခိုက်ပြီး၊ အစာအဖြစ် သိမ်းပိုက်တတ်လို့ ဒီနာမည် ရထားတာပါ။

အခုလည်း Reddit ပေါ်မှာ Tarantula Hawk တစ်ကောင်ရဲ့ တိုက်ခိုက်မှုဓာတ်ပုံတွေဟာ ပျံ့နှံ့နေပါတယ်။ ဒီဓာတ်ပုံတွေကို သြစတေးလျ၊ ဆစ်ဒနေ ဒေသခံတစ်ဦးက မှတ်တမ်းတင်နိုင်ခဲ့တာပါ။ သူရဲ့စာညွှန်းကတော့ “ အလုပ်ကနေ အိမ်ပြန်ရောက်ရောက်ချင်း Tarantula Hawk တစ်ကောင်က Huntsman ပင့်ကူကြီးကို မနိုင်မနင်း သယ်သွားနေတာ”လို့ ရေးထားပါတယ်။

ဒီတော့ ဒီနကျယ်ကောင်လေးဟာ သူရဲ့ နာမည်နဲ့ အလွန်လိုက်ဖက်စာ ပနံသင့်နေတယ်ဆိုတာ ငြင်းချက်ထုတ်စရာ မရှိပါဘူး။ ဒါပေမယ့် ပင့်ကူနဲ့ပင့်ကူအဆိပ်လောက်သာ ကြောက်ရကောင်းမှန်းသိတဲ့ သူတွေအဖို့တော့ နကျယ်ကောင်ဟာ ဘယ်လိုကြောက်စရာကောင်းသလဲဆိုတာ စဉ်းစားမိစေမှာပါ။

နကျယ်ကောင်ဟာ အဆိပ်ပြင်းတဲ့ အင်းဆက်တွေထဲမှာလည်း ထိပ်သီးက ပါဝင်ပြီး။ သူတို့ဟာ ပြင်းထန်လွန်းတဲ့အဆိပ်ကို အမြဲလိုလို ထုတ်သုံးလေ့ရှိတာတော့ မဟုတ်ပါဘူး။ သူတို့ကို နှောက်ယှက်ရင်တော့ ဝှက်ဖဲအဖြစ်ထားတဲ့ အဆိပ်ကို ထုတ်သုံးတတ်ပြီး၊ တော်ရုံလူကတော့ မူးမေ့သွားစေနိုင်ပါတယ်။

ဒေါက်တာ Justin Schmidt ကတော့ နကျယ်ကောင်တွေရဲ့အဆိပ်ကို အင်းဆက်တွေထဲမှာ အဆင့်(၄)အဖြစ် သတ်မှတ်ထားပြီး၊ နံပတ်(၁)နေရာကတော့ အများထင်မှတ်မထားတဲ့ Bullet Ant (ပုရွက်ဆိတ်)က ရပ်တည်နေပါတယ်။ နကျယ်ကောင်ရဲ့အဆိပ်က လူရဲ့ခန္ဓာကိုယ်အတွင်းမှာ သုံးမိနစ်လေးမိနစ်လောက်သာ ကြာသော်လည်း၊ နောက်ဆို နကျယ်ကောင်ကို ဝေးဝေးရှောင်တော့မယ်ဆိုတဲ့အတွေးကိုတောင် တွေးမိစေမှာပါ။

တကယ်တော့ Tarantula Hawk တွေဟာ Vegan (သက်သတ်လွတ်သမား)တွေပါ။ သူတို့ဟာ ပျားတွေလိုပဲ ပန်းပွင့်တွေကို အစားအစာအဖြစ် မှီဝဲကြပါတယ်။ သို့ပေမယ့် ရန်လိုတိုက်ခိုက်တဲ့အခါမှာ ဘယ်တုန်းကမှ တစ်ဖက်သားကို ညှာတာခြင်း၊ ကြောက်ရွံ့ခြင်း လုံးဝအလျှင်းမရှိပါဘူး။

လင်းသုတ

SHARE