လက်တလော လူမှုကွန်ယ်ကတွေမှာ တော်တော်လေးကို နာမည်ကြီးနေတဲ့ ဗီဒီယိုတစ်ခုရှိနေပါတယ်။ အဲဒါကတော့ mukbanger တစ်ယောက်ဖြစ်တဲ့ Tasty Hoon ရဲ့ ဗီဒီယိုလေးပါ။ သူ့ရဲ့ “ချိစ့်ပျံ” ဆိုတဲ့ ဗီဒီယိုလေးကြောင့် Hoon ဟာ subscriber ပေါင်း 18.5K တောင်ရှိလာခဲ့တာပါ။

တောင်ကိုရီးယား mukbanger Hoon ဟာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်အတွင်းက ဗီဒီယိုတစ်ခုကို YouTube ပေါ်မှာ တင်လာခဲ့ပါတယ်။ အဲဒီနေ့က စားပြမယ့် menu ကတော့ ကြက်ကြော်ရယ်၊ ၀က်အူချောင်းတွေရယ်၊ နောက် ချိစ့်အလုံးလေးတွေရယ်ပါ။ နောက် ထူးထူးဆန်းဆန်းတစ်ခုကတော့ ချိစ့်အနှစ်တွေပါပဲ။
ချိစ့်အနှစ်တွေကို ဒလက်လိုစုံလည်တဲ့ စက်ထဲကိုထည့်ပြီးတော့ လှည့်ထားခဲ့ပြီး ကြက်ကြောနဲ့ ပတ်စားမယ်ပေါ့လေ။ ဒါပေမဲ့ အဲဒီအချိန် ရုတ်တရက်ဆိုသလိုပဲ ကိစ္စတစ်ခုဖြစ်သွားခဲ့ပါတယ်။ ချိစ့်တွေထည့်ထားတဲ့ ဒလက်ကြီးက ရုတ်တရက်ထပြီးတော့ ဆုံလည်ပြုတ်သွားသလို ဖြစ်လာခဲ့တာပါ။ နောက်တော့ တဖြေးဖြေးချင်း အလည်အူတိုင်ကြီးကအပေါ်ကို တက်တက်လာပြီး ချိစ့်တွေကလည်း အထဲမှာမဟုတ်ဘဲ ဘေးတွေကိုပျံ့လာခဲ့ပြီး လျှောက်လည်ကုန်ပါတယ်။
Literally 2020 in a summary. Thank you Tasty Hoon for this! pic.twitter.com/vs5sbSUOgQ
— GSC (@GSCinemas) October 30, 2020
Literally 2020 in a summary. Thank you Tasty Hoon for this! pic.twitter.com/vs5sbSUOgQ
— GSC (@GSCinemas) October 30, 2020
မသိရင် ချိစ့်ပျံကြီးတွေကျနေတာပဲ။ Hoon တစ်ယောက်လည်း ဘာလုပ်လို့လပ်ရမှန်းမသိတော့ဘဲနဲ့ စိတ်တွေညစ်ကာ ချိစ့်တွေကလည်းတစ်ခန်းကို လျှောက်ပေကျံကုန်ပါတော့တယ်။ နောက်ဆုံး ဆုံလည်ကြီးရပ်သွားတဲ့အချိန်ကျကာမှ Honn လေးတစ်ယောက်လည်း သက်ပြင်းချပြီးတော့ ကျန်တဲ့ ချိစ့်လေးတွေကို ကြက်သားမှာ ပတ်ပြီးစားရတေ့တာပါ။
Twitter မှာတော့ Hoon ကို “Cheeseman”ဆိုပြီး လူတွေက ပြောနေကြတဲ့အပြင်ကိုမှ YouTube မှာလည်း သူ့ကို အးပေးမှုတွေ တော်တော်ကြမ်းနေခဲ့ပါပြီ။ ဒါကတော့ ဗီဒီယိုလေးပါ။ ချိစ့်ပျံတွေနဲ့ ဘယ်လောက်တောင် ဒုက္ခများနေသလဲ ကြည့်လိုက်ကြပါဦး။
i can’t stop watching this… the oblivion to the chaos that’s about to ensue… the initial attempt to get things under control… then surrendering to the helicopter cheese and crying… i see myself in tasty hoon… https://t.co/UeMD5pZ6l5
— stella✨ (@stellllaaarrr) October 30, 2020
penny