တက္ကစီငှားစီးတဲ့သူတွေ မကြားချင်ဆုံးစကား(၄)ခွန်း

NoPainNoGain/Shutterstock

တက္ကစီ စီးတယ်ဆိုတာ ဒီနေ့ခေတ်မှာတော့ လူတန်းစားမရွေး ပါပဲ။ အရေးကြီးတဲ့အခြေအနေမို့လို့၊ မြန်မြန်ရောက်ချင်လို့၊ မိုးရွာနေလို့ စတဲ့…အကြောင်းပြချက်မျိုးစုံနဲ့ လူတိုင်းက တက္ကစီ စီးတတ်ကြပါတယ်။ တစ်ခါတလေ ကိုယ်က မြန်ချင်လို့စီးကာမှ လမ်းမသိတဲ့ တက္ကစီသမားတွေ၊ တစ်ခါတစ်လေလည်း ကိုယ့်အပေါ် မကောင်းကြံဖို့ ကြိုးစားကြတဲ့ တက္ကစီသမားတွေနဲ့ ကြုံရပြီး စိတ်ရှုပ်ရ၊ ဒုက္ခရောက်ကြရပါသေးတယ်။

များသောအားဖြင့် တက္ကစီ စီးတဲ့ ခရီးသည်တွေအနေနဲ့ တက္ကစီ သမားတွေဆီကနေ မကြားချင်ဆုံး စကား(၃)ခွန်းရှိပါသတဲ့။ အဲဒီစကားတွေကိုကြားရင် လုံးဝကို စိတ်ပျက်သွားကြတာမျိုး၊ စိတ်ရှုပ်သွားကြတာမျိုးပေါ့။ ဘယ်လိုစကားတွေလဲသိလား။

(၁)။ “အဲဒီဖက် လမ်းမကြုံလို့”

လမ်းမကြုံဘူးလို့ ပြောရအောင် ကိုယ်တွေက လမ်းကြုံလိုက်စီးနေတာလည်းမဟုတ်။ တကယ်ဆို ကိုယ်က ကားသိမ်းတော့မယ်ဆိုရင် ကားသိမ်းတော့မယ့်အကြောင်းနဲ့ အပြန်လမ်းနဲ့မကိုက်ဘူးဆိုတဲ့ အကြောင်းကို အေးအေးဆေးဆေးပြောပြသင့်တာပါ။ အဲလိုမဟုတ်ပဲ လမ်းမကြုံလို့ မလိုက်ဘူးဆိုတာကြီးကတော့ ခရီးသည်ကို အောင့်သက်သက်ဖြစ်သွားစေမှာ အမှန်ပါပဲ။

READ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် ဂျပန်လူမျိုးတို့ရဲ့ ရိုးရှင်းတဲ့အသက်ရှူနည်း
noina/Shutterstock

(၂)။ “ဆီဈေးတွေတက်နေလို့”

တက္ကစီမောင်းတဲ့သူတွေဆီက အဲဒီစကားကြားပြီဆိုရင် သေချာတယ်၊ သူတို့က ပုံမှန်သွားနေကျ ဈေးနှုန်းထက် ပိုတောင်းတော့မှာပါ။ သူတို့ရဲ့အကြောင်းပြချက်က အဲဒါပါပဲ။ ဆီဈေးတက်တယ်ဆိုတာကတော့ လက်ခံပါတယ်။ ဒါပေမယ့် ဆီဈေးတစ်ခုတည်းတင် တက်တာမှမဟုတ်တာ။ ကျန်တာတွေလည်း အကုန်ဈေးတွေတက်နေတာပဲလေ။ အဲဒီတော့ “ဆီဈေးတက်နေလို့ နည်းနည်းပိုပေးပါ”လို့ပြောရင် ကျွန်တော်တို့လည်း “မီတာခတွေဈေးတက်နေလို့ နည်းနည်းလျော့ပါဦး” ဆိုပြီး ဈေးဆစ်ရင်ကောင်းမလား။

NothingIsEverything/Shutterstock

(၃)။ “ဘယ်လောက်ပေးမလဲ”

“ဘယ်လောက်ပေးမလဲ” လို့ ပြောတဲ့ တက္ကစီသမားတွေထဲက အများစုဟာ သူတို့ သွားရမယ့်အကွာအဝေးနဲ့ ဘယ်လောက်တောင်းရမယ်ဆိုတာ မသိတာကြောင့် အဲဒီလို ပြောကြတာပါ။ တကယ်လို့ ကိုယ်က သွားနေကြဖြစ်ပြီး ကိုယ်သွားနေကြဈေးကို ပြောလိုက်ရင်လည်း သူတို့က အဲဒီထက် (၁၀၀၀)လောက်တော့ ပိုတောင်းကြတာပါ။ ဒီတော့ “ဘယ်လောက်ပေးမလဲ” ဆိုတဲ့ မေးခွန်းကိုကြားလိုက်တာနဲ့ ပုံမှန်ဈေးထက် (၁၀၀၀)လောက်လျော့ပြီးသာ ပြောလိုက်ပါ။ ဒီတော့ သူတို့ ပိုတောင်းမှာနဲ့ဆို ကွက်တိပါပဲ။

READ
ပါရီဖက်ရှင်ပွဲမှာ မော်ဒယ်တွေဝတ်စားပြခဲ့ကြတဲ့ နောက်ဆုံးပေါ်ရေပုံးဖက်ရှင်

(၄)။ “လမ်းကြုံတင်မယ်နော်”

တက္ကစီစီးတယ်ဆိုတာ သီးသန့်ဆန်ချင်လို့၊ မြန်မြန်ရောက်ချင်လို့ စီးကြတာပါ။ ဒီလိုမှမဟုတ်ပဲ လမ်းကြုံတွေတင် နောက်မှလိုက်တဲ့သူကို အရင်ဝင်ပို့၊ ကိုယ်နဲ့မသိတဲ့ သူစိမ်းတွေဟာ အန္တရာယ်ပေးမလားမသိဘူးဆိုတဲ့ စိတ်နဲ့ စီးလာရ။ ဒီလို ဒုက္ခတွေကြောင့် တက္ကစီ စီးသူတွေဟာ “လမ်းကြုံတင်မယ်နော်” ဆိုတဲ့ စကားကို ကြောက်တတ်ကြပါတယ်။ ကိုယ်သွားချင်တဲ့နေရာကို တိုက်ရိုက်မသွားပဲ ဟိုနားဝင် ဒီနားဝင်လုပ်နေမှတော့ လိုင်းကားပဲစီးတော့မှာပေါ့။ တက္ကစီ ဘယ်စီးတော့မလဲလေ နော်…။

GaudiLab/Shutterstock

Linn

SHARE